Chapter 06

25.4K 4.3K 152
                                    

Zawgyi

ငါ့သားကိုမရောင်းစားဘူး

သူကျန့်ရိကို တွန်းလွှတ်ပြီး ထရပ်လိုက်တော့ မနီးမဝေးမှာ ရင်းနှီးနေတဲ့ အရိပ်ကလေးကို ယွီဖေး လှမ်းမြင်လိုက်ရတယ်။ သူခဏလောက် အံ့အားသင့်သွားပြီးတာနဲ့ အလျင်အမြန်တုံ့ပြန်လိုက်တယ် သူကရင်ရှင်းချန်မလား?

ကျန့်ရိကတော့ သူ့ရဲ့omegaလေးက မြင်သွားတာကို လုံးဝသတိမထားမိဘဲ ယွီဖေးကို ငေးကြည့်နေတုန်းပဲ။

ယွီဖေး "...ရင်ရှင်းချန်!"

ပုံရိပ်လေးက အဝေးကို ထွက်ခွာသွားတယ်။ ယွီဖေးက မျက်မှောင်ကြုပ်လိုက်တယ် နေပါဦး ရင်ရှင်းချန်က တစ်ခုခုကို အထင်လွဲသွားတာလား?

"မင်းသူ့နောက်ကို လိုက်မသွားဘူးလား?"
ယွီဖေးက အသိမဲ့နေတဲ့ ကျန့်ရိကို ပြောလိုက်တယ်။

ကျန့်ရိလည်းပဲ ပုံရိပ်လေး ထွက်ခွာသွားတဲ့ဖက်ကို လှည့်ကြည့်လိုက်တယ်။ ရင်ရှင်းချန်ရဲ့ နောက်ကျောက တဖြည်းဖြည်းနဲ့ ဝေဝါးသွားနေတယ်။ ကျန့်ရိက ပြန်လှည့်လာပြီး ယွီဖေးကို ကြည့်လာတယ်
"ဘယ်သူ့နောက်ကို လိုက်ရမှာလဲ? မင်းရဲ့မျက်လုံးထဲမှာ ကိုယ့်တစ်ယောက်တည်းကိုပဲ မမြင်နိုင်ဘူးလား? ဘာလို့ တခြားသူတွေအကြောင်းပဲ ဂရုစိုက်နေရတာလဲ?"

ယွီဖေးက အေးစက်စက် အမူအရာနဲ့ ကျန့်ရိကို လှည့်ကြည့်လိုက်ပြီး
"ရင်ရှင်းချန်က တခြားသူလား?"

"ဘာလို့ သူ့အကြောင်းကို ကိုယ့်ထက်ပိုပြီး ဂရုစိုက်နေတာလဲ?"
ကျန့်ရိက သူ့ကိုထပ်မေးခဲ့တယ်
"ဘာပဲဖြစ်ဖြစ် ဘယ်သူက မင်းရည်းစားလဲ?"

ယွီဖေးက ဘာမှပြန်မပြောဘဲ ကျန့်ရိကို ကြည့်နေလိုက်တယ်။

ကျန့်ရိက ချက်ချင်း သူ့စကားကို ပြန်ပြင်လိုက်တယ်
"ရည်းစားဟောင်း!"

ယွီဖေး "ငါတို့က ပြတ်စဲပြီးကြပြီလို့ မင်းသတိရသေးတာ ကောင်းတာပေါ့ Alphaနဲ့ Betaအတူနေလို့ အဆုံးသတ် ကောင်းမှာမဟုတ်ဘူး ငါတကယ်ကို စိတ်ရင်းနဲ့ မင်းတို့နှစ်ယောက်အတွက် ဆုတောင်းပေးပါတယ်"

သူဒီစကားတွေကို ပြောပြီးတာနဲ့ ကျန့်ရိက အချိန်ခဏကြာ တိတ်ဆိတ်သွားတော့တယ် ဒါပေမယ့်သူက ယွီဖေးကိုတော့ သွားခွင့်မပေးခဲ့ဘူး။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now