Chapter 48

22.8K 4K 568
                                    

Zawgyi

တစ်ခြားနည်းပြောင်းမယ်

သူတို့ကို ကြည့်ရတာ ချစ်သူစုံတွဲတွေလိုပဲ။

ညကြီးမိုးချုပ် အပျော်စီး သင်္ဘောပေါ်မှာ အနမ်းတွေနဲ့ ရွက်လွှင့်ပြီးတော့ ယွီဖေးက သူတို့နှစ်ယောက်ဟာ ဘယ်သူကမှ ဖွင့်မပြောကြပေမယ့်လည်း အချိန်အကြာကြီးကတည်းက တစ်ယောက်နဲ့တစ်ယောက် ချစ်လာခဲ့ကြသလို ခံစားလိုက်ရတယ်။

ဒါပေမယ့် ဒါကသူ့အတွေးသက်သက်ပဲဆိုတာကို ယွီဖေးက လုံးဝသိနေတယ်။

ယွီဖေးက သူဟာ တစ်စုံတစ်ယောက်ဆီက အချစ်ခံရတာကို ထိုက်တန်တဲ့အထိ ကုသိုလ်ကံကောင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မယုံကြည်ထားခဲ့ဘူး။

ကုဝေကို ကြည့်ရတာတော့ ကုဝေကသူ့ကို မုန်းမနေဘူးဆိုတာ သူလုံးဝ သေချာတယ်။ ဒါပေမယ့် ကုဝေကသူ့ကို ကြိုက်လား မကြိုက်လားတော့ သူလည်းသေချာ မသိဘူး။ အကယ်၍ ကုဝေကသူ့ကို ကြိုက်တယ်ဆိုရင်တောင် ဘယ်လောက်ထိ ကြိုက်တာလဲ?

ဒါပေမယ့်သူ ကုဝေနေရာကနေ စဉ်းစားကြည့်ရင်တော့ သူမကြိုက်တဲ့ လူတစ်ယောက်ကို ညအချိန်ကြီး ဒီလိုရိုမန့်တစ်ဆန်တဲ့ နေရာမျိုးကို ခေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

"ခင်ဗျား ဒီနေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ?"
ယွီဖေးက ကုဝေရဲ့ လက်မောင်းကြားထဲ တိုးဝင်လိုက်ပြီး မေးလိုက်တယ်။

ကုဝေက ပြန်စဉ်းစားပြီး ဖြေလိုက်တယ် : "ဒီနေရာကို ပထမဆုံး ရှာတွေ့ခဲ့တာက ကိုယ့်ရဲ့ဒုတိယအစ်ကို ငယ်ငယ်တုန်းကပဲ အဲဒီ့အချိန်တုန်းက သူကလုလင်းကိုခေါ်ပြီး တိတ်တိတ်လေးသွားဖို့ ကြံစည်ခဲ့တာ ဘာပဲဖြစ်ဖြစ် ကိုယ့်အစ်ကိုအကြီးဆုံးက သူ့အကြံကို ရိပ်မိသွားပြီး ကိုယ့်ကိုပါ ဒီနေရာကို ခေါ်လာပေးခဲ့တာ ဒီကျွန်းကို ရောက်တာက မင်းအတွက် ပထမဆုံး အကြိမ်ဆိုတော့ မနက်တုန်းက လင်းလီက မင်းရဲ့ပထမဆုံး ခရီးအဖြစ် ဒီနေရာကို ခေါ်လာပေးဖို့ ကိုယ့်ကိုအကြံပေးခဲ့တာ အဲဒီ့အချိန်ကျမှပဲ ဒီကျွန်းမှာ ဒီလိုနေရာ ရှိနေသေးမှန်း ကိုယ်သတိရသွားတာ"
(ကုရှင်းက ငယ်ငယ်လေးကတည်းက လုလင်းကို ကြိတ်ခွက်နေတာပါတဲ့ လုလင်းဆိုတာ Chap 16က လက်ဖက်စိမ်းကောင်လေးပါ)

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now