Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြ...

By friedeggs_r_da_best

1.7M 296K 33.2K

Both Zawgyi and Unicode. More

Introduction
Chapter 01
Chapter 02
Chapter 04
Chapter 05
Chapter 06
Chapter 07
Chapter 08
Chapter 09
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29.1
Chapter 29.2
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Not Update
Extra One
Extra Two
Extra Three
Extra Four

Chapter 03

26.5K 4.7K 369
By friedeggs_r_da_best

Zawgyi

Blind date

ယြီေဖးရဲ႕မိသားစုက ၿမိဳ႕ထဲမွာေနတာေၾကာင့္ ေက်ာင္းပိတ္ရက္ေတြမွာ ယြီေဖးက အိပ္ေဆာင္မွာ ေနမယ့္အစား အိမ္ျပန္ေလ့ရွိတယ္။

Bၿမိဳ႕မွာဆိုရင္ ယြီေဖးတို႔မိသားစုက အသင့္အတင့္ ခ်မ္းသာတဲ့ မိသားစုျဖစ္တယ္။ ယြီေဖးက မိသားစုမွာ အႀကီးဆံုးသားျဖစ္ၿပီး သူ႔မွာ Omegaညီမေလးတစ္ေယာက္နဲ႔ Alphaညီေလးတစ္ေယာက္ရွိတယ္။ သူကအႀကီးဆံုးသား ျဖစ္ေပမယ့္ Betaျဖစ္ေနတာေၾကာင့္ ေမာင္နွမေတြနဲ႔ယွဥ္ရင္ မိသားစုထဲမွာသူက လ်စ္လ်ဴရႈခံရတတ္တယ္။

ဒါေပမယ့္သူက ငယ္ငယ္ေလးကတည္းက သူ႔ကံၾကမၼာကို လက္မခံနိုင္ခဲ့ဘူး။ သူကပါရမီမပါတဲ့အတြက္ေၾကာင့္ အေကာင္းဆံုး ဆိုတာေတြကိုရဖို႔ အၿမဲယွဥ္ၿပိဳင္ေနခဲ့ရတယ္။ ဒါေၾကာင့္ပဲသူက alphaတစ္ေယာက္ကို ရည္းစားေတာ္ဖို႔ လိုလိုလားလား တမင္ရွာခဲ့တာ။

ယြီေဖး အိမ္ျပန္ေရာက္တဲ့အခါ သူ႔မိသားစုကို သူနဲ႔က်န္႔ရိ ျပတ္သြားၿပီ ဆိုတဲ့အေၾကာင္း ေျပာျပလိုက္တယ္။ ယြီေဖးရဲ႕ အေဖနဲ႔အေမက အခုထိ မယံုနိုင္ၾကေသးဘူး။

"အရင္တုန္းက မင္းပဲတစ္ခ်ိန္လံုး သူ႔ကိုလိုက္ပိုးပန္းေနခဲ့တာေလ အေဖတို႔က ေက်ာင္းၿပီးရင္ မင္းတို႔နွစ္ေယာက္ လက္ထပ္ၾကေတာ့မယ္လို႔ေတာင္ ထင္ထားၾကတာ အခုဘယ္လို ျဖစ္ရတာလဲ?"
ေဖေဖယြီက သူ႔ကိုေမးလိုက္တယ္။

ယြီေဖး "သူကOmegaတစ္ေယာက္ကို အမွတ္အသားေပးခဲ့တယ္"

ယြီေဖးေျပာလိုက္တဲ့ စကားေၾကာင့္ ညစာစားေနၾကတဲ့ သူေတြက ရုတ္တရက္ ရပ္တန္႔သြားၾကေတာ့တယ္။

ယီြေဖးရဲ႕ညီ ယြီေလာ္ကေတာ့ သူ႔ကိုနွစ္သိမ့္ေပးတယ္
"အကိုႀကီး မင္းတို႔နွစ္ေယာက္ ျပတ္သြားၾကေတာ့လည္း ေကာင္းတာပါပဲ"

