Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြ...

By friedeggs_r_da_best

1.7M 296K 33.3K

Both Zawgyi and Unicode. More

Introduction
Chapter 01
Chapter 02
Chapter 03
Chapter 04
Chapter 05
Chapter 06
Chapter 07
Chapter 08
Chapter 09
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29.1
Chapter 29.2
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Not Update
Extra One
Extra Two
Extra Three
Extra Four

Chapter 47

20.6K 3.9K 455
By friedeggs_r_da_best

Zawgyi

ကိုယ္ကမင္းရဲ႕Genie

ဒီေန႔ ကုေဝက ေစာေစာျပန္လာခဲ့တယ္။ ယြီေဖး ျပင္ဆင္ေပးထားတဲ့ ညစာကိုစားၿပီး အျပင္မွာ အခုထိ မီးေတြမလင္းေသးတာကိုေတြ႕ေတာ့ ကုေဝက ယြီေဖးကို အျပင္ထြက္ဖို႔ ေခၚခဲ့တယ္။

"မင္းျပင္ဆင္ေပးထားတဲ့ ညစာအတြက္ ေက်းဇူးဆပ္တဲ့ အေနနဲ႔ ကိုယ္ဒီေန႔ မင္းကို ပင္လယ္ႀကီးဆီ ေခၚသြားေပးမယ္"

ယြီေဖးကေတာ့ ေတြေဝေနတဲ့ အမူအရာနဲ႔ ကမ္းေျခဆီကို ကုေဝ အေနာက္ကေန လိုက္သြားလိုက္ၿပီး အေပ်ာ္စီး သေဘၤာေပၚတက္ကာ နက္ရႈိင္းတဲ့ ပင္လယ္ႀကီးထဲကို ခရီးႏွင္ခဲ့တယ္။

သူတို႔ဟာ ကမ္းေျခနဲ႔ ေဝးသထက္ ေဝးလာတာကို သတိထားမိေတာ့ ကုေဝက တကယ္ႀကီး သူ႔ကို ပင္လယ္ထဲ ေခၚသြားခ်င္ေနတယ္ဆိုတာ ယြီေဖး နားလည္လိုက္တယ္။

"ကြၽန္ေတာ္တို႔ ဘယ္ကိုသြားေနတာလဲ?"
ကုန္းပတ္ေပၚမွာ ယြီေဖးနဲ႔ ကုေဝက အတူတူ မတ္တပ္ရပ္ေနၾကၿပီး တိုက္ခတ္ေနတဲ့ ပင္လယ္ေလေတြဆီကို မ်က္နွာမူကာ သူတို႔ေခါင္းေပၚက ဆံပင္ေတြဟာလည္း ေလျပင္းေၾကာင့္ ဖြာလန္ႀကဲေနၾကတယ္။ ထို႔ေနာက္ ယြီေဖးက ကုေဝရွိရာဖက္ကို လွည့္လိုက္ၿပီး အနည္းငယ္ စိတ္လႈပ္ရွားစြာနဲ႔ ေမးလာခဲ့တယ္။

သူ႔ရဲ႕တက္ႂကြေနတဲ့ ပံုစံကို ကုေဝက သေဘာေခြ႕သြားၿပီး : "ကိုယ္မေျပာျပဘူး ေရာက္ရင္သိမွာေပါ့"

ထိုလူက အခုထိ သူ႔ကို လ်ွိဳ႕ဝွက္ထားခ်င္ေနတုန္းပဲ။ ယြီေဖးက အၾကည့္လႊဲပစ္လိုက္ၿပီးေနာက္ တိုက္ခတ္ေနတဲ့ ေလညင္းေတြနဲ႔ ပုတ္ခတ္ေနတဲ့ လႈိင္းလံုးေတြေၾကာင့္ ရင္ဖိုသလို ခံစားေနရကာ ခမ္းနားလွတဲ့ ပင္လယ္ျပင္ႀကီးနဲ႔ ေကာင္းကင္က်ယ္ႀကီးရဲ႕ ျမင္ကြင္းေတြေၾကာင့္ သူ႔နွလံုးသားထဲက စိတ္ဓာတ္က်ေနတဲ့ ခံစားခ်က္ေတြဟာ ေပ်ာက္ကြယ္သြားေတာ့တယ္။

ကမ္းေျခကို လွမ္းမျမင္ရေတာ့တဲ့ တစ္ေနရာမွာ အေပ်ာ္စီး သေဘၤာက ရပ္တန္႔သြားတယ္။ ယြီေဖးကေတာ့ တလက္လက္ ေတာက္ပေနတဲ့ ပင္လယ္ေရေတြနဲ႔ ေကာင္းကင္ႀကီးကို ေတြေဝမိန္းေမာစြာ ေငးၾကည့္ေနမိတယ္။

