Chapter 63

21.3K 3.4K 474
                                    

Zawgyi

လုမိသားစုရဲ့မွေးနေ့ပွဲ

စဦးပိုင်း heatကာလဟာ omegaတွေကို အရင်ကထက်ပိုပြီး ဆတ်ဆတ်ထိမခံနိုင် ဖြစ်စေတတ်တယ်။ ဒါပေမယ့် omegaရဲ့အနားမှာ သူ/သူမရဲ့ alphaရှိနေခဲ့ရင်တော့ သူ/သူမရဲ့ နေ့စဉ်ဘဝမှာ အကျိုးသက်ရောက်မှု နည်းလိမ့်မယ်။

နန်းဝမ်ရှန်းအိမ်ရဲ့ ဒုတိယထပ် အိပ်ခန်းကျယ်ကြီးထဲက စားပွဲပေါ်မှာရှိနေတဲ့ ဖိတ်စာကိုကြည့်ရင်း သွားရမလား မသွားရဘူးလားဆိုတာ ကုဝေ ချီတုံချီချ ဖြစ်နေမိတယ်။

သူယွီဖေးကို အိမ်မှာတစ်ယောက်တည်း မထားခဲ့နိုင်ဘူး။ ဒါပေမယ့် ဧည့်ခံပွဲကို ခေါ်သွားရင်လည်း ယွီဖေးမှာ မလိုလားအပ်တဲ့ မတော်တဆမှုတွေ ကြုံလာမှာကိုလည်း သူစိုးရိမ်မိနေတယ်။

တိုက်ဆိုင်စွာနဲ့ပဲ ယွီဖေးကလည်း စာကြည့်ခန်းထဲက ထွက်လာပြီး အိပ်ခန်းကျယ်ကြီးထဲကို ဝင်လာတာကြောင့် ကုဝေ ထိုကောင်လေးကို သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းပွေ့ဖက်လိုက်တယ်။

ယွီဖေးကလည်း အသာတကြည်နဲ့ပဲ ကုဝေရဲ့ပေါင်ပေါ် ထိုင်ချလိုက်ပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်ကြတယ်။

ကုဝေက သူ့နားရွက်ဖျားလေးကို ဖွဖွလေး ကိုက်လိုက်ပြီး တိုးတိုးတိတ်တိတ် မေးလာတယ် : "မနက်ဖြန် အပြင်သွားချင်လား? ကိုယ်တို့ဆီကို မွေးနေ့ဖိတ်စာတစ်စောင် ရောက်နေတယ်"

"ကျွန်တော်တို့ဆီကိုလား?"
ယွီဖေးက အနည်းငယ် အံ့ဩသွားခဲ့တယ် : "ကျွန်တော်လည်း အဖိတ်ခံရတာလား?"

"အင်း"

မွေးနေ့ပွဲဟာ လုမိသားစုက အဖိုးလုရဲ့ မွေးနေ့အတွက်ဖြစ်ပြီး ဖိတ်စာပေါ်မှာတော့ ကုဝေနဲ့ ယွီဖေးတို့ရဲ့ နာမည်တွေကို ရေးထားလေတယ်။

ယွီဖေးက ဖိတ်စာကိုယူကာ ဖတ်ကြည့်လိုက်ပြီးနောက် ကုဝေကို မေးလိုက်တယ် : "လုမိသားစုက ဘယ်သူတွေလဲ?"

ကုဝေ : "သူတို့က ကုမိသားစုရဲ့ စီးပွားရေးမိတ်ဖက်တွေ မိသားစုနှစ်ခုက အလုပ်တွေ တွဲလုပ်လာခဲ့တာ နှစ်အတော်ကြာနေပြီ ဒါကြောင့် မွေးနေ့ပွဲမှာ ကုမိသားစုဝင်တွေလည်း တော်တော်များများ ရှိနေကြလိမ့်မယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now