ျပတ္စဲၿပီးတဲ့ေနာက္ သူ႔ပံုစံက အရမ္းသနားစရာေကာင္းေနလို႔ ထင္ပါရဲ႕ သူ႔ရဲ႕မိသားစုက သူ႔ကို ေက်ာင္းကအေၾကာင္းေတြ မေမးၾကေတာ့ဘဲ ညစာစားၿပီးတာနဲ႔ အေပၚတက္ၿပီး အနားယူဖို႔ကိုသာ တိုက္တြန္းၾကေတာ့တယ္။

ယြီေဖးက အခုခ်ိန္ကစၿပီး ေကာင္းေကာင္းအနားယူရေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္ ေနာက္ေန႔ညေနခင္းမွာ ေဖေဖယြီက သတင္းဆိုးတစ္ခုကို ေျပာလာလိမ့္မယ္လို႔ေတာ့ မေမ်ွာ္လင့္ထားခဲ့ဘူး။

"မင္းတို႔ကို လ်ွိဳ႕ဝွက္မထားနိုင္ေတာ့တဲ့ ကိစၥတစ္ခု အေဖေျပာျပစရာရွိတယ္"

ေမာင္နွမ၃ေယာက္လံုးက လုပ္လက္စအလုပ္ေတြ ရပ္လိုက္ၾကၿပီး သူတို႔အေဖ ေျပာလာမယ့္ စကားကို နားစြင့္ေနၾကတယ္။

"အေဖတို႔ကုမၸဏီရဲ႕ ဘ႑ာေငြေတြ တစ္လေက်ာ္ေလာက္ အျဖတ္ခံလိုက္ရၿပီ"

ယြီေဖးရဲ႕ ညီမေလးက မ်က္လံုးေတြ ျပဴးက်ယ္သြားၿပီး သူမရဲ႕ပါးစပ္ကို လက္နဲ႔ကာခါ ေၾကာက္လန္႔တၾကား ေျပာလာေတာ့တယ္
"သမီးတို႔မိသားစုက ဆင္းရဲသြားေတာ့မွာလား?"

ေဖေဖယြီက သူမကိုၾကည့္ၿပီး စိတ္မေကာင္းႀကီးစြာနဲ႔ ေခါင္းညိမ့္ျပလိုက္တယ္။

ယြီလင္းရဲ႕ မ်က္လံုးေတြက ရုတ္တရက္ႀကီး နီရဲသြားေတာ့တယ္။

ယြီေဖးက စိတ္ပ်က္အံ့အားသင့္သြားၿပီး တစ္ခုခုကို သတိရသြားေတာ့တယ္။

ယြီေလာ္က "အေဖ ကြၽန္ေတာ့္မွာ စာအိတ္နီတခ်ိဳ႕ ရွိေသးတယ္..."

ေမေမယြီ "ေရွာင္ေလာ္ အရူးေလး နွစ္သစ္ကူးတုန္းက ရထားတဲ့ ပိုက္ဆံနည္းနည္းက ဘယ္လိုလုပ္ ေလာက္မွာလဲ?"

ယြီေလာ္ "ဒါဆို ကြၽန္ေတာ္ဘာလုပ္ေပးရမလဲ? အေဖ တစ္ျခားနည္း ရွိေသးလား?"

ေဖေဖယြီ "အေဖ ဘယ္လိုေျပာရမလဲေတာ့ မသိဘူး ဒါေပမယ့္ မေန႔က..."

ေဖေဖယြီက ယြီေဖးကို ၾကည့္လိုက္ၿပီး

"အေဖ မေန႔ကတစ္ညလံုး စဥ္းစားခဲ့တယ္ အခုထိလည္း ဒီနည္းလမ္းက အလုပ္ျဖစ္မယ္လို႔ ထင္ေနတုန္းပဲ"

ယြီေလာ္ "ဘယ္နည္းလမ္းလဲ?"