အကယ္၍ genieေတြသာ တကယ္တည္ရွိခဲ့ရင္ သူတကယ္ ဆုတစ္ခုေလာက္ ေတာင္းခ်င္တယ္ : ဒီအိမ္မက္ဆန္တဲ့ ကမၻာႀကီးမွာ သူ႔ကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနခြင့္ျပဳပါလို႔။

"ဘာေတြစဥ္းစားေနတာလဲ?"
ကုေဝက ေခါင္းငံု႔လိုက္ၿပီး ညင္သာတဲ့ ေလသံေလးနဲ႔ ေမးလိုက္တယ္။

ယြီေဖးက ၿပံဳးလိုက္ၿပီး မ်က္လံုးပင့္ကာ ကုေဝရဲ႕ မ်က္လံုးေတြနဲ႔ အၾကည့္ခ်င္းဆံုလိုက္ရင္း : "ပင္လယ္ထဲမွာ genieေတြမ်ား ရွိေနမလားလို႔ ကြၽန္ေတာ္ စဥ္းစားေနတာ"

ကုေဝ : "ဆုေတာင္းခ်င္လို႔လား?"

ယြီေဖး : "အင္း"

ကုေဝ : "ဘာဆုေတာင္းလဲ?"

ယြီေဖး : "ကြၽန္ေတာ္ ေျပာျပလို႔ မျဖစ္ဘူး ေျပာျပလိုက္ရင္ ဆုေတာင္းမျပည့္ေတာ့ဘဲ ေနလိမ့္မယ္"

ကုေဝကသူ႔ကို စေနာက္လာတယ္ : "ဒါဆိုလည္း စာ႐ြက္ေပၚမွာေရးၿပီး ပင္လယ္ထဲကို ပစ္လိုက္ေလ Poseidonက ေတြ႕သြားလိမ့္မယ္"

"ပုလင္းထဲထည့္ၿပီး ေမ်ွာလိုက္ရမွာလား? အဲ့တာမ်ိဳးေတြက ပတ္ဝန္းက်င္ကို ညစ္ညမ္းမႈ မျဖစ္ေစဘူးလား?"
ယြီေဖးက ပေဟဠိျဖစ္စြာနဲ႔ ေမးလိုက္တယ္။

ကုေဝ : "...ဒါဆိုလည္း ပင္လယ္ထဲကို မပစ္ေတာ့နဲ႔ ကိုယ့္ဆီကိုပဲ ပစ္လိုက္ေတာ့"

ယြီေဖး : "ဘာျဖစ္လို႔ ကြၽန္ေတာ့္ ဆုေတာင္းကို ခင္ဗ်ားဆီ ပစ္လိုက္ရမွာလဲ?"

"မင္းရဲ႕ဆုေတာင္းေတြကို ျဖည့္ဆည္းေပးဖို႔ ကိုယ္ကမင္းရဲ႕genie ျဖစ္ေပးမယ္ေလ"
ကုေဝက သေဘၤာရဲ႕ နံရံဘက္ကို လက္တစ္ဖက္နဲ႔ ေဘးတိုက္မွီထားၿပီး က်န္လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ထဲ ထည့္ထားတယ္။ သူက ဒီစကားေတြကို ေပါ့ေပါ့ပါးပါးပဲ ေျပာလိုက္ေပမယ့္ သူ႔မ်က္လံုးေတြကေတာ့ အတည္ျဖစ္ေၾကာင္းကို အေလးအနက္ ေဖာ္ျပေနေလတယ္။

ယြီေဖးက မ်က္ေတာင္တဖ်ပ္ဖ်ပ္ ခတ္လိုက္ကာ သူ႔နွလံုးသားကလည္း ျပင္းထန္စြာ ခုန္လႈပ္ေနတာေၾကာင့္ ရွက္႐ြံ႕စြာနဲ႔ အၾကည့္လႊဲလိုက္ၿပီး : "ေကာင္းၿပီေလ ဒါဆို... ဒါဆိုရင္လည္း ကြၽန္ေတာ္ စဥ္းစားၿပီးရင္ ခင္ဗ်ားကို ေျပာမယ္"

