Zawgyi
ညအိမ္မက္
ေသာၾကာေန႔ စာေမးပြဲၿပီးေတာ့ ယြီေဖးက ေဟာခန္းႀကီးထဲကေန ထြက္လာခဲ့တယ္။ သူ႔အခန္းေဖာ္ေတြကို နႈတ္ဆက္လိုက္ၿပီး ေက်ာင္းဂိတ္ေပါက္ဝထိ တစ္ေယာက္တည္း ေလ်ွာက္လာတယ္။
သူ႔အိမ္က ေက်ာင္းနဲ႔နီးေတာ့ ပိတ္ရက္ေတြမွာ ယြီေဖးက မၾကာခဏ အိမ္ျပန္ေလ့ရွိၿပီး သူ႔အခန္းေဖာ္ေတြကလည္း ဒါကိုက်င့္သားရေနၾကၿပီ။
ေက်ာင္းဂိတ္ဝမွာ ယြီေဖးက ထန္းယြီရဲ႕ကားကို လွမ္းျမင္လိုက္ရတယ္။
ထန္းယြီကလည္း သူ႔ကိုျမင္တာေၾကာင့္ ကားထဲကေန ထြက္ၿပီး လက္လွမ္းျပလာတယ္။
ယြီေဖးက သူ႔ေျခလွမ္းေတြကို ထန္းယြီရွိရာ ေနရာဆီ ေရွ႕ဆက္ေလ်ွာက္သြားလိုက္တယ္။ ဒါေၾကာင့္ သူနဲ႔ေရွ႕ေနာက္ ေက်ာင္းဂိတ္ဝကို ထြက္လာတဲ့ က်န္႔ရိကို မျမင္မိဘူး။
ယြီေဖးက သူျမင္တယ္ဆိုတာကို ျပတဲ့အေနနဲ႔ ထန္းယြီကို လက္လွမ္းျပလိုက္တယ္။ ဒါေပမယ့္ မေမ်ွာ္လင့္ထားစြာပဲ ရင္းနွီးေနတဲ့ အသံတစ္သံက သူ႔ေဘးနားကေန ထြက္ေပၚလာခဲ့တယ္။
"မင္းရဲ႕ရည္းစားအသစ္လား?"
က်န္႔ရိကလည္း ကားနားမွာ ရပ္ေနတဲ့ ထန္းယြီကို လွမ္းၾကည့္ၿပီး ခပ္ခ်ဥ္ခ်ဥ္အသံနဲ႔ ေမးလိုက္တယ္။
ယြီေဖး လွည့္ၾကည့္လိုက္ေတာ့ က်န္႔ရိကို ေတြ႕လိုက္ရတယ္။ စကၠန္႔အနည္းငယ္ ေတြေဝၿပီးေနာက္မွာ ရွင္းမျပခ်င္တဲ့ ေလသံနဲ႔ ေျပာလိုက္တယ္
"မင္းနဲ႔ဘာဆိုင္လဲ?"
က်န္႔ရိက မနွစ္ၿမိဳ႕ဟန္ ျဖစ္သြားၿပီ ရန္လိုေနတဲ့ ပံုစံနဲ႔ "အနည္းဆံုးေတာ့ မင္းကေနာက္ထပ္ Alphaတစ္ေယာက္ကိုပဲ ရွာမွာလို႔ ထင္ထားတာ betaတစ္ေယာက္ကို ရွာမယ္လို႔ေတာ့ ထင္မထားဘူး"
ယြီေဖး : "..... သူကAlphaပါ"
ဒါကိုၾကားေတာ့ က်န္႔ရိက နွာမႈတ္လိုက္ၿပီး : "ဒီလိုပံုစံကလား?"
ယြီေဖးက သူနဲ႔ၾကာရွည္ မျငင္းခံုခ်င္တာေၾကာင့္ : "သူကငါ့ရဲ႕ သူငယ္ခ်င္း မင္းကေတာ့ ငါ့ရဲ႕ရည္းစားေဟာင္းပဲ ငါဘယ္သူနဲ႔ပဲ သူငယ္ခ်င္းလုပ္လုပ္ မင္းအပူမပါဘူး မင္းမွာငါနဲ႔ စကားေျပာဖို႔ အခ်ိန္ေတြပိုေနရင္ ရင္ရွင္းခ်န္ကိုပဲ ပိုဂရုစိုက္လိုက္ပါ"
Betaအေၾကာင္း ေျပာရရင္ သူလည္း betaပဲေလ ဒါကိုက်န္႔ရိက သူ႔ေရွ႕မွာ betaေတြကို အထင္ေသးရႈံ႕ခ်တာမ်ိဳး ဘယ္လိုေတာင္ ေျပာရဲရတာလဲ?
က်န္႔ရိက သူ႔နႈတ္ခမ္းေတြကို ကိုက္ထားၿပီး ဘာမွထပ္မေျပာေတာ့ဘူး။
ထန္းယြီကေတာ့ အခုထိ သူ႔ကိုယ္သူ ပဲေလွာ္ၾကားဆားညပ္ေနမွန္း မသိေသးဘူး။ သူကယြီေဖးရဲ႕ မ်က္နွာအမူအရာ မေကာင္းတာကိုေတြ႕ေတာ့ ကူညီဖို႔ ေရွ႕ကိုေလ်ွာက္လာလိုက္တယ္။ ဒါေပမယ့္ ယြီေဖးက သူ႔ဆီအရင္ေရာက္လာခဲ့တယ္။
"အိမ္ျပန္ရေအာင္"
ယြီေဖးက ထန္းယြီတံခါးဖြင့္ေပးထားတဲ့ ကားထဲကို ဝင္ထိုင္လိုက္ၿပီး ေျပာလိုက္တယ္။
ထန္းယြီက အိုေခလို႔ေျပာလိုက္ၿပီး ဒရိုင္ဘာေနရာကို ဝင္မထိုင္ခင္မွာ လမ္းတစ္ဖက္ကေန သတိေပးခ်င္ေနတဲ့ အၾကည့္ေတြနဲ႔ သူ႔ကိုတိတ္တဆိတ္လွမ္းၾကည့္ေနတဲ့ ေက်ာင္းသားAlphaေကာင္ေလးကို တစ္ခ်က္ၾကည့္လိုက္ေသးတယ္။
က်န္႔ရိက ေနရာမွာတင္ မတ္တပ္ရပ္ေနၿပီး ထြက္သြားတဲ့ကားကို တိတ္တဆိတ္ လိုက္ၾကည့္ေနမိတယ္။ သူ႔လက္ထဲက အနက္ေရာင္ ကိတ္မုန္႔ေလးကလည္း ေျမႀကီးေပၚ ျပဳတ္က်သြားခဲ့တယ္။ ၿပီးတာနဲ႔သူက အမူအရာမဲ့ေနတဲ့ အသြင္အျပင္နဲ႔ ေက်ာင္းထဲကို ျပန္ဝင္သြားေတာ့တယ္။
အတိတ္တုန္းက စာေမးပြဲၿပီးၿပီဆိုတာနဲ႔ ယြီေဖးက စိတ္အေျခအေန မေကာင္းတတ္ဘူး။ အနက္ေရာင္ကိတ္ စားၿပီးမွသာ သူ႔ရဲ႕စိတ္အေျခအေနက သက္ေတာင့္သက္သာ ျဖစ္သြားတတ္တာ။ ဒါေပမယ့္ အခုေတာ့ သူတစ္ႀကိမ္တည္းနဲ႔ နားလည္လိုက္တာက သူအႀကီးမားဆံုး အရွက္ရခဲ့တယ္ ဆိုတာပဲ။
ယြီေဖးက ဘာေၾကာင့္အခုေလာက္ထိ ျပတ္ျပတ္သားသား ဆံုးျဖတ္လိုက္ရတာလဲဆိုတာ သူနားမလည္နိုင္ဘူး။ အတိတ္တုန္းက ခ်စ္ျခင္းေမတၱာေတြက ဟန္ေဆာင္ခဲ့တာမ်ားလား?
Relationshipတစ္ခုမွာ အရင္ဆံုး ထြက္မသြားနိုင္တဲ့သူက အရႈံးပဲ။ ဒါေပမယ့္ သူတို႔relationshipမွာေတာ့ က်န္႔ရိက သူ႔ကိုယ္သူ အရႈံးသမားဆိုတာကို လက္မခံနိုင္ခဲ့ဘူး။
(ေနာက္ခံသီခ်င္းအေနနဲ႔ အေဆြးသီခ်င္းေလးေတြ လာေနပါလိမ့္မယ္ :")
ကားထဲမွာ ထန္းယြီက စိုးရိမ္ေနတဲ့ ပံုစံနဲ႔ေမးလာတယ္ : "မစၥတာယြီ ျပႆနာတစ္ခုခုမ်ား ရွိလို႔လား?"
