Chapter 42

22.7K 4K 633
                                    

Zawgyi

Glandအမှတ်အသားပေးရန်လှုံ့ဆော်ခြင်း

နှစ်ယောက်သား ကမ်းခြေမှာ လမ်းလျှောက်ထွက်ခဲ့ကြပြီး သူတို့ဟာ လမ်းမီးတွေ လင်းလာတော့မှ hotelဆီကို ပြန်ခဲ့ကြတယ်။

"တစ်ခါတစ်ရံ ဒီလိုကျွန်းမျိုးကိုလာပြီး အေးအေးဆေးဆေး လမ်းလျှောက်ထွက်ရတာကလည်း လုံးဝအပန်းပြေစေတာပဲ"
ယွီဖေးက Matsuကျွန်းကို အရမ်းသဘောကျနေခဲ့တယ်။

ကုဝေ : "မင်းသဘောကျရင် နောင်အနာဂတ်မှာ ကိုယ်တို့နှစ်တိုင်း ဒီကိုအလည်လာလို့ရတယ်"

ယွီဖေးက ခဏတာ အံ့အားသင့်သွားပြီးနောက် ခေါင်းညိမ့်လိုက်တယ် : "အင်း"

ကုဝေက သူ့ရဲ့အနာဂတ် အစီအစဉ်မှာ သူ့ကိုပါ ပေါင်းထည့်ထားလိမ့်မယ်လို့ ယွီဖေး မမျှော်လင့်ထားခဲ့ဘူး။

အခုချိန်ကစပြီး နှစ်စဉ်နှစ်တိုင်း...
ကုဝေက ဒီအတိုင်း ပြောလိုက်တာလားတော့ မသိပေမယ့် ယွီဖေးရဲ့ နှလုံးသားလေးက နွေးထွေးသွားတော့တယ်။

ထိုအမျိုးသားက သူ့ရဲ့အနာဂတ် အစီအစဉ်အကြောင်း ထုတ်ဖော်ပြောလာတာက ယွီဖေးအတွက် အသစ်အဆန်းပဲ။

ဒီကိုကူးပြောင်းမလာခင်မှာ သူကအမြဲတမ်း အထီးကျန်နေခဲ့ရတာ။ လူတိုင်းမှာ အိမ်တစ်လုံးရှိပြီး အချင်းချင်း ဂရုစိုက်ပေးဖို့ မိသားစုတစ်ခုစီ ရှိကြတယ်။ ကြည့်ရတာ သူ့မှာ မိသားစုဆိုတဲ့ နွေးထွေးမှုမျိုး တစ်ခါမှ မရှိခဲ့ဖူးတဲ့ပုံပဲ။ တစ်ခါတစ်ရံမှာ သူတစ်စုံတစ်ယောက်ကို ပြောပြချင်ပေမယ့် တစ်ခြားသူတွေအတွက် အဆင်ပြေမပြေဆိုတာ သူစဉ်းစားရသေးတယ်။

ရှင်းမပြတတ်စွာပဲ သူဒီကမ္ဘာကို ရောက်လာတော့ မူလကိုယ်မှာ မိဘတွေ၊ မောင်နှမတွေ ရှိပေမယ့် ယွီဖေးက အခုထိ သူတို့နဲ့ အရောတဝင် မနေရဲသေးဘူး။ ဒါ့အပြင် သူက ယွီဖေးအစစ် မဟုတ်တာကြောင့် သူတို့နဲ့ ရင်းရင်းနှီးနှီး နေလိုက်ရင် ယွီဖေး တစ်ခုခု မှားနေမှန်း သူတို့သတိထားမိသွားလိမ့်မယ်။

သူဒီကိုကူးပြောင်းလာပြီး နောက်ပိုင်းမှာ ကုဝေကသာလျှင် သူနီးနီးကပ်ကပ် နေခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ ကုဝေကလည်း သူနဲ့တူမယ်လို့ ယွီဖေး ယုံကြည်တယ်။ ဒါကြောင့် ယွီဖေးအတွက် သူနဲ့အနီးကပ် နေရတာ ပိုပြီးတော့ လွယ်ကူတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now