အလကားရမယ့္ ဆုေတာင္းတစ္ခုလား ယြီေဖးက ကုေဝရဲ႕ အလွတရားေၾကာင့္ ဖမ္းစားခံလိုက္ရတာေတာ့ မဟုတ္ေပမယ့္ အခြင့္အေရးက တံခါးဖြင့္ေပးလာရင္ အမိအရ ဖမ္းဆုပ္ထားရမယ္ ဆိုတာကိုေတာ့ သူသိေသးတယ္။

ကုေဝက ရယ္ေမာလိုက္ၿပီး : "အိုေခေလ ကိုယ္မင္းကို ေစာင့္ေနမယ္"

ေနလံုးႀကီးက တျဖည္းျဖည္းနဲ႔ အေနာက္အရပ္ကို တိုးဝင္သြားၿပီး လမင္းႀကီးက တစ္စတစ္စ ထြက္ေပၚလာေနၿပီ။ ၿပီးေတာ့ ညအခ်ိန္အခါမွာ ပင္လယ္ျပင္ႀကီးကလည္း လူေတြကို တည္ၿငိမ္မႈေတြနဲ႔ အံ့ဩဖြယ္ရာေတြကို ေပးစြမ္းေနတယ္။

ယြီေဖးက ခံုေပၚမွာ ထိုင္ခ်လိုက္ၿပီး ကုေဝ ျပင္ေပးထားတဲ့ အသီးေတြကို စားရင္းနဲ႔ ကုေဝကို လွမ္းေမးလိုက္တယ္ : "အခုထိ မစေသးဘူးလား?"

ကုေဝဟာ မလွမ္းမကမ္းကေန သူ႔ကို လွမ္းႏႈတ္ဆက္ေနတဲ့ ကပၸတိန္ကို ၾကည့္လိုက္ၿပီး သူ႔ႏႈတ္ခမ္းေတြ ေကြးၫြတ္သြားကာ ယြီေဖးကို ျပန္ေျဖလိုက္တယ္ : "အခုပဲ"

အခ်ိန္အၾကာႀကီး ေစာင့္ဆိုင္းခဲ့ရၿပီးေနာက္ ယြီေဖးက အနည္းငယ္ ပင္ပန္းလာတာေၾကာင့္ ကုေဝရဲ႕ စကားကိုၾကားေတာ့ ေခါင္းေမာ့လိုက္ၿပီး :"ဘယ္နားမွာလဲ?"

ကုေဝက သူ႔ဆီကို လက္ဆန္႔ထုတ္လာၿပီး : "ကိုယ့္ေနာက္က လိုက္ခဲ့"

ယြီေဖးက ခဏတာ အံ့အားသင့္သြားၿပီးေနာက္ သူ႔လက္ကို ကုေဝရဲ႕ လက္ဖဝါးျပင္ထဲ ထည့္ေပးလိုက္တယ္။

နွစ္ေယာက္သား သေဘၤာဦးပိုင္းဆီကို ေလ်ွာက္လာၾကတယ္။ သေဘၤာဦးပိုင္းမွာ အလင္းေရာင္ေတြ မွိန္ေနေပမယ့္ သူတို႔လမ္းေလ်ွာက္ဖို႔ အတြက္ေတာ့ အဆင္ေျပေသးတယ္။

ယြီေဖးက ကုေဝ အေနာက္ကေန လိုက္ေနခဲ့ၿပီး ကုေဝကေတာ့ သေဘၤာဦးပိုင္းရဲ႕ အစြန္ေနရာကို ဦးတည္သြားေနခဲ့တယ္။

"ကိုယ္တို႔ေရာက္ၿပီ"

ကုေဝက ေဘးေ႐ႊ႕ေပးလိုက္ၿပီး ယြီေဖးကို ပင္လယ္ႀကီးအား ၾကည့္ရႈေစခဲ့တယ္။

နက္ေမွာင္ေနတဲ့ ပင္လယ္ႀကီးရဲ႕ မ်က္နွာျပင္ေပၚမွာ အျပာေဖ်ာ့ေဖ်ာ့ေလးနဲ႔ အျဖဴေရာင္ အလင္းေလးေတြက ေပါေလာေပၚေနတယ္။ ၿပီးေတာ့ တစ္ျခားအလင္းေရာင္ေလးေတြလည္း အခ်ိန္နဲ႔အမ်ွ ေျပာင္းလဲေနၿပီး ၾကယ္ေလးေတြက ပင္လယ္ျပင္က်ယ္ႀကီးထဲကို ေႂကြက်ေနသလိုမ်ိဳးပဲ။ ကင္းဗတ္စေပၚမွာ ေရးျခယ္ထားတဲ့ စိန္ပြင့္ေလးေတြနဲ႔လည္းတူတယ္။ အရမ္းကို အံ့ဩစရာေကာင္းတာပဲ။

ယြီေဖးက ကုေဝကို လွည့္ၾကည့္လိုက္ၿပီး : "အဲ့တာေတြက... jellyfishေတြလား?"