ယြီေဖး : "မရွိပါဘူး"
"ဒါဆိုရင္ ေတာ္ေသးတာေပါ့ အနာဂတ္မွာ မင္းျပႆနာတစ္ခုခုနဲ႔ ႀကံဳရရင္ ကြၽန္ေတာ့္ကိုေျပာပါ ကြၽန္ေတာ္မင္းအတြက္ အေကာင္းဆံုး ေျဖရွင္းေပးပါ့မယ္"
ထန္းယြီက အရမ္းကို သိမ္ေမြ႕စြာနဲ႔ ေျပာလိုက္တယ္။
ထန္းယြီက တကယ္ေတာ့ ေက်ာင္းဂိတ္ဝမွာ ယြီေဖးနဲ႔အတူ ရပ္ေနခဲ့တဲ့လူကို သိေနၿပီးသား သူကေဖာက္ျပန္သြားတဲ့ ယြီေဖးရဲ႕ အရင္ရည္းစားပဲ။ ဒါကိုသူက ယြီေဖးနဲ႔ ဆက္စပ္ေနတဲ့ အေၾကာင္းေတြ စံုစမ္းစစ္ေဆးရာမွ သိရွိလာတာျဖစ္တယ္။ ယြီေဖးကသာ သူ႔သူေ႒းကို ဦးထုပ္စိမ္းေဆာင္းေပးမွာ မဟုတ္ဘူးဆိုရင္ သူတို႔လည္း ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဘာမွလုပ္မွာမဟုတ္ဘူး။ ထန္းယြီက အခုလိုအေျခအေနမွာ ဘာဆက္ေျပာရမယ္မွန္း မသိတာေၾကာင့္ အလိုက္သင့္ေလးပဲ ေနေပးလိုက္တယ္။
"ဟမ္း....."
ယြီေဖးက တစ္ျခားတစ္ေယာက္ရဲ႕ ေခါင္းထဲမွာ ဘာေတြႀကံစည္ေနတာလဲဆိုတာ မသိခဲ့ဘူး။ ဒါေပမယ့္သူက က်န္႔ရိေျပာသြားတာကို သတိရမိေတာ့ သူဟုတ္မဟုတ္ အတည္ျပဳခ်င္ေနတယ္။
ထန္းယြီက သူေတြေဝေနတာကိုျမင္ေတာ့ : "ေက်းဇူးျပဳၿပီး မင္းေျပာခ်င္တာေျပာပါ"
"မင္းကAlphaလား?"
ယြီေဖးက မေရမရာနဲ႔ ေမးလိုက္တယ္။
ထန္းယြီက အံ့အားသင့္သြားခဲ့ၿပီး : "...ဟုတ္ပါတယ္"
ယြီေဖး : "အိုး ဘာမွမဟုတ္ပါဘူး ကြၽန္ေတာ္သိခ်င္ယံုပါ"
ထန္းယြီက ပေဟ႒ိျဖစ္ေနတဲ့ပံုနဲ႔ တိတ္တဆိတ္ လွမ္းၾကည့္လာတယ္။ ဒါေပမယ့္ ယြီေဖးကေတာ့ ျပတင္းေပါက္ဖက္ကို မ်က္နွာမူသြားၿပီး စကားဆက္ေျပာခ်င္ပံု မေပၚေတာ့ဘူး။
လူမႈအသိုင္းအဝိုင္းမွာ နွစ္ေတြအၾကာႀကီး ေခ်ာေခ်ာေမြ႕ေမြ႕ ျပႆနာမရွိ ေနထိုင္လာတဲ့ Alphaတစ္ေယာက္ဟာ အႏၲရာယ္ရွိတဲ့ ေလာကႀကီးကို ေသခ်ာမသိေသးတဲ့ ေက်ာင္းသားbetaေလး တစ္ေယာက္ဆီကေန စကားဆက္ေျပာဖို႔ အျငင္းခံလိုက္ရေလတယ္။
ယြီေဖးကို နန္းဝမ္ရွန္းကအိမ္ကို ပို႔ၿပီးတာနဲ႔ ထန္းယြီက ျပန္သြားတယ္။
သူဒီကိုမေရာက္တာ ရက္အနည္းငယ္ ရွိသြားၿပီမို႔ ယြီေဖးဒီအိမ္နဲ႔ အနည္းငယ္ စိမ္းေနသလို ခံစားရတယ္။ ကံေကာင္းစြာနဲ႔ပဲ အန္တီခ်န္က စားစရာကို အခ်ိန္မီ ခ်က္ျပဳတ္ေပးခဲ့ၿပီး စားပြဲေပၚမွာ သူ႔အတြက္ အဆင္သင့္ျပင္ေပးထားတယ္။ ကုေဝက အိမ္မွာမရွိတာေၾကာင့္ သူတစ္ေယာက္တည္း အိမ္နဲ႔ျပန္ရင္းနွီးေအာင္ နာရီဝက္ေလာက္ အခ်ိန္ေပးလိုက္ရတယ္။
စားေသာက္ၿပီးတဲ့ေနာက္မွာ ပန္းကန္ေတြနဲ႔ တူေတြကို သူအလြယ္တကူပဲ ေဆးေၾကာလိုက္ၿပီး အက်န္ေတြကိုေတာ့ ေရခဲေသတၱာထဲ ထည့္လိုက္ကာ ယြီေဖးက သူ႔အိပ္ခန္းထဲကို ဝင္ခဲ့ေတာ့တယ္။
အခုခ်ိန္က သူယူလာခဲ့တဲ့ အဆင့္ျမင့္သခၤ်ာေတြကို စတြက္ဖို႔ပဲ။ ေနာက္ဆံုးစာေမးပြဲမွာ မက်ခ်င္ရင္ သူပိုၿပီးစာႀကိဳးစားမွပဲ ျဖစ္လိမ့္မယ္။
သူအင္တာနက္ေပၚမွာ အဆင့္ျမင့္သခၤ်ာသင္ေပးတဲ့ videoေတြကို ရွာလိုက္ၿပီး အေလးအနက္ စတင္ေလ့လာဖို႔ ျပင္လိုက္တယ္။
အိပ္ခန္းထဲက စားပြဲခံုက နည္းနည္းပုေနတာေၾကာင့္ အခ်ိန္အၾကာႀကီး စာငံု႔ၾကည့္ၿပီးေနာက္မွာေတာ့ သူ႔လည္ပင္းက မသက္မသာ ခံစားလိုက္ရတယ္။
သူဖုန္းဖြင့္ၿပီး နာရီၾကည့္လိုက္ေတာ့ သူေတာင္သတိမထားမိလိုက္ပါပဲ အခ်ိန္က ကိုးနာရီခြဲ ရွိသြားၿပီ။ ဒါေပမယ့္ တံခါးဝမွာ ဘာသံမွ မၾကားရေသးဘူး။ ကုေဝျပန္မေရာက္ေသးဘူးပဲ။
သူမနက္ျဖန္မွာ ကုမိသားစုနဲ႔ ညစာစားရေတာ့မယ္။ ပံုမွန္အားျဖင့္ေတာ့ ယြီေဖးက ညေနခင္းမွာ ကုေဝနဲ႔ ဒီကိစၥကို ေဆြးေႏြးခ်င္တယ္။ ဒါေပမယ့္ ထိုလူက အိမ္ျပန္အရမ္းေနာက္က်မယ္လို႔ေတာ့ မထင္ထားခဲ့ဘူး။
အခန္းကို နည္းနည္းပါးပါး ရွင္းလင္းလိုက္ၿပီး ယြီေဖး သူ႔အဝတ္ေတြကိုယူကာ ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းထဲကို ဝင္သြားလိုက္တယ္။ သူေရခ်ိဳးၿပီး ထြက္လာေတာ့ ကုေဝက အခုထိ ျပန္မေရာက္ေသးဘူး။
အခုဆယ္နာရီေတာင္ထိုးေနၿပီ။
ယြီေဖးက ဖုန္းယူလိုက္ၿပီး ထန္းယြီဆီအရင္ မက္ေဆ့ခ်္ပို႔လိုက္တယ္။
ယြီေဖး : မစၥတာကုက ဒီေန႔ညစာစားပြဲ တစ္ခုခုမ်ား တက္စရာရွိလား?
ထန္းယြီ : ကြၽန္ေတာ္မသိဘူးဗ် ဒီေန႔ မစၥတာကုေနာက္ လိုက္ရတာက တစ္ျခားအတြင္းေရးမွဴးတစ္ေယာက္ပါ တစ္ခုခုျဖစ္လို႔လား? ကြၽန္ေတာ္ေမးေပးပါ့မယ္
ယြီေဖး : အဆင္ေျပပါတယ္ ေမးမေနပါနဲ႔ေတာ့ ေက်းဇူးပါ
ထန္းယြီ : ရပါတယ္
ယြီေဖးက စားပြဲဆီကို သြားေနရင္း ဖုန္းမ်က္နွာျပင္ကို လက္ေခ်ာင္းေတြနဲ႔ တေတာက္ေတာက္နွိပ္ေနတယ္။ လက္ထဲက တဘက္နဲ႔ ေခါင္းသုတ္ေနရင္း ကုေဝဆီကို တိုက္ရိုက္ မက္ေဆ့ခ်္ပို႔လိုက္တယ္။
ယြီေဖး : ဒီေန႔ နန္းဝမ္ရွန္းကအိမ္ကို ျပန္လာဦးမွာလား?
