Chapter 05

24.3K 4.2K 206
                                    

Zawgyi

အိမ်မက်ကမ္ဘာ

"ဒီမှာဘာလုပ်နေတာလဲ?"
ကုဝေက မျက်မှောင်ကြုပ်လိုက်ပြီး ယွီဖေးက မဖိတ်ခေါ်ဘဲ ဒီကိုရောက်လာတာကို မကျေမနပ်ပုံစံနဲ့ မေးလိုက်တယ်။

ယွီဖေးက ကုဝေရဲ့ မကျေမနပ်မေးသံကို ကြားပေမယ့် ကုဝေဘာလို့ မကျေမနပ် ဖြစ်နေတာလဲဆိုတာ သူနားမလည်နိုင်ဘူး
"အာ ကျွန်တော် အတွင်းရေးမှူးထန်းကို လာရှာတာပါ"

ယွီဖေးက သူ့ကိုလာရှာတာလို့ ထင်နေရှာတဲ့ ကုဝေကတော့ တစ်ဖက်ကို လှည့်သွားခဲ့တယ်။ သူ့အနောက်မှာ ရပ်နေတဲ့ ထန်းယွီကတော့ တောင်းပန်နေတဲ့ အပြုံးလေးနဲ့
"မစ္စတာကု မစ္စတာယွီက လူချင်းတွေ့ပြီး ဆွေးနွေးချင်တယ် ဆိုလို့ပါ"

"ဒါဆိုမင်းက အတွင်းရေးမှူးထန်းပေါ့ ကျွန်တော်က ကုသခင်လေးကို မင်းဘယ်မှာလဲ မေးတော့မလို့"
ယွီဖေးက လူတစ်ယောက်ရဲ့ ဖြေသံကိုကြားတော့ သူ့ကိုယ်ကို စောင်းလိုက်ပြီး ကုဝေရဲ့ ပုခုံးပေါ်ကနေ ကျော်ကြည့်လိုက်တယ်။ ပြီးတာနဲ့ မတ်မတ်ရပ်လိုက်ပြီး
"ကုသခင်လေး ခင်ဗျားရဲ့ အတွင်းရေးမှူးက ဒီနေ့အတွက် အလုပ်ပြီးပြီလားဟင်? တကယ်လို့ ခင်ဗျားသူ့ကို မလိုတော့ဘူးဆိုရင် ကျွန်တော်နဲ့သူ အရင်သွားနှင့်မယ်လေ"

ကုဝေကတော့ မတ်မတ်ကြီး ရပ်နေတုန်းပဲ။

ထန်းယွီကတော့ သူ့ရှေ့ကလူရဲ့ နောက်ကျောကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်မိတယ်။ ဒီbetaကောင်လေးက ဒီလိုမကောင်းဆိုးဝါးကို ဘယ်လိုတောင် ဒီစကားတွေ ပြောရဲနေတာလဲ?

ထန်းယွီမျှော်လင့်ထားတာနဲ့ မတူညီစွာပဲ ကုဝေဟာ မင်းစာချုပ်မှာ လက်မှတ်ထိုးစရာ မလိုတော့ဘူးလို့ မပြောခဲ့သလို ထိုကောင်လေးကို လုံခြုံရေးတွေနဲ့လည်း ဆွဲမထုတ်ခိုင်းခဲ့ဘူး။ အဲဒီ့အစား ကုဝေကသူ့ကို လှည့်ကြည့်လာပြီး
"ချောင်စီ့ကို ငါ့ရုံးခန်းထဲ လာခဲ့ဖို့ပြောလိုက်"

ချောင်စီဆိုတာက ကုဝေရဲ့ အတွင်းရေးမှူး နောက်တစ်ယောက်ဖြစ်တယ်။ ကုဝေဆိုလိုချင်တာက သူ့အလုပ်တွေကို ချောင့်စီလက်ထဲ လွှဲခဲ့ပြီး ထန်းယွီကိုတော့ စာချုပ်အကြောင်း သွားဆွေးနွေးခိုင်းနေတာပဲ။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now