"မင္းတို႔အန္တီကေျပာတယ္ ကုမိသားစုက သူတို႔ရဲ႕ဒုတိယသား ကုရွင္းအတြက္ သင့္ေတာ္မယ့္ ၾကင္ယာရွာေနတယ္တဲ့"

လူတိုင္းသိၾကတဲ့အတိုင္းပဲ ဒုတိယသခင္ေလးကုက betaတစ္ေယာက္ျဖစ္တယ္။ ဒါ့ေၾကာင့္သူက ကုမိသားစုရဲ႕အေမြကို ဆက္ခံနိုင္မွာ မဟုတ္ဘူး။

ေဖေဖယြီ ေျပာၿပီးတာနဲ႔ ယြီလင္းက ခ်က္ခ်င္းငိုေႂကြးေတာ့တယ္
"အေဖ ကြၽန္မလက္မထပ္ခ်င္ဘူး!"

ေဖေဖယြီက ခဏေလာက္ စိတ္ပ်က္သြားၿပီး သူမကို နွစ္သိမ့္လိုက္တယ္
"သူတို႔ကလည္း Omegaတစ္ေယာက္ကို မလိုခ်င္ပါဘူး"
(ေကာင္မရယ္ ညည္းဖယ္ ညည္းဖယ္)

ယြီလင္းက ရုတ္တရက္ သူမရဲ႕လည္ေခ်ာင္းထဲကေန ဆြဲဆြဲငင္ငင္ ငိုေႂကြးေနတာကို ရပ္တန္႔လိုက္တယ္။

"ကုမိသားစု ရွာေနတဲ့ ၾကင္ယာက betaပဲျဖစ္ရမယ္တဲ့"

ရုတ္တရက္ ညစာစားပြဲမွာ ရွိေနတဲ့ လူတိုင္းရဲ႕ မ်က္လံုးေတြက အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနတဲ့ ယြီေဖးဆီကို အၾကည့္ေတြ က်ေရာက္လာၾကေတာ့တယ္။

ယြီေဖး "..."

တကယ့္blind dateအစစ္က ဒုတိယသခင္ေလး ကုရွင္းအတြက္ မဟုတ္ဘဲ ကုမိသားစုရဲ႕ တရားဝင္ အေမြဆက္ခံသူ alphaျဖစ္တဲ့ ကုမိသားစုရဲ႕ တတိယသား ကုေဝအတြက္ဆိုတာကို ယြီေဖးတစ္ေယာက္ပဲ သိတယ္။

"ကြၽန္ေတာ္သြားပါ့မယ္"
ယြီေဖးက သေဘာတူလိုက္တယ္။ သူကတကယ့္ကိုပဲ သူ႔မိသားစုကို ဆင္းရဲမြဲေတ မသြားေစခ်င္ဘူး။ ဒီကိုကူးေျပာင္းလာၿပီးေနာက္မွာ ခ်မ္းသာေနရာကေန ရုတ္တရက္ႀကီး ဆင္းရဲတြင္းထဲ ေရာက္သြားမွာကို သူခ်က္ခ်င္းႀကီး လက္မခံနိုင္ဘူး။

တကယ္ေတာ့ ေဖေဖယြီရဲ႕ စကားေတြက တဝက္ပဲမွန္တယ္။ သူတို႔ကုမၸဏီက အခက္အခဲေတြ ႀကံဳေနရတယ္ဆိုတာ မွန္တယ္။ သူတို႔သာ ကုမိသားစုရဲ႕ အကူအညီ ရခဲ့ရင္ လက္ရွိအခက္အခဲေတြကို ေက်ာ္လႊားနိုင္ရံုသာမက အနာဂတ္မွာလည္း ပိုႀကီးမားတဲ့ အခြင့္အလမ္းေကာင္းေတြ ရလာနိုင္တယ္။ ကုမိသားစုရဲ႕ အကူအညီကို မရခဲ့ရင္လည္း သူတို႔ခ်က္ခ်င္းႀကီး ဆင္းရဲမသြားနိုင္ဘူး။ တကယ္လို႔ ေဖေဖယြီကသာ အမွန္တိုင္းေျပာလိုက္ရင္ ယြီေဖးက သေဘာမတူေတာ့မွာကို ေၾကာက္တာေၾကာင့္ သူ႔ကိုေခ်ာ့ေမာ့ၿပီးေတာ့သာ blind dateကို သြားခိုင္းခဲ့တယ္။

