"နားလည်ပါပြီ မစ္စတာကု"
ထန်းယွီက သဘောတူတဲ့အနေနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။

သူ့ဘော့စ် အရင်ထွက်သွားတာကို စောင့်ကြည့်ပြီးတဲ့နောက်မှာ ထန်းယွီက သူ့ဘော့စ်နဲ့ စာချုပ်ပါတနာ ဖြစ်လာမယ့် betaကောင်လေးကို လှည့်ကြည့်လိုက်တယ်။

"မစ္စတာယွီ တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော်က ထန်းယွီပါ"
ထန်းယွီက သိမ်သိမ်မွေ့မွေ့ ပြုံးပြပြီး ယဉ်ယဉ်ကျေးကျေး ပြောလိုက်တယ်။

ယွီဖေးက အတူတူပဲ သိမ်သိမ်မွေ့မွေ့ ပြန်ပြုံးပြကာ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်တယ်
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်"

ထန်းယွီရဲ့ မျက်နှာပေါ်က အပြုံးက အေးခဲသွားပြီး
"မစ္စတာယွီ မင်းက ချိန်းထားတဲ့ အချိန်ထက် စောပြီးရောက်လာတာပဲ အပေါ်တက်ပြီး စကားပြောကြရအောင်"

ယွီဖေးက သူစီးလာတဲ့ ဖိနပ်အပါးတွေကို ညွှန်ပြလိုက်ပြီး
"ချိန်းထားတဲ့နေရာ ပြောင်းချင်လား? ကျွန်တော့်အနေနဲ့ အထဲကို ဒီလိုမျိုး လိုက်ဝင်ဖို့က မသင့်တော်ဘူးထင်တယ်"

ထန်းယွီ "အဆင်ပြေပါတယ်ဗျ ဖန်းမောင်က ကုမိသားစု ပိုင်ဆိုင်တာပဲ မင်းယဉ်ကျေးနေစရာ မလိုပါဘူး"

ထန်းယွီက ယွီဖေးရဲ့အရှေ့ကနေ ဦးဆောင်ပြီး လျှောက်သွားလိုက်တယ်။ ပြီးတဲ့နောက် လူနှစ်ယောက်ဟာ အဆောက်အဦးထဲကို အဟန့်အတားမရှိ ဝင်ရောက်သွားတော့တယ်။

ယွီဖေးကို တားခဲ့တဲ့ လုံခြုံရေးကလည်း ယွီဖေးနဲ့ တစ်ခါမှ မတွေ့ဖူးခဲ့သလိုမျိုး အရှေ့ကိုသာ တည့်တည့်ရှုရင်း အပေါက်ဝမှာ မတ်မတ်ကြီး ရပ်ကျန်နေခဲ့တော့တယ်။

အဆောက်အဦးထဲကို ရောက်တာနဲ့ ယွီဖေးက သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။

"အတွင်းရေးမှူးထန်း အနီးအနားက ကော်ဖီဆိုင်တစ်ဆိုင်ကိုပဲ သွားရအောင်ပါ ကျွန်တော်ဧည့်ခံပါ့မယ်"

ထန်းယွီက အနည်းငယ် ပဟေဋ္ဌိဖြစ်နေတဲ့ အကြည့်နဲ့ လှည့်ကြည့်လိုက်ပေမယ့် ဘာမှတော့ မမေးခဲ့ဘူး
"ကောင်းပါပြီ"
ဘာပဲဖြစ်ဖြစ် သူကအကြီးအကဲကုရဲ့ အနာဂတ် စာချုပ်ပါတနာလေးပဲလေ သူမျက်နှာသာပေးရမှာပေါ့။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now