"သိပြီ" ယွီဖေးက သူနားလည်ကြောင်း နာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

ကုဝေက သူ့ရှေ့မှာ မတ်တပ်ရပ်လာပြီး ဘူးကိုပြန်ပိတ်ကာ ပုံမှန်အတိုင်း ပြောလာတယ် : "မင်းမှာomega ညီမလေးရှိမှန်း ကိုယ်မှတ်မိသေးတယ် ဘာလို့မင်းက omegaတွေရဲ့ အခြေခံ အသိပညာလေးတွေကို မသိရတာလဲ?"

ယွီဖေးရဲ့ နှလုံးသားက တုန်လှုပ်သွားပေမယ့် မျက်နှာကတော့ တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး : "ဟုတ်တယ် ညီမလေးက ဒီလိုကိစ္စတွေကို အမေနဲ့ပဲပြောတာ သူမက ဒီအကြောင်းတွေကို ကျွန်တော့်ကို ဘယ်တုန်းကမှ မပြောပြဖူးဘူး ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူမအတွက်တော့ betaတစ်ယောက်ပဲလေ"

ကုဝေက သူ့စကားကို လက်ခံတဲ့ အနေနဲ့ သူ့ခေါင်းလေးကို လာပွတ်သပ်ပေးပြီး : "မင်းအမျိုးအစား ပြောင်းလဲသွားတဲ့အကြောင်း မင်းမိသားစုကို အသိမပေးသေးဘူးလား?"

ယွီဖေး : "ကျွန်တော် သူတို့ကို နောက်မှပြောလိုက်တော့မယ်"
ဘာပဲဖြစ်ဖြစ် သူတို့ကိုအခု ပြောမပြချင်သေးဘူး။

ကုဝေ : "ကောင်းပြီ မင်းကြိုက်သလို ဆုံးဖြတ်နိုင်တယ်"

"ခင်ဗျားကဘာလို့ omegaတွေအကြောင်း ဒီလောက်သိနေရတာလဲ?"
ယွီဖေးက ရုတ်တရက် စပ်စုချင်သွားတယ်။

ကုဝေ : "ဘာလို့လဲဆိုတော့ ကိုယ့်အကိုအကြီးဆုံးက omegaမို့လို့လေ ကိုယ်တို့က အတူတူ ကြီးပြင်းလာခဲ့ကြတာဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် သိသင့်တာ အကုန်လုံးနီးပါး သိထားကြတယ်"

ယွီဖေး : "အိုး"

ယှဉ်ကြည့်မယ်ဆိုရင် ယွီဖေးကတော့ omegaဖြစ်လာပေမယ့် တစ်ချိန်လုံး omegaနဲ့ ပတ်သတ်တာတွေ ဘာတစ်ခုမှ သိမထားဘူးပဲ။

.....

ကုမ္ပဏီက သူတို့နှစ်ယောက်ကို လာကြိုဖို့ လူတစ်ယောက် စီစဉ်ပေးခဲ့တယ်။

သူတို့လေယာဉ်ပေါ်က ဆင်းလိုက်တာနဲ့ ရွှေအိုရောင်ဆံပင်နဲ့ လူတစ်ယောက်က အနားကိုလာပြီး နှုတ်ဆက်လာတယ်။

"ဟယ်လို သူဌေးကု Matsuကျွန်းကနေ ကြိုဆိုပါတယ် ကျွန်တော့်နာမည်က ကောရှီပါ"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now