ဒုတိယကုသခင္ေလးက တရားဝင္ အေမြဆက္ခံသူ မဟုတ္ေပမယ့္ သူကကုမိသားစုရဲ႕ သားပဲေလ။ သူ႔သားက အနာဂတ္မွာ ေကာင္းေကာင္းအဆက္ဆံ မခံရမွာကို စိုးရိမ္စရာ မလိုပါဘူး။ ၿပီးေတာ့ သခင္ေလးကုရွင္းက betaပဲ ယြီေဖးအတြက္ သူအေကာင္းဆံုး စဥ္းစားေပးထားတာ။

အခု ယြီေဖးနဲ႔က်န္႔ရိက ျပတ္သြားၾကၿပီ။ ဒါတကယ့္ကို ၿပီးျပည့္စံုတဲ့ အခ်ိန္ကိုက္ပဲ။

alphaနဲ႔beta အတူတူေနလို႔ ရလဒ္ေကာင္းေတြ မျဖစ္လာနိုင္ဘူး။ ယြီေဖးက အဆင္ေျပပါတယ္လို႔ ကိုယ့္ကိုကိုယ္ လိမ္ေနတာကို သူမၾကည့္ရက္ဘူး။

"ေရွာင္ေဖး ဒုတိယကုသခင္ေလးက တကယ္ေကာင္းတဲ့လူပါ blind dateက မနက္ျဖန္ည ဖုယြီဟိုတယ္မွာ မင္းအတြက္ ခမ္းခမ္းနားနား အဝတ္အစားေတြ ျပင္ထားေပးဖို႔ အေဖမင္းအေမကို ေျပာလိုက္မယ္ ႀကိဳးစားၾကည့္လိုက္ပါ"
ေဖေဖယြီက စိတ္သက္သာရာရေနပံုေပၚတယ္။

ယြီေဖး "နားလည္ပါၿပီ ဒါေပမယ့္ သူကကြၽန္ေတာ့္ကို သေဘာမက်ရင္ ဘယ္လိုလုပ္မလဲ?"

အတိတ္တုန္းကသာဆို ယြီေဖးက ဒီလိုေမးခြန္းမ်ိဳးကို ေမးမွာမဟုတ္ဘူး။ အရင္ယြီေဖးက သူ႔ကိုယ္သူ ကမၻာေပၚမွာ အေကာင္းဆံုးလူလို႔ သတ္မွတ္ထားၿပီး သူ႔ကိုအထင္ေသးတဲ့လူေတြက မ်က္စိကန္းေနလို႔ လို႔ခံယူထားခဲ့တာ။

ေဖေဖယြီက "အဆင္ေျပပါတယ္ အေကာင္းဆံုးကိုသာ လုပ္ပါ စိတ္ေအးေအးထားပါ သူကမင္းနဲ႔ မသင့္ေတာ္ဘူး ဆိုရင္လည္း သူငယ္ခ်င္းေတြ ျဖစ္သြားၾကလည္း မေကာင္းတာေတာ့ မဟုတ္ပါဘူး"

ယြီေဖးက ကူကယ္ရာမဲ့သလို ခံစားလိုက္ရတယ္။ သူဘယ္လိုလုပ္ၿပီး စိတ္ေအးေအးထားနိုင္မွာလဲ? သူတို႔မိသားစုက ဆင္းရဲသြားေတာ့မွာလို႔ အေဖပဲေျပာခဲ့တာ မဟုတ္ဘူးလား?

