"ဘာမှမပြောနဲ့" လုပ်စရာရှိတာသာလုပ်!

Omegaလေးရဲ့ နီရဲရဲနားရွက်ဖျားလေးတွေကိုကြည့်ရင်း ကုဝေက ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် လက်ချောင်းတွေကို အထဲသွင်းလိုက်တော့တယ်။

နေရာကျဉ်းကျဉ်းလေးမှာ များပြားလှစွာသော ချိုမြမြရနံ့လေးတွေနဲ့ ထင်းရှူးရနံ့တွေဟာ ပေါင်းစည်းသွားကြပြီး အတူတကွ ကခုန်ကြကာ တစ်ခါတစ်ရံမှာ ရာဂစိတ်နိုးကြွလာအောင် မြှူဆွယ်နေပြီး တစ်ခါတစ်ရံမှာတော့ တိတ်ဆိတ်ကာ နူးညံ့ညင်သာနေလေတယ်။

ထင်းရှူးရနံ့တွေဟာ အပေါ်စီးကနေ လွှမ်းမိုးလာကြပြီး တစ်ဖက်က ဘယ်လောက်ပဲ ဝေးကွာနေပါစေ အမြဲလိုလို နီးစပ်အောင် တိုးကပ်သွားပြီး တိတ်တဆိတ် စောင့်ကြည့်နေကာ တောက်လောက်နေတဲ့ အပူတွေကြားထဲမှာ ကခုန်နေကြတယ်။

အရမ်းပူလွန်းတယ်.....

ယွီဖေးက လက်မြှောက်လိုက်ပြီး ကုဝေရဲ့အင်္ကျီကော်လာကို ဆွဲချလိုက်တယ်။

ယွီဖေးရဲ့ လက်ချောင်းထိပ်လေးတွေဟာ ကုဝေရဲ့ညှပ်ရိုးတစ်လျှောက် ပြေးလွှားကာ ထိတွေ့နေပြီး အေးမြတဲ့ ဆီးနှင်းတွေကို ထိတွေ့နေရသလိုမျိုး အဆုံးစွန်ဆုံး အေးမြမှုတွေက လက်ဖျားထိပ်လေးတွေကတဆင့် ပျံ့နှံ့လာပြီး နှလုံးသားထဲထိ စီးဝင်သွားလေတယ်။ ယွီဖေးက သူ့ရဲ့ခြောက်ကပ်ကပ် နှုတ်ခမ်းတွေကို လျှာနဲ့သပ်ကာ လက်မြှောက်လိုက်ပြီး ကုဝေရဲ့လည်ပင်းက နက်ခ်တိုင်ကို ဆွဲဖြည်ဖို့ ကြိုးစားလိုက်ပေမယ့် ကုဝေက သူ့လက်ကို ဆုပ်ကိုင်လာခဲ့တယ်။

"ကိုယ်အထဲကိုဝင်တော့မယ်နော်"
Alphaကြီးရဲ့အသံက ကွဲအက်နေခဲ့တယ်။

.....

မထင်မရှား ကားနက်လေးတစ်စီးဟာ ဟိုက်ဝေးလမ်းမကြီးပေါ်မှာ ဖြည်းညင်းစွာ မောင်းနှင်နေပြီး အလုပ်ရှုပ်နေတဲ့ မြို့ပြကြီးကို ကျောခိုင်းကာ မြို့စွန်ဖက်ဆီကို ဦးတည်နေလေတယ်။

လမ်းမကြီးရဲ့ တဖက်တချက်မှာတော့ ကြံ့ခိုင်ပြီး ထောင်မတ်နေတဲ့ ရှည်မျောမျော ထင်းရှူးပင်တွေနဲ့ ထင်းရှူးတောကြီးက ဝန်းရံထားတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now