Chapter 10

26.1K 4.1K 61
                                    

Zawgyi

ကျောင်းပြန်တက်ခြင်း

သူ့ရဲ့နည်းနည်းလေး သူ့ကိုယ်သူ အလိုလိုက်မှုကြောင့် အခုလို ဆေးရုံကုတင်ပေါ်မှာ လှဲနေရလိမ့်မယ်လို့ ယွီဖေးက မမျှော်လင့်ခဲ့မိဘူး။ သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အချိန်မှာ ထန်းယွီက သူ့ဆီလာနေတာကို တွေ့လိုက်ရတာကြောင့် သူက တောင်းတောင်းပန်ပန်နဲ့ ပြောလိုက်တယ် :
"ကျွန်တော် အားနာပါတယ် ပြီးတော့ တောင်းပန်ပါတယ် မင်းကိုဒုက္ခရောက်စေပြီ"

ထန်းယွီ : "မစ္စတာယွီ အရမ်းယဉ်ကျေးစရာ မလိုပါဘူး မင်းရဲ့ကျန်းမာရေးကသာ ပိုအရေးကြီးတာပါ"

"ကျွန်တော် ဒီမှာနေလို့ရပါတယ် မင်းအိမ်ပြန်ပြီး အနားယူလိုက်ပါတော့"
လို့ ယွီဖေးက ပြောလိုက်တယ်။

ထန်းယွီ : "မစိုးရိမ်ပါနဲ့ မစ္စတာကုက ကျွန်တော့်ကို ဒီမှာမင်းနဲ့ နေခဲ့ဖို့ မှာသွားတယ် တစ်ခုခု လိုအပ်တာရှိရင် ကျွန်တော့်ကိုသာ ခေါ်လိုက်ပါ"

ကုဝေရဲ့ စီစဉ်မှု ဆိုတော့လည်း ယွီဖေးက ဘာမှထပ်မပြောနိုင်တော့ဘူး :
"ဒါဆိုရင်တော့ မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ"

ထန်းယွီ : "ဘာဒုက္ခမှမဖြစ်ပါဘူး"

ထန်းယွီ လူနာဆောင်ကနေ ထွက်သွားတာနဲ့ ယွီဖေးက တစ်ယောက်တည်း အချိန်အကြာကြီး တွေးနေပြီး ကုဝေဆီကို မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်တယ်။

ယွီဖေး : ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်

အချိန်အကြာကြီး စောင့်ပြီးနောက် ကုဝေက စာပြန်မလာခဲ့ဘူး။ ယွီဖေးက သတိရသွားတယ် အခုက မနက်အစောကြီးပဲ ရှိသေးတာ ကုဝေလည်း အိပ်နေလောက်ရောပေါ့။

သူမှေးခနဲ ဖြစ်သွားပြီး အိမ်မက်နယ်မြေထဲကို ရောက်ရှိသွားချိန်မှာ ခေါင်းအုံးပေါ်က သူ့ဖုန်းက တုန်ခါလာခဲ့တယ်။

ယွီဖေးက နိုးလာပြီး ဖုန်းကိုဖွင့်လိုက်တဲ့ အခါမှာတော့ ကုဝေက သူ့မက်ဆေ့ခ်ျကို စာပြန်ထားတာကို တွေ့လိုက်ရတယ်။

ကုဝေ : အင်း မင်းတစ်ခုခုလိုအပ်ရင် ထန်းယွီကိုသာပြောလိုက်

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now