ဒါကိုကြားတော့ ယွီဖေးက အံ့အားသင့်စွာနဲ့ မျက်ခုံးပင့်လိုက်ပြီး : "သဘောတူစာချုပ်ကို အဆုံးသတ်လိုက်ပြီး ခင်ဗျားနဲ့ ကွာရှင်းမယ် ဆိုရင်တောင်မှလား?"

ကုဝေရဲ့ နဖူးကြောတွေဟာ တွန့်လိမ်သွားပြီး : "ရပါတယ်"

ယွီဖေးရဲ့ အကြည့်တွေက ကုဝေနဲ့ စာချုပ်တွေဆီကို တစ်လှည့်ဆီ ကူးလူးနေပြီး နောက်ဆုံးမှာ စာချုပ်တွေဆီ အကြည့်ရောက်သွားတော့တယ်။

"ခင်ဗျား ကျွန်တော့်ကို တကယ်ကြိုက်တာလား?"
ယွီဖေးက မေးလိုက်တယ်။

ကုဝေ : "ကိုယ်မင်းကို အရမ်းကြိုက်တာ"

ယွီဖေး : "ဒါဆိုရင် ကျွန်တော်တို့ကြားက စာချုပ်တွေ အားလုံးကို အဆုံးသတ်လိုက်ချင်တယ်"

"အကုန်လုံးလား?"

"ဟုတ်တယ် အကုန်လုံးပဲ"

ကုဝေက ခေါင်းညိမ့်လိုက်ပြီး : "ကိုယ်နားလည်ပါပြီ"

ယွီဖေးက ကုဝေဖက်ကို ခေါင်းလေးစောင်းကြည့်လိုက်ပြီး : "ခင်ဗျား တကယ်ရော နားလည်ရဲ့လား?"

ကုဝေနဲ့ ယွီဖေးဟာ အချင်းချင်း အပြန်အလှန် ခဏတာ ငေးမောနေမိပြီးနောက် တင်းတင်းစေ့ထားတဲ့ သူ့ရဲ့နှုတ်ခမ်းထောင့်တွေဟာ အသာအယာ ကွေးညွတ်သွားပြီး : "ကိုယ်နားလည်ပြီ"

(ဖေးဖေးက စာချုပ်တွေကို အဆုံးသတ်လိုက်ပြီး သူတို့ရဲ့ခံစားချက် အစစ်အမှန်တွေနဲ့ ပြန်စကြမယ်လို့ ဆိုလိုတာပါနော်)

တစ်ဖက်မှာတော့ ထန်းယွီဟာ ကုဝေက ဖုန်းဆက်လာရင် မကိုင်လိုက်ရမှာစိုးတဲ့ အကြောက်တရားနဲ့ သူ့ရဲ့ဆဲလ်ဖုန်းကို တစ်ညလုံး ထိုင်ကြည့်နေလေတယ်။ အကယ်၍ ယွီဖေးနဲ့ ကုဝေ ရန်ဖြစ်ခဲ့ကြရင် သူတို့တွေ လက်လွန်သွားကြလိမ့်မယ်။

ဒါပေမယ့် တစ်ညလုံး သူ့ဆဲလ်ဖုန်းဟာ တစ်ချက်လေးတောင် မမြည်ခဲ့လေဘူး။

ထန်းယွီက ဒီညကတော့ မုန်တိုင်းထန်တဲ့ ညတစ်ညဖြစ်မယ်လို့ တွေးထားခဲ့ပေမယ့် ဒီညကို ငြိမ်းချမ်းစွာနဲ့ ဖြတ်သန်းလိုက်ရလေတယ်။

နောက်တစ်နေ့ မနက်စောစောမှာ ထန်းယွီဟာ နောက်ဆုံးတော့ မျှော်လင့်နေရတဲ့ ကုဝေဆီက ဖုန်းကောလ်ကို လက်ခံရရှိခဲ့တယ်။ ဒါပေမယ့် ကုဝေကတော့ သူ့ကို နန်းဝမ်ရှန်းကအိမ်မှာ လာခေါ်ဖို့သာ ပြောလေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now