Extra Two

15.8K 2.2K 175
                                    

Zawgyi

The other YueFei

ီသူ့နာမည်ကယွီဖေး betaတစ်ယောက်။

သူနေတဲ့ဒီကမ္ဘာမှာ alphaတွေက ပထမတန်းစား လူတန်းစားတွေဖြစ်ပြီး omegaတွေကတော့ ဒုတိယတန်းစားတွေဖြစ်ကာ betaတွေကတော့ တတိယတန်းစားတွေပဲ။

လူထုတစ်ရပ်လုံးကလည်း ဒါကိုအသိအမှတ်ပြု လက်ခံထားကြတယ်။

ဒါပေမယ့် ယွီဖေးကတော့ လက်ရှိလူမှုအသိုင်းအဝိုင်းမှာ omegaတွေရော betaတွေရောက နိမ့်ကျတဲ့အဆင့်အတန်းမှာ ရောက်ရှိနေတယ်လို့ အမြဲတမ်း ခံစားနေရတယ်။

Alphaအဖြစ် မွေးဖွားလာပြီဆိုတာနဲ့ အရည်အချင်းကြောင့်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် သူတို့ဟာ အထက်စီးဆန်ဆန်နေ အထက်စီးဆန်ဆန်စားရကာ တစ်ခြားလူတန်းစား၂ရပ်ထက်ပိုပြီး အဆင့်မြင့်တဲ့ ထိပ်တန်းဦးစားပေးမှုတွေကိုပါ ခံယူရလေတယ်။

တကယ်တော့ ဖန်ဆင်းရှင်က လုံးဝကို တရားမမျှတဘူး။ သူက alphaတွေကိုတော့ အလုံးစုံအားလုံး ပုံအောကာ ပေးအပ်ထားပြီး omegaနဲ့betaလူတန်းစားတွေကိုကျ alphaတွေရဲ့ ဦးဆောင်မှုအောက်မှာသာ ထာဝရနေစေခဲ့တယ်။

ကလေးဘဝကတည်းက သူဘယ်လောက်ပဲ ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရပါစေ သူ့ရလဒ်တွေဟာ ဘယ်တော့မှ alphaတွေကို မကျော်နိုင်ခဲ့ဘူး။

အကယ်၍ တစ်ဖက်alphaက အရှုံးပေးခဲ့ရင်တော့ သေချာပေါက် သူအနိုင်ရနိုင်ခြေတွေရှိတာပေါ့။

တူညီတဲ့အခြေအနေအောက်မှာ ကြိုးစားအားထုတ်မှုတွေ တူညီခဲ့ရင်တောင်မှ betaတွေရဲ့ရလဒ်ထက် alphaတွေက ရလဒ်၂၀%ပိုရနိုင်ကြတယ်။

ဒါတွေက သိပ္ပံပညာရပ်ရဲ့ လက်တွေ့စမ်းသပ်ချက် ရလဒ်အဖြေပဲ။ သိပ္ပံပညာရပ်တွေ ပြောနေတာကတော့ betaတွေဟာ alphaတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်ဖို့အတွက် ကြိုးစားအားထုတ်မှု ၅၀၀%လောက်လိုပါသတဲ့။

ယွီဖေးမှာ အငယ်၂ယောက်လည်း ရှိသေးတဲ့အပြင် သူဟာ မောင်နှမ၂ယောက်ကို ချစ်ခင်ဟန်ဆောင်ရင်း သူ့ရဲ့alphaညီလေးကို မနာလိုနေမိတာကို ဖုံးကွယ်ထားရလေတယ်။

သူ့ရဲ့alphaညီလေးကလည်း ဒါကိုသတိထားမိချင် ထားမိနေမှာပေါ့ သူမသိဘူး။ ဒါပေမယ့် သူ့alphaညီလေးရဲ့ လုပ်ဆောင်ချက်တွေက သူ့ကိုဘယ်တော့မှ မကျော်နိုင်ခဲ့တာကြောင့် ယွီဖေးဟာ သူ့ရဲ့alphaညီလေးအပေါ်မှာတော့ စစ်မှန်တဲ့ မေတ္တာတရားတွေ ထားရှိလေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now