အတွင်းရေးမှူးနှစ်ယောက်ဟာ ကုဝေရဲ့ အလေးအနက် စကားတွေကိုကြားတော့ မလိုအပ်တဲ့ ဘာအတွေးတွေကိုမှ မတွေးဘဲ လုပ်စရာရှိတာတွေကို ချက်ချင်းလုပ်ဆောင်ကြတော့တယ်။

စီစဉ်စရာရှိတာတွေကို စီစဉ်ပြီးတဲ့နောက်မှာ ကုဝေက ထိုင်ရာက ထလိုက်ပြီး ယွီဖေးရဲ့ အခန်းတံခါးရှေ့ကို လျှောက်သွားလိုက်တယ်။

ကုဝေက တံခါးခေါက်လိုက်ပြီး : "ယွီဖေး?"

ဘယ်သူမှ ပြန်မဖြေခဲ့ဘူး။

"ရှောင်ဖေး?"

အခန်းထဲကနေ ပုလင်းတွေ ဘူးတွေပြုတ်ကျသံကို ကြားလိုက်ရတယ်။

ထပ်ပြီးစောင့်မနေတော့ဘဲ ကုဝေက သော့အပိုနဲ့ တံခါးဖွင့်ကာ အခန်းထဲကို ဝင်သွားလိုက်တယ်။

အိပ်ရာပေါ်မှာ ဘယ်သူမှ ရှိမနေဘူး။

ရေချိုးခန်းထဲက မီးပွင့်နေတာကြောင့်  ကုဝေက စေ့ရုံစေ့ထားတဲ့ တံခါးကို အသာအယာ တွန်းဖွင့်ပြီး ဝင်သွားလိုက်တယ်။

ရေချိုးခန်းထဲမှာ ယွီဖေးက ရေစိုနေတဲ့ ညအိပ်ဝတ်စုံနဲ့ ရေချိုးဇလုံထဲ ထိုင်နေပြီး ကိုယ်လေးစောင်းကာ ခေါင်းအောက်စိုက်နေတဲ့ပုံက အသိစိတ်မဲ့နေသလိုပဲ။

ဒါကိုမြင်တော့ ကုဝေက မျက်မှောင်ကြုပ်လိုက်ရင်း အနားကိုသွားကာ ရေပန်းကို ပိတ်လိုက်ပြီး : "ဘာတွေဖြစ်နေတာလဲ?"

စီးကျနေတဲ့ ရေအေးအေးလေးတွေ ရပ်သွားတော့ ကိုယ်တွင်းအပူချိန်က တစ်ဖန်ပြန်ပြီး တက်လာပြန်တယ်။ ဂုတ်ပေါ်တစ်နေရာက ပြန်နာကျင်လာပြီး ယွီဖေးက သူဘာတွေဖြစ်နေလဲ ဆိုတာတောင် မသိတော့ဘူး။ တကယ်လို့သူက heatအတုဝင်နေတာဆိုရင် သူ့မှာဘာလို့ လိုအင်ဆန္ဒတွေ မဖြစ်ပေါ်လာရတာလဲ။ အဲဒီ့အစား သူကချော်ရည်ပူထဲ ရောက်နေသလို ခံစားရပြီး အရမ်းပူလောင်ကာ တစ်ကိုယ်လုံးလည်း နာကျင်နေတယ်။ ထိုအရာတွေက သူ့ကိုနေရာမှာတင် လဲသေသွားချင်စေတယ်။

"နာတယ်"

ဝင်လာတဲ့သူက ကုဝေဆိုတာကိုမြင်တော့ ယွီဖေးက ငိုချင်သွားပြီး မကျေနပ်စွာနဲ့ တိုင်တန်းတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now