Chapter 38

23.8K 4.2K 756
                                    

Zawgyi

၁၀မိနစ်မပြည့်သေးဘူးလား?

နောက်ဆုံးစာမျက်နှာမှာ လက်မှတ်ထိုးထားတဲ့ နာမည်၂ခုကို ကြည့်လိုက်ပြီး ယွီဖေးက အသက်ပြင်းပြင်း တစ်ချက်ရှူကာ သူ့အတွက် စာချုပ်ကို ထုတ်ယူလိုက်ပြီးနောက် ဖိုင်ကိုပြန်ပိတ်လိုက်တယ်။

လက်မှတ်ထိုးပြီးမှတော့ နောင်တရမနေသင့်ဘူး အချိန်ဆက်ဆွဲထားလို့လည်း အချည်းအနှီးပဲ ပြတ်ပြတ်သားသား လုပ်လိုက်တာကမှ ယောက်ျားတစ်ယောက် အလုပ်လုပ်တဲ့ ပုံစံပဲ!

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူဘာကိုမှ လုပ်ချင်စိတ် မရှိသလို တစ်ခုခု လုပ်ဖို့အတွက် စိတ်အားတက်ကြွမှုလည်း မရှိဘူး။ ဒါပေမယ့်အခု ၁၀မိနစ်လောက် pheromoneတွေကို ထိန်းပြီးသွားတော့ အချိန်အကြာကြီး ဗိုက်ဆာလာသလို ခံစားလိုက်ရပြီး သူရင်ဆိုင်ဖို့ ပြဿနာ နောက်တစ်ခု ရှိနေသေးတာကိုလည်း သတိရသွားခဲ့တယ် : နောက်ဆုံးစာမေးပွဲ

အဆောင်group chatထဲမှာတော့ သူ့အခန်းဖော်တွေက သူ့ကိုဘာလို့ အခုထိ အတန်းလာမတက်သေးတာလဲလို့ မေးထားကြတယ်။

ယွီဖေးက စာပြန်လိုက်တယ် : ငါနေမကောင်းသေးလို့ တစ်လလောက် ခွင့်ယူထားတယ်

ကျောင်းချီ : မင်းကတကယ့်ကို omegaတစ်ယောက်လို အားနည်းနေတော့တာပဲ

ယွီဖေး : ...မင်း ထွက်သွားစမ်း

တစ်ခြားအခန်းဖော်များ : ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး

ယွီဖေး : အင်း

ယွီဖေးက အောက်ထပ်ဆင်းလိုက်ပြီး သူ့အတွက် ခေါက်ဆွဲတစ်ပန်းကန် ချက်ပြုတ်လိုက်တယ်။ ရိုးရိုးရှင်းရှင်း စားသောက်ပြီးသွားတဲ့ အခါမှာတော့ ယွီဖေးက စာဆက်လုပ်ဖို့ စာကြည့်ခန်းထဲကို ပြန်သွားလိုက်တယ်။

သူကျောင်းမသွားပေမယ့် အိမ်မှာစာလုပ်တာကလည်း စာကြိုးစားဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။ နောက်ဆုံးစာမေးပွဲ မရောက်ခင် ၂လလောက်တော့ လိုသေးပေမယ့် သူ့ရဲ့အခြေခံအရ စကော်လားရှစ်ရချင်ရင် အခုကတည်းက မရပ်မနား စာလုပ်မှ ရတော့မယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now