Chapter 44

23.5K 4K 710
                                    

Zawgyi

နည်းနည်းပါးပါးထိန်းသိမ်းရမယ်

အလုပ်မရှုပ်ပါဘူး...

ကုဝေရဲ့ အလုပ်စွဲလမ်းနေတဲ့ အမူအကျင့်တွေနဲ့ ပတ်သတ်ပြီး လင်းလီမှာ အတွေ့အကြုံ အပြည့်ရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ ဒီစကားတွေ ကြားလိုက်ရတော့ သူ့နားက ကောင်းကောင်း အလုပ်မလုပ်တော့ဘူးလားလို့တောင် သံသယဝင်မိသေးတယ်။ အလုပ်စွဲလမ်းနေတဲ့လူက အလုပ်လုပ်နေရင်းတန်းလန်း ဒီလိုစကားမျိုး ပြောရလောက်အောင်ထိ Mr.ကုနဲ့ Mr.ယွီရဲ့ ဆက်ဆံရေးက အရမ်းကောင်းတာပဲ ဖြစ်ရမယ်။

ကံအားလျော်စွာပဲ ကောရှီက လိုအပ်တာထက်ပိုပြီး ဘာမှမလုပ်ခဲ့လို့ တော်သေးတယ်။ မဟုတ်ရင် ဒါကအရမ်းကို ရှက်စရာကောင်းနေမှာ။ ပြီးတော့ omegaတစ်ယောက်က alphaတစ်ယောက်ကို ထိုalphaကို ပိုင်ဆိုင်တဲ့ omegaရဲ့ နှာခေါင်းအောက်မှာတင် pheromoneတွေနဲ့ သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားတာက တကယ့်ကို အရှက်ရစရာပဲ။ ကောရှီကို ထိုနေရာမှာတင် ပညာမပြလိုက်တာက Mr.ယွီဟာ တော်တော်လေးကို စိတ်သဘောထားကောင်းလို့ပဲ ဖြစ်ရမယ်။

ကုဝေက အချိန်တစ်ခု ကြာတဲ့အထိ ဖုန်းပြောလို့ မပြီးသေးတော့ လင်းလီက ကောရှီဆီကို တိတ်တဆိတ် မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်တယ်။

လင်းလီ : မင်းမှန်တယ် Mr.ကုနဲ့ အတူပါလာတဲ့ omegaက Mr.ကုရဲ့ လက်တွဲဖော်ပဲ

ကောရှီ : တွေ့လား ကျွန်တော်ပြောသားပဲ!

လင်းလီ : အခုချိန်ကစပြီး စာပဲကြိုးစားတော့ ဘာအလုပ်မှ မလုပ်ဘဲ ချမ်းသာတဲ့ alphaတစ်ယောက်ကို လက်ထပ်မယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်လိုက်

ကောရှီ : ကျွန်တော်လည်း အဲ့လိုလုပ်ချင်တာပေါ့ ဒါပေမယ့် အိမ်ကလူကြီးတွေက ဒါကို ဘယ်တော့မှ နားလည်လာမှာ မဟုတ်ဘူး

လင်းလီက နှာမှုတ်လိုက်ပြီး ငါက ဒီလိုအကြောင်းအရာတွေမှာ မင်းထက်တောင် ပိုပြီးအတွေ့အကြုံ ရှိသေးတယ်။
(လင်းလီရဲ့ မိသားစုကလည်း ငယ်ငယ်ကတည်းက လင်းလီကို ချမ်းသာတဲ့လူကိုရွေးပြီး လက်ထပ်ခိုင်းပါတယ်တဲ့)

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now