ကုေဝ : "ဟုတ္တယ္"

"အရမ္းလွတာပဲ"
ယြီေဖးက ေရွ႕ကို၂လွမ္းေလာက္ တိုးသြားလိုက္ၿပီး ဦးပိုင္းအစြန္းမွာရပ္ကာ နတ္ျပည္ကို ေရာက္ေနသလိုမ်ိဳး အိမ္မက္ဆန္လွတဲ့ ျမင္ကြင္းေလးကို တေမ့တေမာ ၾကည့္ရႈေနခဲ့တယ္။

ကုေဝကေတာ့ ယြီေဖး အေနာက္မွာ ရပ္ေနကာ သူ႔ႏႈတ္ခမ္းေတြက အသာအယာ ေကြးၫြတ္သြားေတာ့တယ္။

ရိုမန္႔တစ္ဆန္တဲ့ ျမင္ကြင္းေတြက အၿမဲတမ္း လူေတြကို ရိုမန္႔တစ္ဆန္တဲ့ အရာတစ္ခုခု ျပဳလုပ္လာေစခ်င္တယ္။ ယြီေဖးက ေနာက္လွည့္လိုက္ကာ သေဘၤာလက္တန္းကို ေက်ာမွီလိုက္ၿပီး ကုေဝနဲ႔ မ်က္နွာခ်င္း ဆိုင္လိုက္တယ္။

"ကြၽန္ေတာ့္ရဲ႕ genie ကြၽန္ေတာ္ ဆုတစ္ခုေလာက္ ေတာင္းခ်င္တယ္"

ကုေဝက သူ႔မ်က္လံုးထဲမွာ ေရာင္ျပန္ဟပ္ေနတဲ့ အလင္းေရာင္ ေတာက္ေတာက္ေလးေတြနဲ႔ ၾကည့္လာတယ္။ သူ႔ေရွ႕က ေကာင္ေလးေၾကာင့္ သူ႔မ်က္လံုးထဲမွာ ေမ်ွာ္လင့္ခ်က္ေတြ တလက္လက္ ေတာက္ပေနခဲ့တယ္။

"ကိုယ္ရွိတယ္"

ယြီေဖးက လက္ေျမႇာက္လိုက္ၿပီး ကုေဝရဲ႕ လည္ပင္းမွာ တြယ္ခ်ိတ္လိုက္ကာ ႀကီးျမတ္လွတဲ့ alphaႀကီးကို ေခါင္းငံု႔ေစခဲ့တယ္။

"ဒီေန႔အတြက္ pheromoneထိန္းေပးတာကို ဒီေနရာမွာလုပ္လို႔ အဆင္ေျပမလား?"

ကုေဝက လက္တစ္ဖက္ကို ယြီေဖး အေနာက္က လက္တန္းေပၚမွာ ေထာက္လိုက္ၿပီး က်န္တစ္ဖက္နဲ႔ ယြီေဖးရဲ႕ ခါးေလးကို သိမ္းဖက္လိုက္တယ္။ ၿပီးေနာက္ ကုေဝက ႏူးႏူးညံ့ညံ့ေလး ရယ္ေမာလိုက္ၿပီး : "ဝမ္းေျမာက္ဝမ္းသာနဲ႔ကို ကူညီပါ့မယ္"

သူတို႔ႏႈတ္ခမ္းေတြ ထိကပ္သြားတဲ့ အခ်ိန္မွာ ရုတ္တရက္ ယြီေဖးက အႏၲရာယ္မ်ားတဲ့ စိတ္ကူးတစ္ခု ရသြားတယ္။

ဒီအမ်ိဳးသားက စြမ္းအားႀကီးတယ္၊ အထက္စီးဆန္တယ္၊ ႏူးညံ့ညင္သာၿပီးေတာ့ ရိုမန္႔တစ္လည္းဆန္တယ္။

ထိုအမ်ိဳးသားက သူ႔ကိုသေဘာက်ေနတာမ်ားလား?