ယြီေဖး အဆင့္ျမင့္သခၤ်ာ ပုစၧာ၂ပုဒ္ တြက္ၿပီးတဲ့ အခ်ိန္မွာ ကုေဝဆီက ျပန္စာေရာက္လာခဲ့တယ္။
ကုေဝ : နည္းနည္းေနာက္က်မယ္ ဘာျဖစ္လို႔လဲ?
ယြီေဖး : ဘာမွမျဖစ္ပါဘူး မနက္ျဖန္ ကုမိသားစုနဲ႔ ေတြ႕ဆံုပြဲအေၾကာင္း နည္းနည္းေလာက္ ေဆြးေႏြးခ်င္လို႔
ကုေဝ : မနက္ျဖန္ အဆင္သင့္ျဖစ္ေအာင္ ကိုယ့္ကိုယ္ကိုပဲ ျပင္ဆင္ထားပါ တစ္ျခားသူေတြအေၾကာင္း မစိုးရိမ္နဲ႔
ယြီေဖး : အိုး...
ယြီေဖးက သူ႔စားပြဲေပၚက အဆင့္ျမင့္သခၤ်ာ စာအုပ္ေတြကို ၾကည့္ေနၿပီး ကုေဝဆီ ေနာက္ထပ္စာမပို႔ခင္ အၾကာႀကီး စဥ္းစားေနခဲ့တယ္။
ယြီေဖး : ကြၽန္ေတာ္ စာၾကည့္ခန္းတစ္ခန္းေလာက္ လိုခ်င္တယ္
ကုေဝက အခ်ိန္ၾကာတဲ့ထိ စာျပန္မလာဘူး။
ယြီေဖး အိပ္ေပ်ာ္ေတာ့မယ့္ အခ်ိန္မွာ အိမ္ေရွ႕က တံခါးဖြင့္သံပိတ္သံကို ၾကားလိုက္ရၿပီး သူ႔ဖုန္းကလည္း တုန္ခါလာခဲ့တယ္။
ကုေဝက အိမ္ျပန္လာၿပီး သူ႔မက္ေဆ့ခ်္ကို စာျပန္လိုက္တာပဲ။
ယြီေဖးက ဖတ္ၾကည့္ဖို႔ နွိပ္လိုက္တယ္။
ကုေဝ : ထန္းယြီကိုေျပာလိုက္
ယြီေဖးက သူ႔ေခါင္းကို ဖြမိသြားတယ္။ ၾကည့္ရတာ အေသးအဖြဲ႕ကိစၥေလးေတြအတြက္ ကုေဝရဲ႕ အခ်ိန္ေတြကို ယူမိသြားၿပီထင္တယ္။
ယြီေဖး : အိုေခ
ကုေဝရဲ႕ မက္ေဆ့ခ်္ကို စာျပန္ၿပီးတဲ့ေနာက္ ယြီေဖးက ဖုန္းကို အိပ္ရာေဘးက စားပြဲခံုေပၚ လွမ္းတင္လိုက္ၿပီး မ်က္လံုးေတြမွိတ္ကာ ျပန္လည္အိပ္စက္ေတာ့တယ္။
သူ႔အိမ္မက္ထဲမွာ ယြီေဖးက ယုန္တြင္းႀကီးထဲကို ျပဳတ္က်သြားၿပီး ေဘးပတ္ပတ္လည္ ေနရာေတြက လံုးဝေမွာင္မိုက္ေနတယ္။ တစ္စံုတစ္ေယာက္က သူ႔ကိုေခၚေနသံ ၾကားတာေၾကာင့္ သူထိုအသံေနာက္ကို လိုက္သြားမိတယ္။
သူဟာေလဟာနယ္ထဲမွာ လမ္းေလ်ွာက္ေနသလို ခံစားရၿပီး ပါးလႊာတဲ့ ေလဟာနယ္ကို နင္းမိေတာ့ ေနာက္တစ္ဖန္ သူထပ္ျပဳတ္က်သြားျပန္တယ္။ အခ်ိန္ခဏၾကာၿပီးတဲ့ေနာက္ တစ္ေလာကလံုးက အလင္းေတြနဲ႔ ျပည့္နွက္သြားတယ္။ သူကတြင္းႀကီးရဲ႕ အေပါက္ဝမွာ ျပဳတ္က်ခဲ့တာျဖစ္ၿပီး သူ႔ေအာက္မွာ မဆံုးနိုင္တဲ့ ကြင္းျပင္က်ယ္ေတြ ေရကန္ေတြကို ေတြ႕လိုက္ရတယ္။
သူကႏူးညံ့တဲ့ ျမက္ခင္းျပင္ေပၚကို ျပဳတ္က်ခဲ့ၿပီး ဘာဒဏ္ရာမွ မရတာေၾကာင့္ ယြီေဖးက သူ႔ေဘာင္းဘီကို ခါလိုက္ၿပီး မတ္တပ္ထရပ္လိုက္တယ္။
"ငါ့နယ္ေျမကေန ႀကိဳဆိုပါတယ္ အခုကစၿပီး မင္းကငါ့ရဲ႕ subjectျဖစ္လာေတာ့မယ္"
ရင္းနွီးေနတဲ့ အသံတစ္သံက သူ႔နားထဲမွာ ျမည္ဟီးလာတယ္။ ယြီေဖးဟာ ဒီအသံက သူ႔ကိုအေမွာင္ထုထဲကေန ဆြဲေခၚလာခဲ့တဲ့ အသံဆိုတာကို မွတ္မိသြားတယ္။
သူလွည့္ၾကည့္လိုက္ေတာ့ အပြင့္ႀကီးေတြနဲ႔ မိန္းမဝတ္ေဘာင္းဘီ ပြပြႀကီးကို ဝတ္ဆင္ထားတဲ့ လူတစ္ေယာက္ကို ေတြ႕လိုက္ရတယ္။
(ကိုရီးယားကားေတြထဲက အာဂ်ဴးမားေတြ ဝတ္သလိုမ်ိဳး ပန္းပြင့္ေဘာင္းဘီပြပြႀကီးေတြကို ျမင္ဖူးၾကမွာပါေနာ္)
ထိုလူက ေတာင္ေဝွးႀကီးကို လက္ထဲမွာ ကိုင္ထားၿပီး သူ႔မ်က္လံုးေတြထဲမွာ အျပစ္ရွာေဝဖန္လိုစိတ္ အထင္ေသးလိုစိတ္ေတြနဲ႔ ျပည့္နွက္ေနတယ္။
ယြီေဖးက သူေျပာတာကိုၾကားေတာ့ : "ကြၽန္ေတာ္ ခင္ဗ်ားရဲ႕ subjectမျဖစ္ခ်င္ဘူး"
သူေျပာတာကိုၾကားေတာ့ ထိုလူက သေရာ္လိုက္တယ္။ ထိုလူက ဘယ္ကရမွန္းမသိတဲ့ စာ႐ြက္တစ္႐ြက္ကို ဆြဲထုတ္လိုက္ၿပီး ယြီေဖးေရွ႕က ျမက္ခင္းေပၚကို ပစ္ေပးလိုက္တယ္။
"တစ္နာရီအတြင္း ဒါေတြကို ၿပီးေအာင္ေျဖ ေအာင္ရင္ မင္းကိုျပန္လႊတ္မယ္ မေအာင္ရင္ ငါ့ကြၽန္အျဖစ္ တစ္သက္လံုး ေနသြားရမယ္"
ယြီေဖးက ငံု႔ၾကည့္လိုက္ေတာ့ စာ႐ြက္ေပၚမွာ ရႈပ္ေထြးတဲ့ အဆင့္ျမင့္သခၤ်ာပုစၧာေတြကို ေတြ႕လိုက္ရတာေၾကာင့္ သူရုတ္တရက္ စိတ္တိုသြားတယ္။
၂ပုဒ္၃ပုဒ္က အဆင္ေျပေပမယ့္ အပုဒ္၂၀ကို တစ္နာရီအတြင္း ၿပီးဖို႔က သူ႔အတြက္ အင္မတန္ခက္ခဲတယ္။ သူဘယ္လိုလုပ္ၿပီး အကုန္ၿပီးနိုင္ပါ့မလဲ?
"ေမးခြန္းေတြက အမ်ားႀကီးပဲ ခင္ဗ်ားရဲ႕ အေပးအယူက မမ်ွတဘူး"
ယြီေဖးက ခုခံေျပာဆိုလိုက္တယ္။
ထိုလူက ယြီေဖးရဲ႕ စကားကို လ်စ္လ်ဴရႈထားၿပီး သူ႔ရင္ဘတ္ထဲက အိတ္ေဆာင္နာရီကိုထုတ္ကာ ေျပာလိုက္တယ္ : "အခ်ိန္စမွတ္ၿပီ"
ယြီေဖးက ဘာမွမလုပ္နိုင္တာေၾကာင့္ ထိုလူကိုၾကည့္ကာ သူ႔ေဘးပတ္လည္ကို ၾကည့္လိုက္ၿပီး ေဒါသျဖစ္ျဖစ္နဲ႔ ညႇိလိုက္တယ္ : "အနည္းဆံုး ကြၽန္ေတာ့္ကို စားပြဲတစ္လံုးေလာက္ေတာ့ ေပးဦးေလ!"
