Chapter 30

6.6K 1.8K 189
                                    

Zawgyi

ကျွန်တော်ကBeta

ယွီဖေး တစ်ဖန်ပြန်နိုးလာတော့ နောက်တစ်နေ့တောင် ရောက်နေပြီ။

ပြတင်းပေါက်မှာ လိုက်ကာတွေ ချထားပေမယ့် နေရောင်ခြည် အလင်းတန်းလေးတွေက အကြိုအကြားကဖြတ်ပြီး အခန်းထဲ ဝင်ရောက်လာလေတယ်။

သူမျက်လုံးတွေ ဖွင့်လိုက်ပေမယ့် သူ့စိတ်တွေကတော့ အခုထိ ရှုပ်ထွေးနေတုန်းပဲ။ ပြီးတော့ သူလုံးဝ နိုးနိုးကြားကြား ပြန်ဖြစ်ဖို့ အချိန်အနည်းငယ်လောက် ယူလိုက်ရတယ်။ ဒါပေမယ့်သူ တစ်ခုခုက မှားနေတယ်လို့ ခံစားနေရတုန်းပဲ။

သစ်ပင်အမြစ်တွေက သူ့ခါးကို လာရစ်တွယ်နေသလိုပဲ။ ယွီဖေး စောင်ကိုလှန်ပြီး ကြည့်လိုက်တော့ သစ်ပင်အမြစ်တွေက လူတစ်ယောက်ရဲ့ လက်တွေဖြစ်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

ဒါကိုသတိထားမိပြီး ယွီဖေးက ခေါင်းလှည့်ကြည့်လိုက်တော့ ကုဝေရဲ့ ခန့်ညားချောမောတဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်းကြီး အနီးကပ် တွေ့မြင်လိုက်ရလေတယ်။

ဘာတွေဖြစ်သွားတာလဲ? ကုဝေကဘာလို့ ဒီနားလေး လာအိပ်နေရတာလဲ?

နောက်ဆုံးတော့ မနေ့ညက မှတ်ဉာဏ်တွေက တဖြည်းဖြည်းချင်း ပြန်လည်ဝင်ရောက်လာတော့တယ်။ ယွီဖေးက မျက်နှာကြက်ကို ငေးကြည့်နေရင်းနဲ့ မျက်တောင်ခတ်လိုက်တယ်။ အဖျားက အရမ်းကြီးသွားတာမလား? သူကအခုထိ အသက်ရှင်နေသေးတယ်ပေါ့?

လက်မောင်းထဲကလူရဲ့ လှုပ်စိလှုပ်စိ ဖြစ်နေမှုကို ခံစားမိတော့ ကုဝေက မျက်မှောင်ကြုပ်လိုက်ပြီး သဘာဝကျကျပဲ သူ့လက်မောင်းထဲကလူကို ပိုပြီးတင်းတင်းကြပ်ကြပ် ဖက်ပစ်လိုက်တယ်။ ယွီဖေးက ဒါကိုသတိထားမိပြီး ခေါင်းလှည့်လိုက်တော့ သူ့ဘေးကကုဝေနဲ့ အကြည့်ချင်းဆုံသွားခဲ့တယ်။

"နိုးပြီလား?"

အခုမှ အိပ်ရာနိုးတာကြောင့်ထင်တယ် ကုဝေရဲ့ အသံက နိမ့်နိမ့်လေးနဲ့ အက်ရှရှလေး ဖြစ်နေတုန်းပဲ။

သူ့မျက်နှာက ထပ်ပြီးပူလာပြန်တာကို ခံစားမိတော့ ယွီဖေးက မျက်နှာလွှဲလိုက်ကာ မျက်နှာကြက်ကို ကြည့်နေရင်း တောင့်တောင့်ကြီး ခေါင်းညိမ့်လိုက်တယ် : "မနေ့ညကခင်ဗျား ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့တာလား? ကံကောင်းလို့ပေါ့ ဘာကြောင့် ရုတ်တရက် အဖျားဝင်သွားရတာလဲဆိုတာ ကျွန်တော်မသိဘူး"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now