ညအခ်ိန္ ပင္လယ္ေလေတြက အၾကမ္းပတမ္း တိုက္ခတ္ေနေပမယ့္ ကုေဝရဲ႕ ေပြ႕ဖက္ထားမႈက သူ႔ကိုေႏြးေထြးေနေစတယ္။

ယြီေဖးက ပါးစပ္ဟကာ alphaရဲ႕ ညင္ညင္သာသာ က်ဴးေက်ာ္ဝင္ေရာက္လာမႈကို နွလံုးသားတစ္ခုလံုး ပံုအပ္ထားၿပီး ယံုၾကည္လိုက္ကာ ခြင့္ျပဳေပးလိုက္တယ္။

အခုခ်ိန္မွာ သူဆံုးျဖတ္လိုက္တာက သူကုေဝကို ဆက္လိုက္ခ်င္တယ္၊ သူကုေဝကို သေဘာက်ေၾကာင္း ဝန္ခံခ်င္တယ္၊ ဒီalphaႀကီးကို သူတစ္ေယာက္တည္း ပိုင္ဆိုင္ခ်င္တယ္၊ ၿပီးေတာ့ သူကုေဝကို ႀကိဳက္သေလာက္ ကုေဝကလည္း သူ႔ကို ျပန္ႀကိဳက္ေစခ်င္တယ္။

သူက်ရႈံးခဲ့မယ္ဆိုရင္ေတာင္ အေကာင္းဆံုးေတာ့ ႀကိဳးစားၾကည့္ခ်င္ေသးတယ္။

Unicode

ကိုယ်ကမင်းရဲ့Genie

ဒီနေ့ ကုဝေက စောစောပြန်လာခဲ့တယ်။ ယွီဖေး ပြင်ဆင်ပေးထားတဲ့ ညစာကိုစားပြီး အပြင်မှာ အခုထိ မီးတွေမလင်းသေးတာကိုတွေ့တော့ ကုဝေက ယွီဖေးကို အပြင်ထွက်ဖို့ ခေါ်ခဲ့တယ်။

"မင်းပြင်ဆင်ပေးထားတဲ့ ညစာအတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ ကိုယ်ဒီနေ့ မင်းကို ပင်လယ်ကြီးဆီ ခေါ်သွားပေးမယ်"

ယွီဖေးကတော့ တွေဝေနေတဲ့ အမူအရာနဲ့ ကမ်းခြေဆီကို ကုဝေ အနောက်ကနေ လိုက်သွားလိုက်ပြီး အပျော်စီး သင်္ဘောပေါ်တက်ကာ နက်ရှိုင်းတဲ့ ပင်လယ်ကြီးထဲကို ခရီးနှင်ခဲ့တယ်။

သူတို့ဟာ ကမ်းခြေနဲ့ ဝေးသထက် ဝေးလာတာကို သတိထားမိတော့ ကုဝေက တကယ်ကြီး သူ့ကို ပင်လယ်ထဲ ခေါ်သွားချင်နေတယ်ဆိုတာ ယွီဖေး နားလည်လိုက်တယ်။

"ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ?"
ကုန်းပတ်ပေါ်မှာ ယွီဖေးနဲ့ ကုဝေက အတူတူ မတ်တပ်ရပ်နေကြပြီး တိုက်ခတ်နေတဲ့ ပင်လယ်လေတွေဆီကို မျက်နှာမူကာ သူတို့ခေါင်းပေါ်က ဆံပင်တွေဟာလည်း လေပြင်းကြောင့် ဖွာလန်ကြဲနေကြတယ်။ ထို့နောက် ယွီဖေးက ကုဝေရှိရာဖက်ကို လှည့်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားစွာနဲ့ မေးလာခဲ့တယ်။

သူ့ရဲ့တက်ကြွနေတဲ့ ပုံစံကို ကုဝေက သဘောခွေ့သွားပြီး : "ကိုယ်မပြောပြဘူး ရောက်ရင်သိမှာပေါ့"

ထိုလူက အခုထိ သူ့ကို လျှို့ဝှက်ထားချင်နေတုန်းပဲ။ ယွီဖေးက အကြည့်လွှဲပစ်လိုက်ပြီးနောက် တိုက်ခတ်နေတဲ့ လေညင်းတွေနဲ့ ပုတ်ခတ်နေတဲ့ လှိုင်းလုံးတွေကြောင့် ရင်ဖိုသလို ခံစားနေရကာ ခမ်းနားလှတဲ့ ပင်လယ်ပြင်ကြီးနဲ့ ကောင်းကင်ကျယ်ကြီးရဲ့ မြင်ကွင်းတွေကြောင့် သူ့နှလုံးသားထဲက စိတ်ဓာတ်ကျနေတဲ့ ခံစားချက်တွေဟာ ပျောက်ကွယ်သွားတော့တယ်။

