Chapter 02

29K 4.4K 644
                                    

Zawgyi

ပျော်ရွှင်ခြင်းရဲ့အရသာ

တကယ့်ကမ္ဘာမှာ ယွီဖေးဟာ ညအိပ်ချိန်တွေကို သူ့ရဲ့အကြွေးတွေကိုဆပ်ဖို့ အလုပ်တွေလုပ်ရင်းနဲ့ပဲ ကုန်ဆုံးခဲ့ရတယ်။ သူဟာတစ်ရက်ကို အိပ်ချိန်၃နာရီအောက်ပဲ ရတာကြောင့် လွန်ခဲ့တဲ့၂ပတ်က သူရုတ်တရက် သေဆုံးသွားပြီး စာအုပ်ထဲကို ကူးပြောင်းလာခဲ့ရတာ။

အစကတော့ ယွီဖေးက သူအသက်ရှင်နေထိုင်ဖို့ ဒုတိယအခွင့်အရေး ရပြီဆိုပြီး ပျော်နေခဲ့တာ။  ဒါပေမယ့် အစာအိမ်ရောဂါက ပြန်ဖြစ်လာတာကြောင့် ယွီဖေးက စိတ်ဓာတ်ကျသွားပြီး အရင်ဘဝက သူ့ရဲ့အလုပ်အလွံအကျွံ လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဖျားနာမှုက ဒီစာအုပ်ထဲက ကမ္ဘာထိ လိုက်ပါလာတာကို သူလက်ခံလိုက်ရတော့တယ်။

ဒါကြောင့်မို့ ယွီဖေးက သူ့ကျန်းမာရေးကို စတင်ပြီး ပုံမှန်ဂရုစိုက်တော့တယ်။

သူ့ရဲ့ခြေထောက်တွေကို ဆေးကြောပြီးတဲ့နောက် ည၁၀နာရီမှာ သူအိပ်ရာဝင်ခဲ့တယ်။ ဂိမ်းကစားရင်း ဒေါသထွက်နေကြတဲ့ သူ့အခန်းဖော်တွေရဲ့ ကီးဘုတ်ရိုက်သံ တဂျောင်းဂျောင်းကြားမှာ သူငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ခဲ့တယ်။ ပြီးတော့ နောက်နေ့မနက်၆နာရီမှာ သူအချိန်မှန် နိုးလာခဲ့တယ်။ သူ့အခန်းဖော်တွေကတော့ မထနိုင်ကြသေးဘူး။ ယွီဖေးက ရိုးရိုးရှင်းရှင်းပဲ သန့်ရှင်းလိုက်ပြီး မနက်စာစားဖို့ အဆောင်အောက်ကို ဆင်းလာလိုက်တယ်။

လမ်းလျှောက်ခြင်း၊ အနားယူခြင်းဆိုတဲ့ ကျန်းမာရေး အလေ့အကျင့်တွေပြီးရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားဖို့လည်း လိုသေးတယ်။ မနက်စောစော၆နာရီမှာ ကန်တင်းဆိုင်မှာ မနက်စာစားနေတဲ့ လူအနည်းငယ်သာရှိတယ်။ ဒီABOကမ္ဘာမှာလည်း အခုခေတ် ကောလိပ်ကျောင်းသားတွေက စောစောမအိပ်ကြသလို စောစောလည်း မထနိုင်ကြဘူး။ သေချာတာပေါ့ ယွီဖေးလို ကျန်းမာရေးအသိရှိကြတဲ့ ကျောင်းသားအနည်းငယ်လည်း ရှိသေးကြောင်းကို အခုပဲ ကန်တင်းဆိုင်က နေရာတချို့မှာ တွေ့မြင်နေရတယ်လေ။ သူတို့တွေက မနက်ခင်းစောစောစီးစီး လေကောင်းလေသန့်ကို ရှူရှိုက်ပြီး ပြုံးရွှင်နေကြကာ နံရံပေါ်က TVမှာလာတဲ့ သတင်းတွေကို ကြည့်ရင်း မနက်စာစားနေကြတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now