Chapter 54

23.1K 4K 838
                                    

Zawgyi

ချစ်သူစုံတွဲအသစ်စက်စက်

မနက်ခင်းအစောကြီး ကုဝေရဲ့ အိပ်ခန်းကျယ်ကြီးထဲမှာ ယွီဖေးက လှဲလျောင်းနေပြီး မျက်နှာလေးတစ်ဝက်က ခေါင်းအုံးထဲ နစ်မြုပ်နေရင်း အိပ်ပျော်နေခဲ့တယ်။

သူ့အနောက်မှာတော့ ကုဝေက ငုတ်တုပ်ထိုင်ကာ ယွီဖေးကို ကြည့်နေလေတယ်။ ထို့နောက် သူ့လက်ထဲက ဘူးလေးကို ညှစ်လိုက်ပြီး အဖြူရောင် လိမ်းဆေးတစ်ချို့ကို သူ့လက်ချောင်းရှည်ရှည်တွေနဲ့ ယူလိုက်ကာ ယွီဖေးရဲ့ ပေါင်အတွင်းသားလေးတွေကို ညင်သာစွာ သုတ်လိမ်းပေးလိုက်တယ်။

လိမ်းဆေးတွေက အေးလို့လား ပေါင်အတွင်းသားတွေက မခံမရပ်နိုင်အောင် နာကျင်နေလို့လားတော့ မသိပေမယ့် ယွီဖေးခမျာ အိပ်ပျော်နေတာတောင် မျက်ခုံးတွေကို အသာလေး တွန့်ချိုးထားလေတယ်။

ယွီဖေးရဲ့ လှုပ်ရှားမှုကို သတိထားမိသွားတဲ့ alphaကြီးက ခေါင်းငုံ့လိုက်ပြီး ကောင်လေးရဲ့ မျက်ခုံးမွှေးနှစ်ခုကြားက နေရာလေးကို ဖွဖွလေး နမ်းလိုက်တယ်။ မကြာခင်မှာပဲ ယွီဖေးရဲ့ တွန့်ကွေးထားတဲ့ မျက်ခုံးအစုံဟာ ပြေကျသွားတော့တယ်။

"အိပ်တော့"

အထက်စီးဆန်တဲ့ ထင်းရှူးရနံ့တွေဟာ နူးညံ့သိမ်မွေ့လာပြီး အနီးဆုံးမှာရှိတဲ့ အိပ်ရာပေါ်က omegaလေးကို ထွေးပတ်ထားလိုက်တော့တယ်။

သန်မာတဲ့ လက်မောင်းတွေနဲ့ သူ့ရှေ့က အိပ်ပျော်နေတဲ့ လူသားလေးကို တင်းကြပ်စွာ ထွေးပွေ့လိုက်ပြီးနောက် ကုဝေက ခေါင်းငုံ့ကာ သူ့လက်မောင်းတွေ ကြားထဲက ကောင်လေးရဲ့ နားရွက်အနောက်နားကို အသာလေး ဖိကပ်နမ်းရှိုက်လိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်တော့တယ်။

ကိုယ်မင်းကို ဖမ်းမိပြီ။ Alphaရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ အထက်ကို အသာလေး ကွေးတက်သွားကြတော့တယ်။

အချစ်ဝတ္ထုတိုင်းကတော့ လူနှစ်ယောက်ဟာ တစ်ညတာကို အတူတူ ဖြတ်သန်းပြီးကြရင် ထာဝရ အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြရရောပဲ။

ဒါပေမယ့် လက်တွေ့ဘဝမှာ ယွီဖေးရဲ့ မျက်လုံးတွေ ပွင့်လာတော့ သူဒီအဖြစ်အပျက်တွေကို အခုထိ အိမ်မက်ဆန်တယ်လို့ ထင်နေတုန်းပဲ။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now