ကမ်းခြေကို လှမ်းမမြင်ရတော့တဲ့ တစ်နေရာမှာ အပျော်စီး သင်္ဘောက ရပ်တန့်သွားတယ်။ ယွီဖေးကတော့ တလက်လက် တောက်ပနေတဲ့ ပင်လယ်ရေတွေနဲ့ ကောင်းကင်ကြီးကို တွေဝေမိန်းမောစွာ ငေးကြည့်နေမိတယ်။

အကယ်၍ genieတွေသာ တကယ်တည်ရှိခဲ့ရင် သူတကယ် ဆုတစ်ခုလောက် တောင်းချင်တယ် : ဒီအိမ်မက်ဆန်တဲ့ ကမ္ဘာကြီးမှာ သူ့ကိုပျော်ပျော်ရွှင်ရွှင် နေခွင့်ပြုပါလို့။

"ဘာတွေစဉ်းစားနေတာလဲ?"
ကုဝေက ခေါင်းငုံ့လိုက်ပြီး ညင်သာတဲ့ လေသံလေးနဲ့ မေးလိုက်တယ်။

ယွီဖေးက ပြုံးလိုက်ပြီး မျက်လုံးပင့်ကာ ကုဝေရဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံလိုက်ရင်း : "ပင်လယ်ထဲမှာ genieတွေများ ရှိနေမလားလို့ ကျွန်တော် စဉ်းစားနေတာ"

ကုဝေ : "ဆုတောင်းချင်လို့လား?"

ယွီဖေး : "အင်း"

ကုဝေ : "ဘာဆုတောင်းလဲ?"

ယွီဖေး : "ကျွန်တော် ပြောပြလို့ မဖြစ်ဘူး ပြောပြလိုက်ရင် ဆုတောင်းမပြည့်တော့ဘဲ နေလိမ့်မယ်"

ကုဝေကသူ့ကို စနောက်လာတယ် : "ဒါဆိုလည်း စာရွက်ပေါ်မှာရေးပြီး ပင်လယ်ထဲကို ပစ်လိုက်လေ Poseidonက တွေ့သွားလိမ့်မယ်"

"ပုလင်းထဲထည့်ပြီး မျှောလိုက်ရမှာလား? အဲ့တာမျိုးတွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မဖြစ်စေဘူးလား?"
ယွီဖေးက ပဟေဠိဖြစ်စွာနဲ့ မေးလိုက်တယ်။

ကုဝေ : "...ဒါဆိုလည်း ပင်လယ်ထဲကို မပစ်တော့နဲ့ ကိုယ့်ဆီကိုပဲ ပစ်လိုက်တော့"

ယွီဖေး : "ဘာဖြစ်လို့ ကျွန်တော့် ဆုတောင်းကို ခင်ဗျားဆီ ပစ်လိုက်ရမှာလဲ?"

"မင်းရဲ့ဆုတောင်းတွေကို ဖြည့်ဆည်းပေးဖို့ ကိုယ်ကမင်းရဲ့genie ဖြစ်ပေးမယ်လေ"
ကုဝေက သင်္ဘောရဲ့ နံရံဘက်ကို လက်တစ်ဖက်နဲ့ ဘေးတိုက်မှီထားပြီး ကျန်လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားတယ်။ သူက ဒီစကားတွေကို ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပေမယ့် သူ့မျက်လုံးတွေကတော့ အတည်ဖြစ်ကြောင်းကို အလေးအနက် ဖော်ပြနေလေတယ်။

ယွီဖေးက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ကာ သူ့နှလုံးသားကလည်း ပြင်းထန်စွာ ခုန်လှုပ်နေတာကြောင့် ရှက်ရွံ့စွာနဲ့ အကြည့်လွှဲလိုက်ပြီး : "ကောင်းပြီလေ ဒါဆို... ဒါဆိုရင်လည်း ကျွန်တော် စဉ်းစားပြီးရင် ခင်ဗျားကို ပြောမယ်"

အလကားရမယ့် ဆုတောင်းတစ်ခုလား ယွီဖေးက ကုဝေရဲ့ အလှတရားကြောင့် ဖမ်းစားခံလိုက်ရတာတော့ မဟုတ်ပေမယ့် အခွင့်အရေးက တံခါးဖွင့်ပေးလာရင် အမိအရ ဖမ်းဆုပ်ထားရမယ် ဆိုတာကိုတော့ သူသိသေးတယ်။

ကုဝေက ရယ်မောလိုက်ပြီး : "အိုခေလေ ကိုယ်မင်းကို စောင့်နေမယ်"

