"အာ သူက Mr.ကုရဲ့ ပါတနာ မဟုတ်လား?"

"သူတို့က အရမ်းကို ချစ်ကြတာပဲ"

"Mr.ကုက အရမ်းကို နူးညံ့နေတာပဲ... စွဲမက်စရာကောင်းတယ် ဘယ်သူကမှ ဒီနူးညံ့သိမ်မွေ့မှုကြီးကို မခံနိုင်လောက်ဘူး ငါတော့သေပြီ"

"ဘာပဲဖြစ်ဖြစ် သူက ငါတို့အပေါ်မှာတော့ နူးနူးညံ့ညံ့ ဆက်ဆံမှာ မဟုတ်ဘူး"

"ဥက္ကဌကုက အမြဲတမ်း အေးစက်စက်နဲ့ သူငါတို့အပေါ် နူးညံ့ညင်သာရမှာ ကြောက်လို့ဖြစ်မယ်"

"ဥက္ကဌကုရဲ့ ပါတနာက omegaတစ်ယောက်လား?"

"ငါလည်းမသိဘူး အကြီးအကဲကုပြောတော့ သူကbetaတစ်ယောက်ဆို အပြင်လူတွေ ပြောနေကြတာကတော့ အကြီးအကဲကုရဲ့ စကားတွေက ထပ်ပြီးယုံကြည်စရာ မကောင်းတော့ဘူးတဲ့"

.....

နှစ်တိုင်းနှစ်တိုင်း ရှယ်ယာရှင် အစည်းအဝေးတွေရှိပေမယ့် လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ ရှယ်ယာရှင် တစ်ချို့ဟာ အကြောင်းပြချက် အမျိုးမျိုးကြောင့် အစည်းအဝေး မတက်နိုင်ကြဘဲ သူတို့ရဲ့ မဲပေးရွေးချယ်ပိုင်ခွင့်တွေကို တစ်ခြားသူတွေဆီ လွှဲပေးထားတတ်ကြတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ရှယ်ယာရှင်တွေအားလုံး အစည်းအဝေး တက်ရောက်ကြလေတယ်။

အစည်းအဝေးခန်းတံခါး ပွင့်သွားတာနဲ့ အခန်းထဲမှာရှိတဲ့သူတွေဟာ ဝင်လာကြတဲ့ လူတွေကို မြင်လိုက်ကြပြီး မိနစ်အနည်းငယ် အတွင်းမှာပဲ အားလုံးက တစ်သီတစ်တန်းကြီး စိတ်အားထက်သန်စွာ နှုတ်ဆက်လာကြတယ်။

"ဥက္ကဌကု"

"ဥက္ကဌကု ရောက်လာပြီပဲ"

"ဂုဏ်ပြုပါတယ် ဥက္ကဌကု"

.....

ဒီအစည်းအဝေးရဲ့ အစီအစဉ်ကို သိနေကြတဲ့ ရှယ်ယာရှင်တွေဟာ ဒီနေ့အစည်းအဝေးက အရေးကြီးကြောင်း နားလည်ထားကြပြီး သူတို့အားလုံးဟာ ဒီအစည်းအဝေးရဲ့ ရလဒ်က အံ့ဩစရာ မရှိဘူးလို့ သဘောတူ လက်ခံထားကြတာကြောင့် သူတို့က ကုဝေကို အချိန်မီ ဂုဏ်ပြုပေးနေကြတာဖြစ်တယ်။

ကုဝေက အသာအယာပဲ ခေါင်းညိမ့်ပြလိုက်ကာ ယွီဖေးကို ဆွဲလိုက်ပြီး အဓိက ထိုင်ခုံမှာ ထိုင်စေခဲ့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now