အခုတော့ ဒါတွေကို ယွီဖေးဆီ ပြန်ပေးရမယ့် အချိန်ပဲ။

ယွီဖေးဟာ ဆိုဖာပေါ်မှာ ထိုင်နေရင်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တယ်။ သူတို့နှစ်ယောက် ဘယ်လိုစတင်ခဲ့သလဲ ဆိုတဲ့မှတ်ဉာဏ်တွေ သူ့မှာမရှိဘူး။ သူတို့က မြင်မြင်ချင်း ချစ်ခဲ့ကြတာ မဟုတ်ရင် ကုဝေက သူ့ကိုချော့ခေါ်ခဲ့တာလား ဒါမှမဟုတ် သူကိုယ်တိုင်ကကို လိုလိုလားလား ဒီထောင်ချောက်ထဲကို တိုးဝင်ခဲ့တာလား။ ပထမတစ်မျိုးသာဆိုရင် သူကုဝေနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး။ နောက်တစ်မျိုးသာဆိုရင်တော့ သူ သူ့ကိုယ်သူ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိဘူး။

လှေကားထိပ်ကနေ ခြေသံတွေ ထွက်ပေါ်လာတာကြောင့် ယွီဖေး ရေခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံမော့ကာ သူ့ရဲ့ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို စိုစွတ်စေလိုက်တယ်။

သူရေထဲကို ပြုတ်ကျထားတာကြောင့် နည်းနည်းတော့ ပင်ပန်းနေပြီ။

ဒါပေမယ့် အခုချိန်က သူ့အတွက် အခွင့်အရေး ဖြစ်တာကြောင့် သူအမှန်တရားကို သိချင်တယ် သူ့ရဲ့ကိုယ်ပိုင် စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာပဲ မနေချင်တော့ဘူး။

စာရွက်စာတမ်း ဖိုင်၃ခုက ကော်ဖီစားပွဲပေါ်မှာ ပြန့်ကျဲနေတယ်။

ကုဝေက သူ့ဘေးမှာ ဝင်မထိုင်ဘဲ ဘယ်ဖက်က တစ်ယောက်ထိုင် ဆိုဖာလေးပေါ်မှာ ထိုင်ချလိုက်တယ်။

"ကိုယ်တို့က blind dateတစ်ခုမှာ တွေ့ဆုံခဲ့ကြပေမယ့် ဒီသဘောတူစာချုပ်ကြောင့် လက်ထပ်လိုက်ကြတာ"

ကုဝေက သဘောတူစာချုပ် တစ်ခုကို ယွီဖေးဆီ တိုးပေးလိုက်တယ်။

"အစတုန်းကတော့ ကိုယ်တို့ရဲ့ လက်ထပ်ပွဲက စာချုပ်လေးတစ်ခုပဲ"

ယွီဖေးက မျက်တောင်တဖျပ်ဖျပ်ခတ်ကာ စာချုပ်ကို ကောက်ယူလိုက်ပြီး နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်တော့

သူ့လက်ရေးနဲ့ သူ့လက်မှတ်တစ်ခု ရှိနေခဲ့တယ်။

"မင်း လက်ထပ်ပွဲသဘောတူစာချုပ်မှာ လက်မှတ်ထိုးတုန်းကတော့ မင်းက betaတစ်ယောက်ပဲ နောက်တော့မှ မင်းက ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ omegaဖြစ်ကြောင်း မတော်တဆ ရှာတွေ့ခဲ့တယ် ဒါကြောင့် မင်းရဲ့အသွင်ပြောင်းခြင်းကာလ စတာနဲ့ ကိုယ်တို့ ဒီသဘောတူစာချုပ်၂ခုကို ထပ်ချုပ်ခဲ့ကြတယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now