နေလုံးကြီးက တဖြည်းဖြည်းနဲ့ အနောက်အရပ်ကို တိုးဝင်သွားပြီး လမင်းကြီးက တစ်စတစ်စ ထွက်ပေါ်လာနေပြီ။ ပြီးတော့ ညအချိန်အခါမှာ ပင်လယ်ပြင်ကြီးကလည်း လူတွေကို တည်ငြိမ်မှုတွေနဲ့ အံ့ဩဖွယ်ရာတွေကို ပေးစွမ်းနေတယ်။

ယွီဖေးက ခုံပေါ်မှာ ထိုင်ချလိုက်ပြီး ကုဝေ ပြင်ပေးထားတဲ့ အသီးတွေကို စားရင်းနဲ့ ကုဝေကို လှမ်းမေးလိုက်တယ် : "အခုထိ မစသေးဘူးလား?"

ကုဝေဟာ မလှမ်းမကမ်းကနေ သူ့ကို လှမ်းနှုတ်ဆက်နေတဲ့ ကပ္ပတိန်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေ ကွေးညွတ်သွားကာ ယွီဖေးကို ပြန်ဖြေလိုက်တယ် : "အခုပဲ"

အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးနောက် ယွီဖေးက အနည်းငယ် ပင်ပန်းလာတာကြောင့် ကုဝေရဲ့ စကားကိုကြားတော့ ခေါင်းမော့လိုက်ပြီး :"ဘယ်နားမှာလဲ?"

ကုဝေက သူ့ဆီကို လက်ဆန့်ထုတ်လာပြီး : "ကိုယ့်နောက်က လိုက်ခဲ့"

ယွီဖေးက ခဏတာ အံ့အားသင့်သွားပြီးနောက် သူ့လက်ကို ကုဝေရဲ့ လက်ဖဝါးပြင်ထဲ ထည့်ပေးလိုက်တယ်။

နှစ်ယောက်သား သင်္ဘောဦးပိုင်းဆီကို လျှောက်လာကြတယ်။ သင်္ဘောဦးပိုင်းမှာ အလင်းရောင်တွေ မှိန်နေပေမယ့် သူတို့လမ်းလျှောက်ဖို့ အတွက်တော့ အဆင်ပြေသေးတယ်။

ယွီဖေးက ကုဝေ အနောက်ကနေ လိုက်နေခဲ့ပြီး ကုဝေကတော့ သင်္ဘောဦးပိုင်းရဲ့ အစွန်နေရာကို ဦးတည်သွားနေခဲ့တယ်။

"ကိုယ်တို့ရောက်ပြီ"

ကုဝေက ဘေးရွှေ့ပေးလိုက်ပြီး ယွီဖေးကို ပင်လယ်ကြီးအား ကြည့်ရှုစေခဲ့တယ်။

နက်မှောင်နေတဲ့ ပင်လယ်ကြီးရဲ့ မျက်နှာပြင်ပေါ်မှာ အပြာဖျော့ဖျော့လေးနဲ့ အဖြူရောင် အလင်းလေးတွေက ပေါလောပေါ်နေတယ်။ ပြီးတော့ တစ်ခြားအလင်းရောင်လေးတွေလည်း အချိန်နဲ့အမျှ ပြောင်းလဲနေပြီး ကြယ်လေးတွေက ပင်လယ်ပြင်ကျယ်ကြီးထဲကို ကြွေကျနေသလိုမျိုးပဲ။ ကင်းဗတ်စပေါ်မှာ ရေးခြယ်ထားတဲ့ စိန်ပွင့်လေးတွေနဲ့လည်းတူတယ်။ အရမ်းကို အံ့ဩစရာကောင်းတာပဲ။

ယွီဖေးက ကုဝေကို လှည့်ကြည့်လိုက်ပြီး : "အဲ့တာတွေက... jellyfishတွေလား?"

ကုဝေ : "ဟုတ်တယ်"

"အရမ်းလှတာပဲ"
ယွီဖေးက ရှေ့ကို၂လှမ်းလောက် တိုးသွားလိုက်ပြီး ဦးပိုင်းအစွန်းမှာရပ်ကာ နတ်ပြည်ကို ရောက်နေသလိုမျိုး အိမ်မက်ဆန်လှတဲ့ မြင်ကွင်းလေးကို တမေ့တမော ကြည့်ရှုနေခဲ့တယ်။

