Chapter 34

22.6K 4.3K 463
                                    

Zawgyi

အတင်းအကြပ်အနမ်း

ထင်းရှူးနံ့က တဖြည်းဖြည်း ပိုပြီးပျံ့နှံ့လာတယ်။

ယွီဖေးက ကုဝေကို တူလှမ်းပေးလိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တယ် : "ခင်ဗျား အိမ်မှာနေလည်း ရေမွှေးဆွတ်တတ်တဲ့ အကျင့်ရှိတာလား?"

ကုဝေက တူတွေကို လှမ်းယူလိုက်ပြီး ယွီဖေးပြောလိုက်တဲ့ စကားကို နားမလည်တာကြောင့် : "ဟမ်?"

ယွီဖေးက သေမှာမကြောက်ဘဲ ကုဝေနားတိုးကာ ကုဝေရဲ့ လည်ပင်းနဲ့ ပုခုံးတွေကို တရှုံ့ရှုံ့နဲ့ အနံ့လိုက်ခံလိုက်ပြီး : "ထင်ရှူးနံ့လေ ခင်ဗျား ရေမွှေးထပ်ဆွတ်ထားတာပဲ"

ကုဝေက ရပ်တန့်သွားတယ်။

Alphaတွေက omegaရဲ့ ကိုယ်ပေါ်က pheromoneတွေကို အနံ့ခံကြတာကိုပဲ သူမြင်ဖူးတာ။ တစ်ယောက်ယောက်က alphaရဲ့ကိုယ်ပေါ် လာအနံ့ခံတာကို သူတစ်ခါမှ မတွေ့ဖူးဘူး။

ယွီဖေးက သူအနံ့ရနေတာကို သေချာအောင် လုပ်ပြီးသွားတော့ နောက်ပြန်ဆုတ်ဖို့ ပြင်လိုက်ပေမယ့် အနောက်ကနေ သူ့လည်ပင်းကို လှမ်းဆုပ်ကိုင်တာကို ခံလိုက်ရတယ်။

"Alphaတစ်ယောက်ကို ဒီလိုအပြုအမူမျိုး လာလုပ်တာက ဘာအဓိပ္ပါယ်လဲ ဆိုတာသိလား?"
ကုဝေရဲ့ အသံက တိုးလျနေတယ်။

ယွီဖေးကတော့ ဖြူစင်စွာနဲ့ ခေါင်းမော့ကာ ကုဝေကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာတော့ ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ : "ဘာလဲ?"

ကုဝေရဲ့ မျက်လုံးထဲမှာ မီးစလေး တောက်လောင်သွားပြီး : "သွေးဆောင်ဖျားယောင်းတာ"

ဒီစကားကို ပြောပြီးတာနဲ့ ကုဝေက ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းတွေကို ယွီဖေးရဲ့ နှုတ်ခမ်းတွေဆီ ဖိကပ်လိုက်တယ်။

ယွီဖေးရဲ့ မျက်ဝန်းတွေက ချက်ချင်းပဲ ပြူးကျယ်လာပြီး ရုန်းကန်ဖို့ ကြိုးစားတော့တယ်။ ဒါပေမယ့် သူ့လည်ပင်း အနောက်ကို ဖိကိုင်ထားတဲ့ လက်တစ်ဖက်က ရုန်းကန်နေတဲ့သူ့ကို တားထားတယ်။

သိသိသာသာကို ရှောင်တိမ်းနေတဲ့ ယွီဖေးကြောင့် ကုဝေက အသာလေး မျက်မှောင်ကြုပ်သွားပြီး နှုတ်ခမ်းတွေကိုဖွင့် သွားတွေကိုဟကာ ကိုက်ချလိုက်တော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now