"သတင်းကောင်း"

"အရင်အပတ်က ဖြေခဲ့တဲ့ နှစ်ဝက်စာမေးပွဲ ရလဒ်တွေ ထွက်လာပြီ အတန်းထဲက ရလဒ်တွေ စုစည်းပြီး ဖိုရမ်မှာ တင်ထားတယ် မင်းစာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့တယ်"

"ဝိုး!"
သူ့ရဲ့ရက်ပေါင်းများစွာ ကြိုးစားခဲ့မှုက အလကားတော့ ဖြစ်မသွားဘူးပဲ။ ဒီလိုတွေးမိတာနဲ့ ယွီဖေးရဲ့ နှုတ်ခမ်းထောင့်လေးတွေက အထက်ကို မြင့်တက်သွားကြတော့တယ်။

"အရမ်းမပျော်သေးနဲ့ဦး သတင်းဆိုး ရှိသေးတယ်"
ကျောင်းချီက အတည်ပေါက်ကြီး ပြောလာတယ်။

ယွီဖေး : "ဘာတဲ့လဲ?"

ကျောင်းချီ : "မင်းနဲ့ စာဖြေခန်းချင်းတူတဲ့ စောက်ရူးတစ်ကောင်ရှိတယ်ကွာ သူက မင်းစာမေးပွဲမှာ ခိုးချခဲ့တယ်လို့ ဖိုရမ်မှာ တိုင်ထားလို့ ဒီကိစ္စကို ကျောင်းရဲ့တာဝန်ရှိသူတွေက လတ်တလော စုံစမ်းစစ်ဆေးနေကြပြီ"

ယွီဖေး : "ခိုးချတယ် ငါကလေ?"

"သူက မင်းရဲ့အရင်က စာမေးပွဲ ရလဒ်တွေနဲ့ အခုတစ်ခေါက် စာမေးပွဲ ရလဒ်ကို ယှဉ်ပြီး postတင်ထားတာ ပြီးတော့ လူအများစုကလည်း သူ့ကိုယုံနေကြတယ် အခုဒီpostက ကျောင်းဖိုရမ်ရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီ ငါထင်တာတော့ မော်ကွန်းထိန်းက မင်းဆီမကြာခင် ရောက်လာတော့မယ်"

နောက်ထပ် အခန်းဖော် တစ်ယောက်က ကြားဖြတ်ပြောလာတယ် : "ငါကငါ့သူငယ်ချင်းကို postတင်တဲ့သူကို စုံစမ်းခိုင်းတော့ မင်းကိုတိုင်တဲ့သူက ငါတို့အတန်းရဲ့ ဘေးအတန်းက omegaတစ်ယောက်ပဲ ငါကြားတာတော့ သူကရင်ရှင်းချန်ရဲ့ သူငယ်ချင်းကောင်းဆိုပဲ ပြီးတော့ သူ့မိသားစုကလည်း နောက်ခံကောင်းတယ်တဲ့"

ယွီဖေး "..."
ဒီဇာတ်ကြောင်းက သူနဲ့သိပ်မရင်းနှီးပေမယ့် သူလုံးဝတော့ အံ့ဩမသွားဘူး။

အဓိကဇာတ်လိုက်တွေက အချိန်အတော်ကြာ ပေါ်မလာသေးတာကြောင့် သူစာအုပ်ထဲ ရောက်နေတယ်ဆိုတာ မေ့လုနီးပါးပဲ။

ကျောင်းချီပြောသလိုပဲ မော်ကွန်းထိန်းက သူတို့အတန်းမပြီးသေးခင် ရောက်လာပြီး ယွီဖေးကို ခေါ်ထုတ်သွားတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now