Chapter 70

21K 3.2K 534
                                    

Zawgyi

တစ်သက်တာအမှတ်အသားပေးခြင်း

အလိုအလျောက်မောင်းနှင်စနစ်ကို ဖွင့်ပြီးတာနဲ့ ကုဝေက နောက်ခုံဖက်ဆီ ပြန်ကူးသွားပြီး ယွီဖေးရဲ့ အခြေအနေကို စစ်ဆေးလိုက်တယ်။ ယွီဖေးကတော့ ကြေကွဲနေတဲ့ မျက်နှာအမူအရာလေးနဲ့ ကုဝေထိုင်နေတဲ့ နေရာကိုသာ ငေးကြည့်နေလေတယ်။

ကုဝေက လက်ဆန့်လိုက်ပြီး ကောင်လေးကို သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းလိုက်တယ် : "ဘာဖြစ်လို့လဲ?"

ဒီအမေးစကားကိုကြားတော့ ယွီဖေးခမျာ တောင့်တင်းသွားပြီး မလှုပ်ရဲခဲ့ပေမယ့် ကုဝေရဲ့ ရင်ခွင်ထဲကိုတော့ တိုးဝှေ့ချင်သေးတယ်။

Heatကာလက ရုတ်တရက်ဆိုသလို ဖြစ်ပေါ်လာပြီး သူတို့နှစ်ယောက်လုံးကလည်း ပြင်ဆင်မထားရသေးတာကြောင့် ပြင်းထန်တဲ့ pheromoneတွေရဲ့ ဆွဲဆောင်အားဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်မှု လျော့ရဲစေခဲ့တယ်။

သူတို့ရဲ့နှုတ်ခမ်းသားတွေ ထိတွေ့သွားကြတာနဲ့ သူတို့ဦးနှောက်ထဲက အသိတရား ကြိုးမျှင်လေးတွေဟာ ချက်ချင်းပြတ်တောက်သွားကြတော့တယ်။

သူတို့အတွက် လက်ရှိနေရာနဲ့ အချိန်က ဒီထက်ပိုပြီးအရေးမကြီးတော့ဘူး။

ကံကောင်းစွာနဲ့ပဲ ယခုကားရဲ့ နောက်ထိုင်ခုံဟာ အရွယ်ရောက်နေတဲ့ အမျိုးသားနှစ်ယောက် ခုံပေါ်လှဲအိပ်လို့ရသည်အထိ အတော်အသင့် ကျယ်ဝန်းတာကြောင့် နည်းနည်းတော့ ကျပ်ပေမယ့်လည်း ဘယ်သူမှ ပြုတ်မကျခဲ့လေဘူး။

Omegaလေးရဲ့ ခန္ဓာကိုယ်က alphaနဲ့ပူးကပ်နေတာကြောင့် ယွီဖေးဟာ ကုဝေရဲ့ဆံပင်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ဗလုံးဗထွေး စတင်ညည်းညူကာ သူ့ရဲ့အသက်ရှူသံတွေဟာလည်း စည်းချက်မမှန်ကြတော့ဘူး။

ထင်ရှားတဲ့အချိုးအဆစ်နဲ့ လက်ချောင်းတွေဟာ ထိုင်ခုံအောက်က တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီး ခပ်ချောချော အရည်တွေကို သူ့လက်ပေါ်လောင်းချလိုက်လေတယ်။ ကုဝေက ယွီဖေးရှေ့မှာတင် လက်ကိုမြှောက်လိုက်ပြီး ကုဝေဘာမှ မပြောရသေးခင်မှာပဲ ယွီဖေးက တစ်ဖက်ကို ခေါင်းလှည့်သွားတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now