Chapter 58

21.4K 3.7K 281
                                    

Zawgyi

ရေကူးကန်

ုညစာစားပွဲဟာ အရမ်းကို တိတ်ဆိတ်လွန်းနေတာကြောင့် ယွီဖေးက စကားစရှာဖို့ ကြိုးစားလိုက်ပြီး ရုတ်တရက် သူမနက်က တွေ့ခဲ့တဲ့ သတင်းကို သတိရသွားကာ ကုဝေကို မေးလိုက်တယ် : "အင်တာနက်ပေါ်မှာ ကျွန်တော့်အကြောင်း သတင်းတွေ တွေ့လိုက်တယ် ဘယ်လိုဖြစ်တာလဲ? ကုအုပ်စုမှာ တစ်ခုခု ဖြစ်သွားလို့လား?"

မမျှော်လင့်ထားစွာပဲ ကောင်လေးက ဒီအကြောင်းတွေ မေးလာတယ်။ ကုဝေရဲ့ လှုပ်ရှားနေတဲ့တူက ရပ်တန့်သွားပြီးနောက် ပြန်ဖြေလာတယ် : "ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး စိုးရိမ်မနေပါနဲ့"

ယွီဖေး အက်စီးဒင့် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာစေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးထားပြီးသား။ ကုဝေ betaတစ်ယောက်နဲ့ လက်ထပ်လိုက်တာက လူထုရဲ့ အမြင်အာရုံကို ပြောင်းလဲသွားစေတာကြောင့် ထိုလူတွေက ကုအုပ်စုကို ပျက်စီးသွားစေချင်တဲ့အထိ မုန်းတီးနေခဲ့တာ။ သူတို့က ကုထျန်းရှန်းကို ရှာမတွေ့တာကြောင့် သူတို့ရဲ့ မကျေနပ်မှုတွေကို ကုထျန်းရှန်းဆီကနေ ကုဝေဆီကို ပုံချလိုက်ကြတယ်။ ကုအုပ်စုက နစ်နာကြေးပေးထားတဲ့ လျော်ကြေးငွေတွေနဲ့ သူတို့ဟာ ကုအုပ်စုရဲ့ လုံခြုံရေး အစောင့်တွေကို ငွေပုံပေးပြီး ကုဝေကို ထိခိုက်စေချင်ခဲ့ကြတယ်။

ထိုငွေပုံပေးခံထားရတဲ့ လုံခြုံရေး အစောင့်တွေဟာ ကုမ္ပဏီမှာ ဝင်ထွက်သွားလာခွင့်ကို တင်းကြပ်စွာ ကန့်သတ်ထားပြီး ဥပဒေအရ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကို ကုအုပ်စုထဲ သယ်ဆောင်ခွင့် မရှိတာကြောင့် သူတို့တွေဟာ ကုဝေရဲ့ ကားကိုပဲ လုပ်ကြံနိုင်ကြတော့တယ်။

သူတို့တွေဟာ အက်စီးဒင့် မတိုင်မီက စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ဖျက်နိုင်ခဲ့သော်လည်း ကုအုပ်စုရဲ့ လုံခြုံရေး စနစ်ဟာ အကာအကွယ် ၂ထပ်ဖြစ်တာကြောင့် ကွန်ပျူတာခန်းက အရံဝန်ထမ်းက သက်သေဖြစ်တဲ့ ဖန်သားပြင်ပေါ်က မှတ်တမ်း အလွှာတွေကို ဖျက်နိုင်ခဲ့ပေမယ့်လည်း ထိုအခန်းထဲမှာ အခြားကင်မရာတွေ ရှိနေသေးကြောင်း မသိရှိခဲ့လေဘူး။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now