Chapter 29.1

26.1K 4K 220
                                    

Zawgyi

ကုမိသားစုအိမ်တော်သို့ပြန်သွားခြင်း

ဟယ်ရင်းရင်းက ယွီဖေးကို ဖုန်းခေါ်တာ ဒါပထမဆုံးပဲ။ ကုဝေကသူ့ကို ကုမိသားစုအကြောင်း များများစားစား ပြောမပြသလို စာအုပ်ထဲမှာလည်း ကုမိသားစု အကြောင်းကို သိပ်ဖော်ပြမထားတာကြောင့် သူသိတာတစ်ခုတည်းက ကုဝေဟာ ကုမိသားစုရဲ့ ခေါင်းဆောင်ဆိုတာပဲ။ ဒါကြောင့် ဟယ်ရင်းရင်းကို ဘယ်လိုအပြုအမူနဲ့ ဆက်ဆံသင့်လဲဆိုတာ ယွီဖေး သိပ်မသေချာဘူး။

"အလုပ်ရှုပ်နေလား?"
ဟယ်ရင်းရင်းက အရမ်းကို သိမ်မွေ့လေတယ်။

ယွီဖေး : "မရှုပ်ပါဘူး ကျွန်တော့်ကို ပြောစရာ တစ်ခုခုများ ရှိလို့လား?"

"ဟုတ်တာပေါ့ ဒီလကုန်မှာ ကုမိသားစုရဲ့ ဘိုးဘွားဝတ်ပြု ကန်တော့ပွဲရှိတယ် ဘိုးဘွားကန်တော့ပွဲကို အမြဲတမ်း အန်တီတို့ မိသားစုကပဲ ဦးဆောင်ကျင်းပတာလေ ကုဝေကလည်း အလုပ်ရှုပ်နေတာကြောင့် နောက်အပတ် ပိတ်ရက်အတွက် သားမှာအချိန်များ ရှိခဲ့ရင် ဒီကိုလာပြီး အန်တီ့ကို ကူနိုင်မလားလို့ မေးချင်တယ် အချိန်နှစ်ရက်လေးပဲ ကြာမှာပါ သားရဲ့စာကြည့်ချိန်ကို အနှောင့်အယှက် မဖြစ်စေရပါဘူး"

ဟယ်ရင်းရင်းရဲ့ နူးညံ့သိမ်မွေ့တဲ့ အပြောအဆိုက ယွီဖေးကို ငြင်းဆန်ရန် ခက်ခဲစေတယ်။

"ဟုတ်ကဲ့ ရတာပေါ့ အဆင်ပြေပါတယ် ကု...ဝေက အခုတော့ အလုပ်ခရီးတစ်ခု သွားနေတယ် ဒါပေမယ့် သူညကျရင် ပြန်ရောက်မယ်လို့တော့ ပြောပါတယ် ကျွန်တော် သူ့ကိုပြောပြပြီး နောက်အပတ် ပိတ်ရက်ကျရင် သူ့ကိုလိုက်ပို့ခိုင်းလိုက်ပါ့မယ်"
ယွီဖေးကလည်း ယဉ်ယဉ်ကျေးကျေးပဲ တုံ့ပြန်လိုက်တယ်။

ဟယ်ရင်းရင်း : "အိုခေ ဒါဆို နောက်အပတ်မှ တွေ့ကြတာပေါ့ ရှောင်ဖေး"

"နောက်အပတ်မှ တွေ့ပါမယ်"
ယွီဖေးကလည်း ပြန်ပြောလိုက်တယ်။

ဟယ်ရင်းရင်းကသူ့ကို ကုမိသားစုရဲ့ အိမ်တော်ကို လာဖို့ခေါ်တယ်? သူမရဲ့ သဘောထားအရ သူကတော့ နောက်အပတ် ကုအိမ်တော်မှာ ရှိရမှာဖြစ်ပြီး ကုဝေကတော့ အလုပ်မအားတာကြောင့် သူမက လာခဲ့ဖို့ အတင်းမတိုက်တွန်းဘူး ဆိုတဲ့သဘောပေါ့။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now