မူလဇာတ္ေၾကာင္းက ဒီအခ်ိန္ကို သူမမွတ္မိေတာ့ဘူး။ ယြီမိသားစုက ယြီေဖးကို ခ်မ္းသာတဲ့သခင္ေလးနဲ႔ လက္ထပ္ဖို႔ blind dateကို အတင္းအၾကပ္ သြားခိုင္းခဲ့တာကိုပဲ မွတ္မိတယ္။

ယြီမိသားစုက ယြီေဖးကို လက္ထပ္ဖို႔ တြန္းအားေပးခဲ့ရတဲ့ တကယ့္အေၾကာင္းအရင္းကို သူအခုမွပဲ နားလည္ေတာ့တယ္။

ေနာက္ေန႔မွာ တျခားတစ္ဖက္ရဲ႕ အျမင္ေကာင္းကို ရဖို႔အတြက္ ေမေမယြီက ယြီေဖးကို ေစာေစာသြားဖို႔ တိုက္တြန္းခဲ့တယ္။ ဒါေပမယ့္ ယြီေဖးကေတာ့ အလ်င္မလိုပါဘူး။ သူကအနီးအနားက ေရွာ႔ပင္းေမာလ္ တစ္ခုထဲမွာ နာရီဝက္ေလာက္ အခ်ိန္ျဖဳန္းၿပီးမွ ဖုယြီဟိုတယ္ထဲကို ဝင္ခဲ့တယ္။

Blind dateမွာ သူ႔စိတ္ကို စမ္းသပ္ဖို႔အတြက္ ကုေဝက တမင္တကာ နာရီဝက္ေလာက္ ေနာက္က်ၿပီးမွ ေရာက္လာမယ္ဆိုတာကို သူသိၿပီးသား။ ဒါေၾကာင့္မို႔ ယြီေဖးက အလ်င္မလိုခဲ့ဘူး။

အတိအက်ပဲ ခ်ိန္းထားတဲ့အခ်ိန္ထက္ မိနစ္နွစ္ဆယ္ ေနာက္က်ၿပီးမွ ယြီေဖးက အထဲကို ဝင္လာခဲ့တယ္။ စားပြဲထိုးကသူ႔ကို မွာထားတဲ့ စားပြဲဆီ လိုက္ျပေပးတယ္။ သူေရာက္ေတာ့ စားပြဲေပၚမွာ ဘာမွမရွိေသးဘူး။

ယြီေဖးက ေတြ႕ရာေနရာမွာ ခံုဆြဲၿပီး ဝင္ထိုင္လိုက္တယ္။ ၿပီးေတာ့ ျပတင္းေပါက္ကေန ျမင္ေနရတဲ့ ညျမင္ကြင္းကို ေတြေဝမိန္းေမာစြာ ထိုင္ၾကည့္ေနမိတယ္။

သူအရင္တုန္းကလည္း အဆင့္ျမင့္ စားေသာက္ဆိုင္ေတြစီ မၾကာခဏ လာေလ့ရွိတယ္။ ဒါေပမယ့္ ဒါကစားပြဲထိုး အျဖစ္နဲ႔ပဲ။ သူတစ္ခါက သူ႔မိတ္ေဆြေတြကို စေနာက္ခဲ့ဖူးတယ္ တစ္ေန႔ေန႔က်ရင္ သူဒီလိုမ်ိဳး အဆင့္ျမင့္ စားေသာက္ဆိုင္ေတြမွာလာၿပီး ဝန္ေဆာင္မႈေပးခံရတဲ့ အရသာကို ခံစားၾကည့္ဦးမယ္ ဆိုၿပီးေတာ့ေလ။

အတိတ္တုန္းက သူ႔ရဲ႕စေနာက္မႈက အခုခ်ိန္မွာ တကယ္ျဖစ္လာခဲ့မယ္လို႔ ဘယ္သူကမွ ထင္ထားခဲ့မွာ မဟုတ္ဘူး။

