ကုဝေက ဘာတစ်ခုမှ အမှားလုပ်မထားဘူး။ သူ့ရဲ့ကိုယ်ပိုင် အတွေးတွေကသာ မှားယွင်းနေတာ။

သူအခု အရေးမကြီးတဲ့ ကိစ္စလေးအတွက်နဲ့ ကုဝေကို စိတ်ဆိုးခဲ့မိတာပေါ့လေ။

"မင်းဘာတွေလုပ်နေတာလဲ?"
ဒီမှာနေတာကြာလာတော့ လူတစ်ချို့က သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံပေးပြီး သက်တောင့်သက်သာရှိတဲ့ ဘဝမှာနေလာရတော့ ကိုယ့်ကိုကိုယ် စာအုပ်ထဲက ယွီဖေးအစစ်လို့ ထင်နေပြီလား?

အခန်းထဲ ပြန်ဝင်လာပြီး ယွီဖေးက အမှားဝန်ခံတဲ့ အနေနဲ့ ကုဝေကို မက်ဆေ့ခ်ျ လှမ်းပို့လိုက်တယ်။

ယွီဖေး : ကျွန်တော် တောင်းပန်ပါတယ် ဒီနေ့ကျွန်တော် စိတ်အခြေအနေ သိပ်မကောင်းလို့ပါ

ကုဝေက အလုပ်ရှုပ်နေလို့ထင်တယ် သူ့ကိုချက်ချင်း စာပြန်မလာဘူး။

သူတို့က တစ်မိုးအောက်မှာ အတူတူ နေကြပေမယ့်လည်း ယွီဖေးက အပေါ်ထပ်တက်ပြီး ကုဝေကို သွားမရှာချင်ခဲ့ဘူး။

ဒီအချိန် ဒုတိယထပ်က စာကြည့်ခန်းထဲမှာရှိတဲ့ ကုဝေဟာ ယွီဖေးပို့လိုက်တဲ့ မက်ဆေ့ခ်ျကိုကြည့်ပြီး မျက်မှောင်ကြုပ်ရင်း စဉ်းစားနေတယ်။ ပြီးတော့သူက တစ်ခြားchatတွေထဲကနေ သူ့အကို ကုဝေးရဲ့ chatကို နှိပ်လိုက်တယ်။

ကုဝေးဟာ လက်ထပ်ပြီးသွားတဲ့ omegaတစ်ယောက်ဖြစ်တယ်။ အခုတော့သူက သူ့alphaနဲ့အတူ နိုင်ငံခြားမှာ နေနေတယ်။

ကုဝေ : တကယ်လို့ Wesleyက တစ်ခြားomegaတွေကြောင့် အကို့ကို စိတ်ပျက်သွားမယ်ဆိုရင် အကိုဘယ်လိုလုပ်မလဲ?

ကုဝေး : Wesleyက ငါ့ကိုဖောက်ပြန်နေတာလား?

ကုဝေ : မဟုတ်ပါဘူး

ကုဝေး : အိုး တော်သေးတာပေါ့ ဘာလို့ငါ့ကို ရုတ်တရက်ကြီး ဒါတွေလာမေးနေတာလဲ? ရှောင်ဖေးကမင်းကို စိတ်ဆိုးသွားလို့လား?

ကုဝေ : မဟုတ်ပါဘူး ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပါ

ကုဝေး : ဘာဖြစ်တာလဲဆိုတာ ငါ့ကိုအသေးစိတ်ပြောပြ

ကုဝေ : ကျွန်တော့် သူငယ်ချင်းက သူ့ပါတနာရဲ့ ခွင့်ပြုချက် မရဘဲ သူ့ပါတနာရဲ့ အတွင်းရေးမှူးကို လဲလိုက်တယ်

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now