ထိုလူက သူ႔ကိုၾကည့္လာၿပီး : "ထန္းယြီကိုသြားေျပာ"
(ဘယ္သူႀကီးလဲ သိၾကၿပီမလား ;)
ဒင္ ဒင္ ဒင္ ဒင္...
ေကာင္းကင္ေပၚကေန ေခါင္းေလာင္းသံျမည္ေနတယ္။ ယြီေဖးက ေမာ့ၾကည့္လိုက္ေတာ့ သူ႔ရဲ႕နႈိးစက္နာရီ ျဖစ္ေနတာကို ေတြ႕လိုက္ရတယ္။
အေမွာင္ထုႀကီးက ေပ်ာက္ကြယ္သြားၿပီး ယြီေဖး နိုးလာခဲ့တယ္။ မ်က္လံုးေတြ ဖြင့္လိုက္ၿပီး ဘာမွမရွိတဲ့ မ်က္နွာၾကက္ႀကီးကို ၾကည့္ေနမိတယ္။
ျမက္ေတြလည္းမရွိဘူး၊ ေရကန္ေတြလည္းမရွိဘူး၊ ပန္းပြင့္ေဘာင္းဘီႀကီး ဝတ္ထားတဲ့ လူလည္းမရွိဘူး။
သူၿငီးေငြ႕စြာ သက္ျပင္းခ်လိုက္တယ္။ ၿပီးေနာက္ဂြမ္းေစာင္ကို ဖယ္လိုက္ၿပီး ထထိုင္လိုက္တယ္။
သူ႔ေခါင္းကို ဖိကိုင္လိုက္ၿပီး သူမက္ခဲ့တဲ့ ထူးဆန္းတဲ့ အိမ္မက္ကို ျပန္ေတြးၾကည့္လိုက္တယ္။
အဲ့တာက ေၾကာက္စရာေကာင္းေပမယ့္ အိမ္မက္ထဲမွာ သူ႔ကိုအဆင့္ျမင့္သခၤ်ာေတြတြက္ဖို႔ ဖိအားေပးတဲ့လူက ကုေဝနဲ႔ ဆင္သလိုလိုပဲ...
ဒါဘယ္လိုေတာင္ ရႈပ္ေထြးေနတဲ့ အိမ္မက္ႀကီးလဲ။ ယြီေဖးက ရုတ္တရက္ ရယ္ခ်လိုက္တယ္။ ပန္းပြင့္ေဘာင္းဘီ ပြပြႀကီးနဲ႔ ကုေဝက အရမ္းရယ္စရာေကာင္းေနတယ္။
အဝတ္အစားေတြ ဝတ္ဆင္ၿပီး သူ႔အခန္းထဲက ထြက္လာေတာ့ အန္တီခ်န္က မနက္စာခ်က္ၿပီးသြားၿပီ။ ယြီေဖး ေအာက္ကိုဆင္းလာေတာ့ ဧည့္ခန္းထဲက ဆိုဖာေပၚမွာ ထိုင္ေနတဲ့ ကုေဝက သူ႔ကိုလွမ္းၾကည့္လာတယ္။
ကုေဝကိုျမင္ေတာ့ ယြီေဖးက အိမ္မက္အေၾကာင္း သတိရသြားၿပီး မထိန္းနိုင္ေတာ့ဘဲ ၿပံဳးရင္း နႈတ္ဆက္လိုက္တယ္
"အခုထိ အလုပ္မသြားရေသးဘူးလား?'
ကုေဝက အမ္း လို႔တံု႔ျပန္ခဲ့တယ္။
ေကာင္ေလးရဲ႕ မ်က္နွာေပၚက သိသိသာသာ အၿပံဳးတစ္ခုကိုျမင္ေတာ့ ကုေဝက ေမးလိုက္တယ္ : "ေပ်ာ္ေနတာလား?"
ယြီေဖး : "ခင္ဗ်ားကသာ ကြၽန္ေတာ့္ကို အဆင့္ျမင့္သခၤ်ာေတြ အတင္းမတြက္ခိုင္းဘူးဆိုရင္ ပိုေပ်ာ္မွာပါ"
ကုေဝ : "ဟမ္?"
ယြီေဖးက ဆိုဖာေပၚကလူက အလ်င္မလိုတာကိုေတြ႕ေတာ့ သူလည္းမ်က္နွာခ်င္းဆိုင္ ဆိုဖာေပၚမွာ ဝင္ထိုင္လိုက္ၿပီး သူမေန႔ညက မက္ခဲ့တဲ့ အိမ္မက္အေၾကာင္း ေျပာျပလိုက္တယ္။
ယြီေဖးေျပာတာကို နားေထာင္ၿပီးေတာ့ ကုေဝက အဓိကအခ်က္ကို မိသြားတယ္ : "မင္းက အဆင့္ျမင့္သခၤ်ာမေတာ္ဘူးလား?"
ယြီေဖး : "...ဟုတ္တယ္"
"ထန္းယြီက ထိပ္တန္းအဆင့္၂ ဘြဲ႕ရေက်ာင္းသားပဲ"
ကုေဝက ေျပာလိုက္တယ္။
သေဘာက မင္းနားမလည္ရင္ ထန္းယြီကို ေမးလို႔ရတယ္ ဆိုတာမ်ိဳး။
ထန္းယြီက ဒီေလာက္ေတာ္လိမ့္မယ္လို႔ သူထင္မထားမိဘူး။ ယြီေဖးက နားလည္ၿပီဆိုတဲ့အေၾကာင္း ေခါင္းညိမ့္ျပၿပီး ေျပာလိုက္တယ္
"ကြၽန္ေတာ္လုပ္လိုက္ပါ့မယ္"
စကားနည္းနည္း ေျပာၿပီးတဲ့ေနာက္ မီးဖိုေခ်ာင္ထဲက အန္တီခ်န္က မနက္စာရၿပီ ဆိုတဲ့အေၾကာင္း ယြီေဖးကို လွမ္းေျပာလာတယ္။
ယြီေဖးက ထရပ္လိုက္ၿပီး : "မစၥတာကု မနက္စာစားၿပီးၿပီလား အတူတူစားရေအာင္ေလ?"
ကုေဝက နာရီကိုၾကည့္ၿပီး ေခါင္းညိမ့္ျပလိုက္တယ္။ ၿပီးေနာက္ မတ္တပ္ထရပ္ကာ ထမင္းစားခန္းထဲကို ဝင္သြားေတာ့တယ္။
ယြီေဖးက သူ႔ေနာက္ကေန လိုက္သြားလိုက္တယ္။
ကုေဝကလည္း မနက္စာစားဖို႔ ျပင္ေနတာကိုေတြ႕ေတာ့ အန္တီခ်န္က အနည္းငယ္ အံ့ဩသြားခဲ့တယ္။ ဒါေပမယ့္ သူမက ဘာမွေတာ့မေျပာခဲ့ဘူး။ ေနာက္ထပ္ပန္းကန္၂ခ်ပ္ ထုတ္လိုက္ၿပီး ေသေသသပ္သပ္ ျပင္ဆင္ေပးလိုက္တယ္။
"မစၥတာကု မနက္စာကို တရုတ္စာစားရတာႀကိဳက္လား အေနာက္တိုင္းစာစားရတာကိုႀကိဳက္လား? ေနာင္က်ရင္ အန္တီခ်န္႔ကို ႀကိဳျပင္ဆင္ထားဖို႔ ကြၽန္ေတာ္ေျပာလိုက္မယ္"
ယြီေဖးကသူ႔ကို ေမးလိုက္တယ္။
ကုေဝ : "တရုတ္စာက အဆင္ေျပပါတယ္"
ကုေဝက အေနာက္တိုင္းစာထက္ တရုတ္စာကို ပိုႀကိဳက္တယ္ဆိုတာ ယြီေဖးအလိုလို နားလည္လိုက္တယ္ : "ကြၽန္ေတာ္လည္း တရုတ္စာကိုႀကိဳက္တယ္ ကြၽန္ေတာ့္ဘဝ တစ္ေလ်ွာက္လံုး စားေနရတာပဲ"
ကုေဝက ေခါင္းညိမ့္ျပလိုက္တယ္။
"အန္တီခ်န္ ဘာလို႔မနက္ေစာေစာစီးစီး ၾကက္ဟင္းခါးသီးေၾကာ္ထားရတာလဲ?"
ယြီေဖးက ထမင္းစားပြဲေပၚက ပံုမွန္မဟုတ္ဘဲ တလက္လက္ေတာက္ပေနတဲ့ အစိမ္းေရာင္ေတြကို သတိထားမိသြားတယ္။
အန္တီခ်န္က သူမလက္ေတြကို ေအပ႐ြန္နဲ႔ သုတ္လိုက္ကာ မီးဖိုေခ်ာင္ထဲက ထြက္လာၿပီး : "ၾကက္ဟင္းခါးသီးက မစၥတာယြီၾကိဳက္တယ္ မဟုတ္ဘူးလား? အန္တီက မင္းအတြက္ ေသခ်ာလုပ္ေပးထားတာ ၾကက္ဟင္းခါးသီးက ကိုယ္အပူခ်ိန္ကို ေလ်ာ့က်ေစတယ္ေလ"
ယြီေဖးက သူ႔ေခါင္းသူ သာသာေလး ကုတ္ျခစ္လိုက္တယ္။ သူကၾကက္ဟင္းခါးသီးစားရတာ ႀကိဳက္တယ္ေပါ့ေလ ဘာလို႔သူမသိရတာလဲ?
