ကုဝေက သူ့ကိုမြင်တော့ တုံ့ပြန်တဲ့ အနေနဲ့ အသာအယာပဲ ခေါင်းညိမ့်ပြလိုက်တယ်။

ကောရှီရဲ့ အကြည့်တွေက ကုဝေရဲ့ဘေးမှာ ရပ်နေတဲ့ ယွီဖေးဆီကို ကျရောက်လာတော့တယ်။

"ယွီဖေးပါ"
ယွီဖေးက သူ့ကိုယ်သူ မိတ်ဆက်လိုက်တယ်။

"ဟယ်လို Mr.ယွီ"
ကောရှီက အပြုံးကြီးကြီးပြုံးပြီး သူ့ရဲ့ညီညာ ဖြောင့်တန်းနေတဲ့ သွားတန်းတွေကို ဖော်ပြလာတယ်။

တောက်ပပြီး ချောမောတဲ့ လူငယ်ပဲ လို့ယွီဖေးက မှတ်ချက်ပြုလိုက်တယ်။

မြက်ခင်းပြင်ပေါ်မှာ လေပြည်လေးတစ်ချက် ဖြတ်တိုက်သွားတော့ ချိုချိုမွှေးမွှေး အုန်းရည်နံ့လေး ထွက်ပေါ်လာခဲ့တယ်။ ဒါကယွီဖေးကို နွေရာသီရောက်တိုင်း အမြဲလိုလို သူအုန်းရည်သောက်ခဲ့တဲ့အကြောင်း ပြန်အမှတ်ရစေတယ်။

ရုတ်တရက် ယွီဖေးက ကုဝေရဲ့ အေးစက်စက် စကားသံကို ကြားလိုက်ရတယ် : "Matsuမှာ ဝန်ထမ်းဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာလား?"

လေထုက ချက်ချင်းကြီး သိပ်သည်းသွားတော့တယ်။

ကောရှီက ရှက်ရွံ့သွားပြီး အထိတ်ထိတ် အလန့်လန့်နဲ့ ပြောလိုက်တယ် : "တောင်းပန်ပါတယ် သူဌေးကု Mr.လင်းက အိပ်ခန်းဆီ ပြန်သွားလို့ပါ သူမကြာခင် ရောက်လာပါလိမ့်မယ်"

ကုဝေက နှုတ်ခမ်းစွန်းတွေ တွန့်ကွေးလိုက်ပြီး : "ကြည့်ရတာ ငါသူ့အပေါ် အမြင်မှားနေပြီထင်တယ်"

ကောရှီက ဘာပြန်ဖြေရမယ်မှန်း မသိတာကြောင့် ဘေးကိုရွေ့သွားပြီး သူဌေးလင်းကိုသာ ဖုန်းဆက်ခေါ်လိုက်တယ်။

ယွီဖေးက ကုဝေရဲ့ အင်္ကျီလက်ကို ဆွဲလိုက်ပြီး : "ဘာဖြစ်လို့လဲ?"

ကုဝေကသူ့ကို လှည့်ကြည့်လာပြီး : "တစ်စုံတစ်ယောက်က မင်းရဲ့နှာခေါင်းအောက်မှာတင် မင်းရဲ့alphaကို pheromoneတွေနဲ့ သွေးဆောင်ဖျားယောင်းဖို့ ကြိုးစားနေတယ်လေ မင်းသတိမထားမိဘူးလား?"

"ဟမ်?"
ယွီဖေးက လုံးဝနားမလည်ဘူး ဖြစ်သွားတယ်။

ကုဝေက စကားပြောတာ ရပ်လိုက်ပြီး မလှမ်းမကမ်းမှာ ရပ်ထားတဲ့ ကားဆီကို လျှောက်သွားလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now