ကုဝေ : "မင်းဘယ်လို ဖြစ်နေခဲ့တာလဲ မသိတော့ဘူးလား?"

ယွီဖေးက အခုထိ အခြေအနေကို နားမလည်သေးတာကြောင့် : "ဘယ်လိုအရေးပေါ် အခြေအနေမျိုး ဖြစ်သွားလို့လဲ? ကျွန်တော်က ဒီနေ့ထွက်လာမယ့် နေကိုတောင် မမြင်ရတော့ဘူးလို့ ထင်လိုက်တာ"

သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေတာကြောင့် မသိလိုက်ပါဘဲ သူတို့က ပုံမှန်ထက် အသံတိုးပြီး ပြောနေမိကြတယ်။ မသိရင် လူတွေမကြားအောင် တီးတိုးတီးတိုး ပြောနေသလိုပဲ။

ကုဝေက သူ့လက်တွေကို သူ့ခါးပေါ်လာတင်ထားတာက အရမ်းရင်းနှီးလွန်းနေတယ်လို့ ယွီဖေးခံစားရပေမယ့် ကုဝေကတော့ တည်ငြိမ်ပြီး ပုံမှန်အတိုင်းပဲ ဖြစ်နေတာကြောင့် ယွီဖေး အံ့ဩသွားတယ်။ သူတစ်ယောက်တည်း အရမ်းကို့ရို့ကားယားတွေ ဖြစ်နေတာလား? ဒါကြောင့်သူက မရုန်းတော့ဘဲ ငြိမ်ငြိမ်လေး နေလိုက်တယ်။

"ဘာမှတ်မိသေးလဲ?"
ကုဝေကသူ့ကို မေးလာတယ်။

ယွီဖေးက ပြန်စဉ်းစားလိုက်ပြီး : "ကျွန်တော် မှတ်မိတာက အဲ့တာက အရမ်းကို ပူပြီးတော့ ကျွန်တော့် အမြင်အာရုံတွေ ပျောက်ဆုံးမသွားခင်အထိ ကျွန်တော့် တစ်ကိုယ်လုံး လောင်ကျွမ်းသွားတော့မယ်လို့တောင် ခံစားလိုက်ရတယ် ပြီးတော့ ခင်ဗျားက အေးအေးဆေးဆေး ဖြစ်နေပြီး ကျွန်တော့်အတွက် ဆရာဝန်တောင် မခေါ်ပေးဘူး"

နောက်ဆုံးစကားမှာ ယွီဖေးရဲ့ အသံက သိသိသာသာကိုပဲ သူ့ကိုစွပ်စွဲနေတာပဲ။

ကုဝေက မျက်ခုံးပင့်လိုက်ပြီး : "မင်းကဖျားနေတာမှ မဟုတ်တာ ကိုယ်လည်း ဆရာဝန်ခေါ်ပေးစရာ မလိုဘူးလေ"

"ဟမ်?" ယွီဖေးက သူ့ကို လှည့်ကြည့်လာပြီး : "ကျွန်တော်က မဖျားဘူး?"

"မင်းကheatဝင်နေတာ"
သူဒီစကားကို ပြောပြီးတော့ ကုဝေက ယွီဖေးကို နက်နက်ရှိုင်းရှိုင်း အကြည့်တွေနဲ့ စိုက်ကြည့်နေရင်း ယွီဖေး ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ စောင့်ကြည့်နေတယ်။

ယွီဖေးက ခဏတာ အမူအရာမဲ့သွားပြီး ဗလာဖြစ်သွားတယ်။ သူကြားလိုက်တာ မှန်ကန်ကြောင်း အတည်ပြုပြီးသွားတော့ သူအိပ်ရာပေါ်ကနေ ထထိုင်လိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now