ေကာင္ေလးရဲ႕ မ်က္နွာေပၚက မေရမရာ အမူအရာကိုေတြ႕ေတာ့ ကုေဝစိတ္ေက်နပ္သြားတယ္။ သူ႔နႈတ္ခမ္းေထာင့္စြန္းေလးကလည္း အထက္ကို ေကာ့တက္သြားခဲ့တယ္။ ပန္းကန္လံုးထဲက ထမင္းကုန္တာနဲ႔ သူကတူေတြကို ေအာက္ခ်လိုက္ၿပီး : "ကိုယ္ၿပီးၿပီ ကုမၸဏီကို အရင္သြားနွင့္ေတာ့မယ္ ျဖည္းျဖည္းစား"
ယြီေဖးက ဒီစကားေတြကိုၾကားေတာ့ ထရပ္ၿပီး တစ္ဖက္လူကို လိုက္ပို႔ဖို႔ ျပင္ေပမယ့္ ကုေဝက သူ႔လက္ကို လွမ္းဖိထားၿပီး တားလိုက္တယ္။
ဒါေၾကာင့္သူက ေခါင္းညိမ့္ၿပီးသာ တံု႔ျပန္လိုက္တယ္ : "အိုေခ ဒါဆိုရင္လည္း အလုပ္မွာ ေကာင္းေသာေန႔ေလး ျဖစ္ပါေစ ကားကိုလည္း ျဖည္းျဖည္းေမာင္းသြားဦး"
Unicode
ညအိမ်မက်
သောကြာနေ့ စာမေးပွဲပြီးတော့ ယွီဖေးက ဟောခန်းကြီးထဲကနေ ထွက်လာခဲ့တယ်။ သူ့အခန်းဖော်တွေကို နှုတ်ဆက်လိုက်ပြီး ကျောင်းဂိတ်ပေါက်ဝထိ တစ်ယောက်တည်း လျှောက်လာတယ်။
သူ့အိမ်က ကျောင်းနဲ့နီးတော့ ပိတ်ရက်တွေမှာ ယွီဖေးက မကြာခဏ အိမ်ပြန်လေ့ရှိပြီး သူ့အခန်းဖော်တွေကလည်း ဒါကိုကျင့်သားရနေကြပြီ။
ကျောင်းဂိတ်ဝမှာ ယွီဖေးက ထန်းယွီရဲ့ကားကို လှမ်းမြင်လိုက်ရတယ်။
ထန်းယွီကလည်း သူ့ကိုမြင်တာကြောင့် ကားထဲကနေ ထွက်ပြီး လက်လှမ်းပြလာတယ်။
ယွီဖေးက သူ့ခြေလှမ်းတွေကို ထန်းယွီရှိရာ နေရာဆီ ရှေ့ဆက်လျှောက်သွားလိုက်တယ်။ ဒါကြောင့် သူနဲ့ရှေ့နောက် ကျောင်းဂိတ်ဝကို ထွက်လာတဲ့ ကျန့်ရိကို မမြင်မိဘူး။
ယွီဖေးက သူမြင်တယ်ဆိုတာကို ပြတဲ့အနေနဲ့ ထန်းယွီကို လက်လှမ်းပြလိုက်တယ်။ ဒါပေမယ့် မမျှော်လင့်ထားစွာပဲ ရင်းနှီးနေတဲ့ အသံတစ်သံက သူ့ဘေးနားကနေ ထွက်ပေါ်လာခဲ့တယ်။
"မင်းရဲ့ရည်းစားအသစ်လား?"
ကျန့်ရိကလည်း ကားနားမှာ ရပ်နေတဲ့ ထန်းယွီကို လှမ်းကြည့်ပြီး ခပ်ချဉ်ချဉ်အသံနဲ့ မေးလိုက်တယ်။
ယွီဖေး လှည့်ကြည့်လိုက်တော့ ကျန့်ရိကို တွေ့လိုက်ရတယ်။ စက္ကန့်အနည်းငယ် တွေဝေပြီးနောက်မှာ ရှင်းမပြချင်တဲ့ လေသံနဲ့ ပြောလိုက်တယ်
"မင်းနဲ့ဘာဆိုင်လဲ?"
ကျန့်ရိက မနှစ်မြို့ဟန် ဖြစ်သွားပြီ ရန်လိုနေတဲ့ ပုံစံနဲ့ "အနည်းဆုံးတော့ မင်းကနောက်ထပ် Alphaတစ်ယောက်ကိုပဲ ရှာမှာလို့ ထင်ထားတာ betaတစ်ယောက်ကို ရှာမယ်လို့တော့ ထင်မထားဘူး"
ယွီဖေး : "..... သူကAlphaပါ"
ဒါကိုကြားတော့ ကျန့်ရိက နှာမှုတ်လိုက်ပြီး : "ဒီလိုပုံစံကလား?"
ယွီဖေးက သူနဲ့ကြာရှည် မငြင်းခုံချင်တာကြောင့် : "သူကငါ့ရဲ့ သူငယ်ချင်း မင်းကတော့ ငါ့ရဲ့ရည်းစားဟောင်းပဲ ငါဘယ်သူနဲ့ပဲ သူငယ်ချင်းလုပ်လုပ် မင်းအပူမပါဘူး မင်းမှာငါနဲ့ စကားပြောဖို့ အချိန်တွေပိုနေရင် ရင်ရှင်းချန်ကိုပဲ ပိုဂရုစိုက်လိုက်ပါ"
Betaအကြောင်း ပြောရရင် သူလည်း betaပဲလေ ဒါကိုကျန့်ရိက သူ့ရှေ့မှာ betaတွေကို အထင်သေးရှုံ့ချတာမျိုး ဘယ်လိုတောင် ပြောရဲရတာလဲ?
ကျန့်ရိက သူ့နှုတ်ခမ်းတွေကို ကိုက်ထားပြီး ဘာမှထပ်မပြောတော့ဘူး။
ထန်းယွီကတော့ အခုထိ သူ့ကိုယ်သူ ပဲလှော်ကြားဆားညပ်နေမှန်း မသိသေးဘူး။ သူကယွီဖေးရဲ့ မျက်နှာအမူအရာ မကောင်းတာကိုတွေ့တော့ ကူညီဖို့ ရှေ့ကိုလျှောက်လာလိုက်တယ်။ ဒါပေမယ့် ယွီဖေးက သူ့ဆီအရင်ရောက်လာခဲ့တယ်။
"အိမ်ပြန်ရအောင်"
ယွီဖေးက ထန်းယွီတံခါးဖွင့်ပေးထားတဲ့ ကားထဲကို ဝင်ထိုင်လိုက်ပြီး ပြောလိုက်တယ်။
ထန်းယွီက အိုခေလို့ပြောလိုက်ပြီး ဒရိုင်ဘာနေရာကို ဝင်မထိုင်ခင်မှာ လမ်းတစ်ဖက်ကနေ သတိပေးချင်နေတဲ့ အကြည့်တွေနဲ့ သူ့ကိုတိတ်တဆိတ်လှမ်းကြည့်နေတဲ့ ကျောင်းသားAlphaကောင်လေးကို တစ်ချက်ကြည့်လိုက်သေးတယ်။
ကျန့်ရိက နေရာမှာတင် မတ်တပ်ရပ်နေပြီး ထွက်သွားတဲ့ကားကို တိတ်တဆိတ် လိုက်ကြည့်နေမိတယ်။ သူ့လက်ထဲက အနက်ရောင် ကိတ်မုန့်လေးကလည်း မြေကြီးပေါ် ပြုတ်ကျသွားခဲ့တယ်။ ပြီးတာနဲ့သူက အမူအရာမဲ့နေတဲ့ အသွင်အပြင်နဲ့ ကျောင်းထဲကို ပြန်ဝင်သွားတော့တယ်။
အတိတ်တုန်းက စာမေးပွဲပြီးပြီဆိုတာနဲ့ ယွီဖေးက စိတ်အခြေအနေ မကောင်းတတ်ဘူး။ အနက်ရောင်ကိတ် စားပြီးမှသာ သူ့ရဲ့စိတ်အခြေအနေက သက်တောင့်သက်သာ ဖြစ်သွားတတ်တာ။ ဒါပေမယ့် အခုတော့ သူတစ်ကြိမ်တည်းနဲ့ နားလည်လိုက်တာက သူအကြီးမားဆုံး အရှက်ရခဲ့တယ် ဆိုတာပဲ။
ယွီဖေးက ဘာကြောင့်အခုလောက်ထိ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ရတာလဲဆိုတာ သူနားမလည်နိုင်ဘူး။ အတိတ်တုန်းက ချစ်ခြင်းမေတ္တာတွေက ဟန်ဆောင်ခဲ့တာများလား?