ကုဝေကတော့ ယွီဖေး အနောက်မှာ ရပ်နေကာ သူ့နှုတ်ခမ်းတွေက အသာအယာ ကွေးညွတ်သွားတော့တယ်။

ရိုမန့်တစ်ဆန်တဲ့ မြင်ကွင်းတွေက အမြဲတမ်း လူတွေကို ရိုမန့်တစ်ဆန်တဲ့ အရာတစ်ခုခု ပြုလုပ်လာစေချင်တယ်။ ယွီဖေးက နောက်လှည့်လိုက်ကာ သင်္ဘောလက်တန်းကို ကျောမှီလိုက်ပြီး ကုဝေနဲ့ မျက်နှာချင်း ဆိုင်လိုက်တယ်။

"ကျွန်တော့်ရဲ့ genie ကျွန်တော် ဆုတစ်ခုလောက် တောင်းချင်တယ်"

ကုဝေက သူ့မျက်လုံးထဲမှာ ရောင်ပြန်ဟပ်နေတဲ့ အလင်းရောင် တောက်တောက်လေးတွေနဲ့ ကြည့်လာတယ်။ သူ့ရှေ့က ကောင်လေးကြောင့် သူ့မျက်လုံးထဲမှာ မျှော်လင့်ချက်တွေ တလက်လက် တောက်ပနေခဲ့တယ်။

"ကိုယ်ရှိတယ်"

ယွီဖေးက လက်မြှောက်လိုက်ပြီး ကုဝေရဲ့ လည်ပင်းမှာ တွယ်ချိတ်လိုက်ကာ ကြီးမြတ်လှတဲ့ alphaကြီးကို ခေါင်းငုံ့စေခဲ့တယ်။

"ဒီနေ့အတွက် pheromoneထိန်းပေးတာကို ဒီနေရာမှာလုပ်လို့ အဆင်ပြေမလား?"

ကုဝေက လက်တစ်ဖက်ကို ယွီဖေး အနောက်က လက်တန်းပေါ်မှာ ထောက်လိုက်ပြီး ကျန်တစ်ဖက်နဲ့ ယွီဖေးရဲ့ ခါးလေးကို သိမ်းဖက်လိုက်တယ်။ ပြီးနောက် ကုဝေက နူးနူးညံ့ညံ့လေး ရယ်မောလိုက်ပြီး : "ဝမ်းမြောက်ဝမ်းသာနဲ့ကို ကူညီပါ့မယ်"

သူတို့နှုတ်ခမ်းတွေ ထိကပ်သွားတဲ့ အချိန်မှာ ရုတ်တရက် ယွီဖေးက အန္တရာယ်များတဲ့ စိတ်ကူးတစ်ခု ရသွားတယ်။

ဒီအမျိုးသားက စွမ်းအားကြီးတယ်၊ အထက်စီးဆန်တယ်၊ နူးညံ့ညင်သာပြီးတော့ ရိုမန့်တစ်လည်းဆန်တယ်။

ထိုအမျိုးသားက သူ့ကိုသဘောကျနေတာများလား?

ညအချိန် ပင်လယ်လေတွေက အကြမ်းပတမ်း တိုက်ခတ်နေပေမယ့် ကုဝေရဲ့ ပွေ့ဖက်ထားမှုက သူ့ကိုနွေးထွေးနေစေတယ်။

ယွီဖေးက ပါးစပ်ဟကာ alphaရဲ့ ညင်ညင်သာသာ ကျူးကျော်ဝင်ရောက်လာမှုကို နှလုံးသားတစ်ခုလုံး ပုံအပ်ထားပြီး ယုံကြည်လိုက်ကာ ခွင့်ပြုပေးလိုက်တယ်။

အခုချိန်မှာ သူဆုံးဖြတ်လိုက်တာက သူကုဝေကို ဆက်လိုက်ချင်တယ်၊ သူကုဝေကို သဘောကျကြောင်း ဝန်ခံချင်တယ်၊ ဒီalphaကြီးကို သူတစ်ယောက်တည်း ပိုင်ဆိုင်ချင်တယ်၊ ပြီးတော့ သူကုဝေကို ကြိုက်သလောက် ကုဝေကလည်း သူ့ကို ပြန်ကြိုက်စေချင်တယ်။

သူကျရှုံးခဲ့မယ်ဆိုရင်တောင် အကောင်းဆုံးတော့ ကြိုးစားကြည့်ချင်သေးတယ်။

Continue Reading

You'll Also Like

1M 153K 178
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Tran...
2.9M 228K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
90.3K 7.6K 12
Chinese Manga Translation to Burmese Original Author : Tu Zi Translator & Rewriter : Hanashiro Yuzuki Full Credit to Origin