သူ႔ရဲ႕အေတြးေတြက အေတြးကမၻာထဲကို တျဖည္းျဖည္း ေရာက္ရွိသြားတဲ့ အခ်ိန္မွာ သူ႔ေရွ႕က ေနရာလြတ္မွာ တစ္စံုတစ္ေယာက္က ခံုဆြဲၿပီး ဝင္ထိုင္လာတယ္။ ယြီေဖးက မိန္းေမာေနတာကို ျပန္သတိကပ္လိုက္ၿပီး အေရွ႕ကလူကိုၾကည့္ရန္ လွည့္လိုက္ခ်ိန္မွာေတာ့ သူဟာစကၠန္႔အနည္းငယ္ေလာက္ ရပ္တန္႔သြားရေတာ့တယ္။

အရမ္းခန္႔ညားတာပဲ.....

ဒါေပမယ့္ ေငးေမာေနမိတာက အခ်ိန္ခဏသာျဖစ္ၿပီး ယြီေဖးက မ်က္လႊာခ်လိုက္ကာ သူ႔စိတ္ကိုတည္ၿငိမ္ေစလိုက္ရင္း ေျခာက္ကပ္ကပ္ ေခ်ာင္းဟန္႔လိုက္တယ္။
"ကုသခင္ေလး"

သူ႔ေရွ႕က အမ်ိဳးသားဟာ အေနာက္တိုင္းဝတ္စံုနဲ႔ လယ္သာရွဴးေတြကို ဝတ္ဆင္ထားၿပီး ခြၽန္ျမေနတဲ့ မ်က္ခံုးေအာက္က ေအးစက္စက္ မ်က္ဝန္းေတြနဲ႔ ယြီေဖးကို စိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ ယြီေဖးက သူ႔ကိုေခၚလိုက္တာကို ၾကားေတာ့ ေပါ့ေပါ့ပါးပါးပဲ ေခါင္းညိမ့္ျပလာတယ္။

ယြီေဖးရဲ႕ရုပ္ရည္က ေက်ာင္းမွာဆိုရင္ ေခ်ာေမာတဲ့ စာရင္းထဲမွာပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အျပဳအမူေတြကေတာ့ Omegaေတြလို မယဥ္ေက်းမသိမ္ေမြ႕ဘူး ၿပီးေတာ့သူ႔ရဲ႕ အရွိန္အဝါကလည္း Alphaေတြေလာက္ မႀကီးမားေလဘူး။ ဒါေၾကာင့္မို႔ တျခားသူေတြရဲ႕ မ်က္လံုးထဲမွာ သူကေခ်ာေမာတယ္လို႔ပဲ အလြယ္တကူ သတ္မွတ္နိုင္တယ္။

ဒီအခ်ိန္မွာေတာ့ သူကကုေဝကို ေၾကာက္႐ြံ႕မေနေတာ့ဘူး။ မီႏူးကို ေအးေအးသာသာ လွန္လိုက္ၿပီး
"ဘာစားခ်င္လဲ? စားရင္းနဲ႔ စကားေျပာရေအာင္ေလ"

ကုေဝက လက္၂ဖက္လံုးကို စားပြဲေပၚမွာ တင္ထားၿပီး ေျပာလိုက္တယ္
"မင္းမွာလိုက္ပါ"

ယြီေဖးက လံုးဝမအံ့ၾသသြားဘူး။ စတိတ္ခ္၂ပြဲနဲ႔ ဝိုင္နီကို မွာလိုက္ၿပီး စားပြဲထိုးဆီကို မီႏူးျပန္ေပးလိုက္တယ္။

"ကြၽန္ေတာ့္နာမည္က ယြီေဖးပါ ကြၽန္ေတာ့္အေဖေျပာေတာ့ blind dateက ဒုတိယကုသခင္ေလးနဲ႔ဆိုၿပီး ဘယ္လိုလုပ္ တတိယကုသခင္ေလး ျဖစ္ေနရတာလဲ?"
ယြီေဖးက သူ႔ေရွ႕ကအမ်ိဳးသားကို အၿပံဳးေလးနဲ႔ ေမးလိုက္တယ္။

ကုေဝက သူ႔မ်က္ခံုးေတြကို ပင့္လိုက္ၿပီး
"မင္းကကိုယ့္ကို သိေနတာလား?"