Relationshipတစ်ခုမှာ အရင်ဆုံး ထွက်မသွားနိုင်တဲ့သူက အရှုံးပဲ။ ဒါပေမယ့် သူတို့relationshipမှာတော့ ကျန့်ရိက သူ့ကိုယ်သူ အရှုံးသမားဆိုတာကို လက်မခံနိုင်ခဲ့ဘူး။
(နောက်ခံသီချင်းအနေနဲ့ အဆွေးသီချင်းလေးတွေ လာနေပါလိမ့်မယ် :")
ကားထဲမှာ ထန်းယွီက စိုးရိမ်နေတဲ့ ပုံစံနဲ့မေးလာတယ် : "မစ္စတာယွီ ပြဿနာတစ်ခုခုများ ရှိလို့လား?"
ယွီဖေး : "မရှိပါဘူး"
"ဒါဆိုရင် တော်သေးတာပေါ့ အနာဂတ်မှာ မင်းပြဿနာတစ်ခုခုနဲ့ ကြုံရရင် ကျွန်တော့်ကိုပြောပါ ကျွန်တော်မင်းအတွက် အကောင်းဆုံး ဖြေရှင်းပေးပါ့မယ်"
ထန်းယွီက အရမ်းကို သိမ်မွေ့စွာနဲ့ ပြောလိုက်တယ်။
ထန်းယွီက တကယ်တော့ ကျောင်းဂိတ်ဝမှာ ယွီဖေးနဲ့အတူ ရပ်နေခဲ့တဲ့လူကို သိနေပြီးသား သူကဖောက်ပြန်သွားတဲ့ ယွီဖေးရဲ့ အရင်ရည်းစားပဲ။ ဒါကိုသူက ယွီဖေးနဲ့ ဆက်စပ်နေတဲ့ အကြောင်းတွေ စုံစမ်းစစ်ဆေးရာမှ သိရှိလာတာဖြစ်တယ်။ ယွီဖေးကသာ သူ့သူဋ္ဌေးကို ဦးထုပ်စိမ်းဆောင်းပေးမှာ မဟုတ်ဘူးဆိုရင် သူတို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှလုပ်မှာမဟုတ်ဘူး။ ထန်းယွီက အခုလိုအခြေအနေမှာ ဘာဆက်ပြောရမယ်မှန်း မသိတာကြောင့် အလိုက်သင့်လေးပဲ နေပေးလိုက်တယ်။
"ဟမ်း....."
ယွီဖေးက တစ်ခြားတစ်ယောက်ရဲ့ ခေါင်းထဲမှာ ဘာတွေကြံစည်နေတာလဲဆိုတာ မသိခဲ့ဘူး။ ဒါပေမယ့်သူက ကျန့်ရိပြောသွားတာကို သတိရမိတော့ သူဟုတ်မဟုတ် အတည်ပြုချင်နေတယ်။
ထန်းယွီက သူတွေဝေနေတာကိုမြင်တော့ : "ကျေးဇူးပြုပြီး မင်းပြောချင်တာပြောပါ"
"မင်းကAlphaလား?"
ယွီဖေးက မရေမရာနဲ့ မေးလိုက်တယ်။
ထန်းယွီက အံ့အားသင့်သွားခဲ့ပြီး : "...ဟုတ်ပါတယ်"
ယွီဖေး : "အိုး ဘာမှမဟုတ်ပါဘူး ကျွန်တော်သိချင်ယုံပါ"
ထန်းယွီက ပဟေဋ္ဌိဖြစ်နေတဲ့ပုံနဲ့ တိတ်တဆိတ် လှမ်းကြည့်လာတယ်။ ဒါပေမယ့် ယွီဖေးကတော့ ပြတင်းပေါက်ဖက်ကို မျက်နှာမူသွားပြီး စကားဆက်ပြောချင်ပုံ မပေါ်တော့ဘူး။
လူမှုအသိုင်းအဝိုင်းမှာ နှစ်တွေအကြာကြီး ချောချောမွေ့မွေ့ ပြဿနာမရှိ နေထိုင်လာတဲ့ Alphaတစ်ယောက်ဟာ အန္တရာယ်ရှိတဲ့ လောကကြီးကို သေချာမသိသေးတဲ့ ကျောင်းသားbetaလေး တစ်ယောက်ဆီကနေ စကားဆက်ပြောဖို့ အငြင်းခံလိုက်ရလေတယ်။
ယွီဖေးကို နန်းဝမ်ရှန်းကအိမ်ကို ပို့ပြီးတာနဲ့ ထန်းယွီက ပြန်သွားတယ်။
သူဒီကိုမရောက်တာ ရက်အနည်းငယ် ရှိသွားပြီမို့ ယွီဖေးဒီအိမ်နဲ့ အနည်းငယ် စိမ်းနေသလို ခံစားရတယ်။ ကံကောင်းစွာနဲ့ပဲ အန်တီချန်က စားစရာကို အချိန်မီ ချက်ပြုတ်ပေးခဲ့ပြီး စားပွဲပေါ်မှာ သူ့အတွက် အဆင်သင့်ပြင်ပေးထားတယ်။ ကုဝေက အိမ်မှာမရှိတာကြောင့် သူတစ်ယောက်တည်း အိမ်နဲ့ပြန်ရင်းနှီးအောင် နာရီဝက်လောက် အချိန်ပေးလိုက်ရတယ်။
စားသောက်ပြီးတဲ့နောက်မှာ ပန်းကန်တွေနဲ့ တူတွေကို သူအလွယ်တကူပဲ ဆေးကြောလိုက်ပြီး အကျန်တွေကိုတော့ ရေခဲသေတ္တာထဲ ထည့်လိုက်ကာ ယွီဖေးက သူ့အိပ်ခန်းထဲကို ဝင်ခဲ့တော့တယ်။
အခုချိန်က သူယူလာခဲ့တဲ့ အဆင့်မြင့်သင်္ချာတွေကို စတွက်ဖို့ပဲ။ နောက်ဆုံးစာမေးပွဲမှာ မကျချင်ရင် သူပိုပြီးစာကြိုးစားမှပဲ ဖြစ်လိမ့်မယ်။
သူအင်တာနက်ပေါ်မှာ အဆင့်မြင့်သင်္ချာသင်ပေးတဲ့ videoတွေကို ရှာလိုက်ပြီး အလေးအနက် စတင်လေ့လာဖို့ ပြင်လိုက်တယ်။
အိပ်ခန်းထဲက စားပွဲခုံက နည်းနည်းပုနေတာကြောင့် အချိန်အကြာကြီး စာငုံ့ကြည့်ပြီးနောက်မှာတော့ သူ့လည်ပင်းက မသက်မသာ ခံစားလိုက်ရတယ်။
သူဖုန်းဖွင့်ပြီး နာရီကြည့်လိုက်တော့ သူတောင်သတိမထားမိလိုက်ပါပဲ အချိန်က ကိုးနာရီခွဲ ရှိသွားပြီ။ ဒါပေမယ့် တံခါးဝမှာ ဘာသံမှ မကြားရသေးဘူး။ ကုဝေပြန်မရောက်သေးဘူးပဲ။
သူမနက်ဖြန်မှာ ကုမိသားစုနဲ့ ညစာစားရတော့မယ်။ ပုံမှန်အားဖြင့်တော့ ယွီဖေးက ညနေခင်းမှာ ကုဝေနဲ့ ဒီကိစ္စကို ဆွေးနွေးချင်တယ်။ ဒါပေမယ့် ထိုလူက အိမ်ပြန်အရမ်းနောက်ကျမယ်လို့တော့ မထင်ထားခဲ့ဘူး။
အခန်းကို နည်းနည်းပါးပါး ရှင်းလင်းလိုက်ပြီး ယွီဖေး သူ့အဝတ်တွေကိုယူကာ ရေချိုးဖို့ ရေချိုးခန်းထဲကို ဝင်သွားလိုက်တယ်။ သူရေချိုးပြီး ထွက်လာတော့ ကုဝေက အခုထိ ပြန်မရောက်သေးဘူး။
အခုဆယ်နာရီတောင်ထိုးနေပြီ။
ယွီဖေးက ဖုန်းယူလိုက်ပြီး ထန်းယွီဆီအရင် မက်ဆေ့ခ်ျပို့လိုက်တယ်။
ယွီဖေး : မစ္စတာကုက ဒီနေ့ညစာစားပွဲ တစ်ခုခုများ တက်စရာရှိလား?
ထန်းယွီ : ကျွန်တော်မသိဘူးဗျ ဒီနေ့ မစ္စတာကုနောက် လိုက်ရတာက တစ်ခြားအတွင်းရေးမှူးတစ်ယောက်ပါ တစ်ခုခုဖြစ်လို့လား? ကျွန်တော်မေးပေးပါ့မယ်
ယွီဖေး : အဆင်ပြေပါတယ် မေးမနေပါနဲ့တော့ ကျေးဇူးပါ
ထန်းယွီ : ရပါတယ်
ယွီဖေးက စားပွဲဆီကို သွားနေရင်း ဖုန်းမျက်နှာပြင်ကို လက်ချောင်းတွေနဲ့ တတောက်တောက်နှိပ်နေတယ်။ လက်ထဲက တဘက်နဲ့ ခေါင်းသုတ်နေရင်း ကုဝေဆီကို တိုက်ရိုက် မက်ဆေ့ခ်ျပို့လိုက်တယ်။
ယွီဖေး : ဒီနေ့ နန်းဝမ်ရှန်းကအိမ်ကို ပြန်လာဦးမှာလား?
