ကုဝေက ကျန်ရှိနေသေးတဲ့ စာချုပ်၂ခုကို ရှေ့တိုးပေးလိုက်တယ်။

"ကိုယ်တို့က စာချုပ်ပါတနာတွေအဖြစ် စတင်ခဲ့ကြပေမယ့် ကိုယ်တို့အတူတူ အချိန်တွေ ကုန်ဆုံးခဲ့ကြပြီးနောက်မှာတော့ ကိုယ်မင်းကို ချစ်မိနေတာ ကြာခဲ့ပြီ အက်စီးဒင့် မဖြစ်ခင် တစ်ရက်အလိုမှာပဲ တတိယထပ်မှာ မင်းကိုယ့်ကို လာပြီးဖွင့်ပြောခဲ့တယ်လေ ကိုယ်တို့က အပြန်အလှန် ခံစားချက် ရှိနေခဲ့ကြတာ"

ကုဝေရဲ့ ချုပ်တီးထားခဲ့ရတဲ့ စကားလုံးတွေဟာ အခက်ခဲဆုံး ဆွေးနွေးပွဲကို ဖြတ်သန်းနေရသလိုမျိုး မှန်ကန်ပြီး တည်ငြိမ်နေခဲ့တယ်။ သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မပြောလိုက်မိလို့ အကုန်လုံးကို ဆုံးရှုံးသွားရမှာကို သူကြောက်ရွံ့နေခဲ့တယ်။

"ဒီအတောအတွင်း ကိုယ်တို့ကြားက ဒီစာချုပ်တွေရဲ့ တည်ရှိနေမှုကို ဖုံးကွယ်ထားရတာက မင်းက ကိုယ်နဲ့ ကိုယ်တို့ရဲ့ ဆက်ဆံရေးကို မေ့ပျောက်သွားပြီး မင်းက ကိုယ်တို့ကြားက ဆက်ဆံရေးကို အဆုံးသတ်ပစ်လိုက်မှာကို ကိုယ်ကြောက်နေခဲ့လို့ပါ"

သူဒီလိုပြောပြီးတာနဲ့ ယွီဖေးက အရမ်းကို မတုန်မလှုပ် ဖြစ်နေတယ်လို့ ခံစားမိတာကြောင့် ကုဝေက လက်ချောင်းတွေကို ကွေးညွတ်လိုက်ပြီး ထပ်ပြောလိုက်တယ်။

"ဒါပေါ့ မင်းအနေနဲ့ ကိုယ်တို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ ရွေးချယ်လိုက်ရင် သေချာပေါက်ကိုပဲ ကိုယ်တို့ရဲ့ စာချုပ်ကို ချိုးဖောက်ရာ ကျသွားလိမ့်မယ်"

ဒီစကားတွေ ပြောပြီးတာနဲ့ နဂိုက မျက်လွှာချပြီး ဘာတွေစဉ်းစားနေမှန်း မသိတဲ့ ယွီဖေးဟာ ရုတ်တရက် ခေါင်းမော့လာပြီး သူ့နှုတ်ခမ်းထောင့်တွေဟာလည်း မြင့်တက်လာခဲ့တယ် : "တကယ်လို့ ကျွန်တော် စာချုပ်ကို ဖောက်ဖျက်လိုက်ရင် ခင်ဗျား ကျွန်တော့်ကို ဗွေယူမှာလား?"

ယွီဖေးက စာချုပ်ကို ဖောက်ဖျက်ချင်နေတယ်လို့ ထင်သွားတာကြောင့် ကုဝေက ခဏတာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် တိုးတိတ်စွာ ပြန်ပြောလိုက်တယ် : "ဟင့်အင်း မင်း... မင်းဘယ်လိုဆုံးဖြတ် ဆုံးဖြတ် ကိစ္စမရှိပါဘူး ကိုယ်လက်ခံပါ့မယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now