ယွီဖေး အဆင့်မြင့်သင်္ချာ ပုစ္ဆာ၂ပုဒ် တွက်ပြီးတဲ့ အချိန်မှာ ကုဝေဆီက ပြန်စာရောက်လာခဲ့တယ်။
ကုဝေ : နည်းနည်းနောက်ကျမယ် ဘာဖြစ်လို့လဲ?
ယွီဖေး : ဘာမှမဖြစ်ပါဘူး မနက်ဖြန် ကုမိသားစုနဲ့ တွေ့ဆုံပွဲအကြောင်း နည်းနည်းလောက် ဆွေးနွေးချင်လို့
ကုဝေ : မနက်ဖြန် အဆင်သင့်ဖြစ်အောင် ကိုယ့်ကိုယ်ကိုပဲ ပြင်ဆင်ထားပါ တစ်ခြားသူတွေအကြောင်း မစိုးရိမ်နဲ့
ယွီဖေး : အိုး...
ယွီဖေးက သူ့စားပွဲပေါ်က အဆင့်မြင့်သင်္ချာ စာအုပ်တွေကို ကြည့်နေပြီး ကုဝေဆီ နောက်ထပ်စာမပို့ခင် အကြာကြီး စဉ်းစားနေခဲ့တယ်။
ယွီဖေး : ကျွန်တော် စာကြည့်ခန်းတစ်ခန်းလောက် လိုချင်တယ်
ကုဝေက အချိန်ကြာတဲ့ထိ စာပြန်မလာဘူး။
ယွီဖေး အိပ်ပျော်တော့မယ့် အချိန်မှာ အိမ်ရှေ့က တံခါးဖွင့်သံပိတ်သံကို ကြားလိုက်ရပြီး သူ့ဖုန်းကလည်း တုန်ခါလာခဲ့တယ်။
ကုဝေက အိမ်ပြန်လာပြီး သူ့မက်ဆေ့ခ်ျကို စာပြန်လိုက်တာပဲ။
ယွီဖေးက ဖတ်ကြည့်ဖို့ နှိပ်လိုက်တယ်။
ကုဝေ : ထန်းယွီကိုပြောလိုက်
ယွီဖေးက သူ့ခေါင်းကို ဖွမိသွားတယ်။ ကြည့်ရတာ အသေးအဖွဲ့ကိစ္စလေးတွေအတွက် ကုဝေရဲ့ အချိန်တွေကို ယူမိသွားပြီထင်တယ်။
ယွီဖေး : အိုခေ
ကုဝေရဲ့ မက်ဆေ့ခ်ျကို စာပြန်ပြီးတဲ့နောက် ယွီဖေးက ဖုန်းကို အိပ်ရာဘေးက စားပွဲခုံပေါ် လှမ်းတင်လိုက်ပြီး မျက်လုံးတွေမှိတ်ကာ ပြန်လည်အိပ်စက်တော့တယ်။
သူ့အိမ်မက်ထဲမှာ ယွီဖေးက ယုန်တွင်းကြီးထဲကို ပြုတ်ကျသွားပြီး ဘေးပတ်ပတ်လည် နေရာတွေက လုံးဝမှောင်မိုက်နေတယ်။ တစ်စုံတစ်ယောက်က သူ့ကိုခေါ်နေသံ ကြားတာကြောင့် သူထိုအသံနောက်ကို လိုက်သွားမိတယ်။
သူဟာလေဟာနယ်ထဲမှာ လမ်းလျှောက်နေသလို ခံစားရပြီး ပါးလွှာတဲ့ လေဟာနယ်ကို နင်းမိတော့ နောက်တစ်ဖန် သူထပ်ပြုတ်ကျသွားပြန်တယ်။ အချိန်ခဏကြာပြီးတဲ့နောက် တစ်လောကလုံးက အလင်းတွေနဲ့ ပြည့်နှက်သွားတယ်။ သူကတွင်းကြီးရဲ့ အပေါက်ဝမှာ ပြုတ်ကျခဲ့တာဖြစ်ပြီး သူ့အောက်မှာ မဆုံးနိုင်တဲ့ ကွင်းပြင်ကျယ်တွေ ရေကန်တွေကို တွေ့လိုက်ရတယ်။
သူကနူးညံ့တဲ့ မြက်ခင်းပြင်ပေါ်ကို ပြုတ်ကျခဲ့ပြီး ဘာဒဏ်ရာမှ မရတာကြောင့် ယွီဖေးက သူ့ဘောင်းဘီကို ခါလိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။
"ငါ့နယ်မြေကနေ ကြိုဆိုပါတယ် အခုကစပြီး မင်းကငါ့ရဲ့ subjectဖြစ်လာတော့မယ်"
ရင်းနှီးနေတဲ့ အသံတစ်သံက သူ့နားထဲမှာ မြည်ဟီးလာတယ်။ ယွီဖေးဟာ ဒီအသံက သူ့ကိုအမှောင်ထုထဲကနေ ဆွဲခေါ်လာခဲ့တဲ့ အသံဆိုတာကို မှတ်မိသွားတယ်။
သူလှည့်ကြည့်လိုက်တော့ အပွင့်ကြီးတွေနဲ့ မိန်းမဝတ်ဘောင်းဘီ ပွပွကြီးကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။
(ကိုရီးယားကားတွေထဲက အာဂျူးမားတွေ ဝတ်သလိုမျိုး ပန်းပွင့်ဘောင်းဘီပွပွကြီးတွေကို မြင်ဖူးကြမှာပါနော်)
ထိုလူက တောင်ဝှေးကြီးကို လက်ထဲမှာ ကိုင်ထားပြီး သူ့မျက်လုံးတွေထဲမှာ အပြစ်ရှာဝေဖန်လိုစိတ် အထင်သေးလိုစိတ်တွေနဲ့ ပြည့်နှက်နေတယ်။
ယွီဖေးက သူပြောတာကိုကြားတော့ : "ကျွန်တော် ခင်ဗျားရဲ့ subjectမဖြစ်ချင်ဘူး"
သူပြောတာကိုကြားတော့ ထိုလူက သရော်လိုက်တယ်။ ထိုလူက ဘယ်ကရမှန်းမသိတဲ့ စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ပြီး ယွီဖေးရှေ့က မြက်ခင်းပေါ်ကို ပစ်ပေးလိုက်တယ်။
"တစ်နာရီအတွင်း ဒါတွေကို ပြီးအောင်ဖြေ အောင်ရင် မင်းကိုပြန်လွှတ်မယ် မအောင်ရင် ငါ့ကျွန်အဖြစ် တစ်သက်လုံး နေသွားရမယ်"
ယွီဖေးက ငုံ့ကြည့်လိုက်တော့ စာရွက်ပေါ်မှာ ရှုပ်ထွေးတဲ့ အဆင့်မြင့်သင်္ချာပုစ္ဆာတွေကို တွေ့လိုက်ရတာကြောင့် သူရုတ်တရက် စိတ်တိုသွားတယ်။
၂ပုဒ်၃ပုဒ်က အဆင်ပြေပေမယ့် အပုဒ်၂၀ကို တစ်နာရီအတွင်း ပြီးဖို့က သူ့အတွက် အင်မတန်ခက်ခဲတယ်။ သူဘယ်လိုလုပ်ပြီး အကုန်ပြီးနိုင်ပါ့မလဲ?
"မေးခွန်းတွေက အများကြီးပဲ ခင်ဗျားရဲ့ အပေးအယူက မမျှတဘူး"
ယွီဖေးက ခုခံပြောဆိုလိုက်တယ်။
ထိုလူက ယွီဖေးရဲ့ စကားကို လျစ်လျူရှုထားပြီး သူ့ရင်ဘတ်ထဲက အိတ်ဆောင်နာရီကိုထုတ်ကာ ပြောလိုက်တယ် : "အချိန်စမှတ်ပြီ"
ယွီဖေးက ဘာမှမလုပ်နိုင်တာကြောင့် ထိုလူကိုကြည့်ကာ သူ့ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ဒေါသဖြစ်ဖြစ်နဲ့ ညှိလိုက်တယ် : "အနည်းဆုံး ကျွန်တော့်ကို စားပွဲတစ်လုံးလောက်တော့ ပေးဦးလေ!"
ထိုလူက သူ့ကိုကြည့်လာပြီး : "ထန်းယွီကိုသွားပြော"
(ဘယ်သူကြီးလဲ သိကြပြီမလား ;)
ဒင် ဒင် ဒင် ဒင်...
ကောင်းကင်ပေါ်ကနေ ခေါင်းလောင်းသံမြည်နေတယ်။ ယွီဖေးက မော့ကြည့်လိုက်တော့ သူ့ရဲ့နှိုးစက်နာရီ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
အမှောင်ထုကြီးက ပျောက်ကွယ်သွားပြီး ယွီဖေး နိုးလာခဲ့တယ်။ မျက်လုံးတွေ ဖွင့်လိုက်ပြီး ဘာမှမရှိတဲ့ မျက်နှာကြက်ကြီးကို ကြည့်နေမိတယ်။
မြက်တွေလည်းမရှိဘူး၊ ရေကန်တွေလည်းမရှိဘူး၊ ပန်းပွင့်ဘောင်းဘီကြီး ဝတ်ထားတဲ့ လူလည်းမရှိဘူး။
သူငြီးငွေ့စွာ သက်ပြင်းချလိုက်တယ်။ ပြီးနောက်ဂွမ်းစောင်ကို ဖယ်လိုက်ပြီး ထထိုင်လိုက်တယ်။
သူ့ခေါင်းကို ဖိကိုင်လိုက်ပြီး သူမက်ခဲ့တဲ့ ထူးဆန်းတဲ့ အိမ်မက်ကို ပြန်တွေးကြည့်လိုက်တယ်။
အဲ့တာက ကြောက်စရာကောင်းပေမယ့် အိမ်မက်ထဲမှာ သူ့ကိုအဆင့်မြင့်သင်္ချာတွေတွက်ဖို့ ဖိအားပေးတဲ့လူက ကုဝေနဲ့ ဆင်သလိုလိုပဲ...
ဒါဘယ်လိုတောင် ရှုပ်ထွေးနေတဲ့ အိမ်မက်ကြီးလဲ။ ယွီဖေးက ရုတ်တရက် ရယ်ချလိုက်တယ်။ ပန်းပွင့်ဘောင်းဘီ ပွပွကြီးနဲ့ ကုဝေက အရမ်းရယ်စရာကောင်းနေတယ်။
အဝတ်အစားတွေ ဝတ်ဆင်ပြီး သူ့အခန်းထဲက ထွက်လာတော့ အန်တီချန်က မနက်စာချက်ပြီးသွားပြီ။ ယွီဖေး အောက်ကိုဆင်းလာတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကုဝေက သူ့ကိုလှမ်းကြည့်လာတယ်။
ကုဝေကိုမြင်တော့ ယွီဖေးက အိမ်မက်အကြောင်း သတိရသွားပြီး မထိန်းနိုင်တော့ဘဲ ပြုံးရင်း နှုတ်ဆက်လိုက်တယ်
"အခုထိ အလုပ်မသွားရသေးဘူးလား?'
ကုဝေက အမ်း လို့တုံ့ပြန်ခဲ့တယ်။
ကောင်လေးရဲ့ မျက်နှာပေါ်က သိသိသာသာ အပြုံးတစ်ခုကိုမြင်တော့ ကုဝေက မေးလိုက်တယ် : "ပျော်နေတာလား?"
ယွီဖေး : "ခင်ဗျားကသာ ကျွန်တော့်ကို အဆင့်မြင့်သင်္ချာတွေ အတင်းမတွက်ခိုင်းဘူးဆိုရင် ပိုပျော်မှာပါ"
ကုဝေ : "ဟမ်?"
ယွီဖေးက ဆိုဖာပေါ်ကလူက အလျင်မလိုတာကိုတွေ့တော့ သူလည်းမျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ပြီး သူမနေ့ညက မက်ခဲ့တဲ့ အိမ်မက်အကြောင်း ပြောပြလိုက်တယ်။
ယွီဖေးပြောတာကို နားထောင်ပြီးတော့ ကုဝေက အဓိကအချက်ကို မိသွားတယ် : "မင်းက အဆင့်မြင့်သင်္ချာမတော်ဘူးလား?"
ယွီဖေး : "...ဟုတ်တယ်"
"ထန်းယွီက ထိပ်တန်းအဆင့်၂ ဘွဲ့ရကျောင်းသားပဲ"
ကုဝေက ပြောလိုက်တယ်။
သဘောက မင်းနားမလည်ရင် ထန်းယွီကို မေးလို့ရတယ် ဆိုတာမျိုး။
ထန်းယွီက ဒီလောက်တော်လိမ့်မယ်လို့ သူထင်မထားမိဘူး။ ယွီဖေးက နားလည်ပြီဆိုတဲ့အကြောင်း ခေါင်းညိမ့်ပြပြီး ပြောလိုက်တယ်
"ကျွန်တော်လုပ်လိုက်ပါ့မယ်"
စကားနည်းနည်း ပြောပြီးတဲ့နောက် မီးဖိုချောင်ထဲက အန်တီချန်က မနက်စာရပြီ ဆိုတဲ့အကြောင်း ယွီဖေးကို လှမ်းပြောလာတယ်။
ယွီဖေးက ထရပ်လိုက်ပြီး : "မစ္စတာကု မနက်စာစားပြီးပြီလား အတူတူစားရအောင်လေ?"
ကုဝေက နာရီကိုကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။ ပြီးနောက် မတ်တပ်ထရပ်ကာ ထမင်းစားခန်းထဲကို ဝင်သွားတော့တယ်။
ယွီဖေးက သူ့နောက်ကနေ လိုက်သွားလိုက်တယ်။
ကုဝေကလည်း မနက်စာစားဖို့ ပြင်နေတာကိုတွေ့တော့ အန်တီချန်က အနည်းငယ် အံ့ဩသွားခဲ့တယ်။ ဒါပေမယ့် သူမက ဘာမှတော့မပြောခဲ့ဘူး။ နောက်ထပ်ပန်းကန်၂ချပ် ထုတ်လိုက်ပြီး သေသေသပ်သပ် ပြင်ဆင်ပေးလိုက်တယ်။
"မစ္စတာကု မနက်စာကို တရုတ်စာစားရတာကြိုက်လား အနောက်တိုင်းစာစားရတာကိုကြိုက်လား? နောင်ကျရင် အန်တီချန့်ကို ကြိုပြင်ဆင်ထားဖို့ ကျွန်တော်ပြောလိုက်မယ်"
ယွီဖေးကသူ့ကို မေးလိုက်တယ်။
ကုဝေ : "တရုတ်စာက အဆင်ပြေပါတယ်"
ကုဝေက အနောက်တိုင်းစာထက် တရုတ်စာကို ပိုကြိုက်တယ်ဆိုတာ ယွီဖေးအလိုလို နားလည်လိုက်တယ် : "ကျွန်တော်လည်း တရုတ်စာကိုကြိုက်တယ် ကျွန်တော့်ဘဝ တစ်လျှောက်လုံး စားနေရတာပဲ"
ကုဝေက ခေါင်းညိမ့်ပြလိုက်တယ်။
"အန်တီချန် ဘာလို့မနက်စောစောစီးစီး ကြက်ဟင်းခါးသီးကြော်ထားရတာလဲ?"
ယွီဖေးက ထမင်းစားပွဲပေါ်က ပုံမှန်မဟုတ်ဘဲ တလက်လက်တောက်ပနေတဲ့ အစိမ်းရောင်တွေကို သတိထားမိသွားတယ်။
အန်တီချန်က သူမလက်တွေကို အေပရွန်နဲ့ သုတ်လိုက်ကာ မီးဖိုချောင်ထဲက ထွက်လာပြီး : "ကြက်ဟင်းခါးသီးက မစ္စတာယွီကြိုက်တယ် မဟုတ်ဘူးလား? အန်တီက မင်းအတွက် သေချာလုပ်ပေးထားတာ ကြက်ဟင်းခါးသီးက ကိုယ်အပူချိန်ကို လျော့ကျစေတယ်လေ"
ယွီဖေးက သူ့ခေါင်းသူ သာသာလေး ကုတ်ခြစ်လိုက်တယ်။ သူကကြက်ဟင်းခါးသီးစားရတာ ကြိုက်တယ်ပေါ့လေ ဘာလို့သူမသိရတာလဲ?
ကောင်လေးရဲ့ မျက်နှာပေါ်က မရေမရာ အမူအရာကိုတွေ့တော့ ကုဝေစိတ်ကျေနပ်သွားတယ်။ သူ့နှုတ်ခမ်းထောင့်စွန်းလေးကလည်း အထက်ကို ကော့တက်သွားခဲ့တယ်။ ပန်းကန်လုံးထဲက ထမင်းကုန်တာနဲ့ သူကတူတွေကို အောက်ချလိုက်ပြီး : "ကိုယ်ပြီးပြီ ကုမ္ပဏီကို အရင်သွားနှင့်တော့မယ် ဖြည်းဖြည်းစား"
ယွီဖေးက ဒီစကားတွေကိုကြားတော့ ထရပ်ပြီး တစ်ဖက်လူကို လိုက်ပို့ဖို့ ပြင်ပေမယ့် ကုဝေက သူ့လက်ကို လှမ်းဖိထားပြီး တားလိုက်တယ်။
ဒါကြောင့်သူက ခေါင်းညိမ့်ပြီးသာ တုံ့ပြန်လိုက်တယ် : "အိုခေ ဒါဆိုရင်လည်း အလုပ်မှာ ကောင်းသောနေ့လေး ဖြစ်ပါစေ ကားကိုလည်း ဖြည်းဖြည်းမောင်းသွားဦး"