ယြီေဖးက ေခါင္းညိမ့္လိုက္ၿပီး
"ကြၽန္ေတာ္ ခင္ဗ်ားကို စီးပြားေရးသတင္းေတြမွာ မၾကာမၾကာျမင္ဖူးပါတယ္"

ကုေဝ "မင္းျမင္တဲ့အတိုင္းပဲ တကယ္လက္ထပ္ခ်င္ေနတဲ့သူက ကိုယ္ပဲ ကိုယ့္အကိုနာမည္ကို သက္သက္ယူသံုးထားတာ"

ယြီေဖး "လက္တြဲေဖာ္အေနနဲ႔ betaေတြကိုပဲ ဘာေၾကာင့္ရွာေနရလဲဆိုတာ ကြၽန္ေတာ္သိခြင့္ရွိမလား?"

ကုေဝ "Betaေတြက လြယ္တယ္ေလ"

ယြီေဖးခမ်ာ နင္သြားရေတာ့တယ္။ ခင္ဗ်ားက တကယ့္ကို ေျဗာင္သမားပဲ။

"တကယ္ေတာ့ ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ သေဘာတူညီခ်က္တခု လုပ္ခ်င္တယ္"
ယြီေဖးက အဓိက အေၾကာင္းအရာကိုပဲ တန္းေျပာလိုက္တယ္။ သူ႔ေရွ႕က အမ်ိဳးသားက သိသိသာသာကိုပဲ ေကြ႕ဝိုက္ေျပာရတာကို သေဘာက်ပံုမေပၚဘူး။

ကုေဝက ေမးဆတ္ျပလိုက္ၿပီး ယြီေဖးကို ဆက္ေျပာေစတယ္။

ယြီေဖး "ခင္ဗ်ားက အျမန္လက္ထပ္ခ်င္ေနတယ္ ဒါေပမယ့္ ဝန္ေလးရမယ့္ လက္ထပ္ပြဲမ်ိဳးကို မလိုခ်င္ဘူး ဒါ့ေၾကာင့္မို႔ ခင္ဗ်ားက omegaထက္ betaေတြကို လိုလိုလားလား ေ႐ြးခ်ယ္ခဲ့တာ Betaတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ခင္ဗ်ားကို လိုလိုလားလား ကတိေပးပါတယ္ သေဘာတူညီခ်က္ အခ်ိဳ႕ကလြဲၿပီး ကြၽန္ေတာ္ဘာမွ မေမ်ွာ္လင့္ပါဘူး"

ကုေဝက ယြီေဖးကို ေသခ်ာၾကည့္ေနတယ္ သူ႔စိတ္ထဲမွာ အနည္းငယ္ အံ့အားသင့္ေနေပမယ့္ သူ႔မ်က္နွာေပၚမွာေတာ့ ဘာအမူအရာမွ မေပၚေစရဘူး။ အခုခ်ိန္မွာ တျခားတစ္ဖက္က သူ႔လက္ထပ္ပြဲရဲ႕ ရည္႐ြယ္ခ်က္ကို ေသခ်ာအရွင္းႀကီး သိေနၿပီ။ ကုမိသားစုရဲ႕ တရားဝင္အေမြဆက္ခံသူ တစ္ေယာက္အေနနဲ႔ သူလက္ထပ္မွကိုရမယ္။ ဒါေပမယ့္သူ လက္ထပ္ျခင္းကေန မေပါင္းစည္းခ်င္ဘူး ဒါ့ေၾကာင့္သူ လက္ထပ္ၿပီးတဲ့ေနာက္ သူ႔ဘဝကို ဝင္မေနွာင့္ယွက္မယ့္ စာခ်ဳပ္နဲ႔လက္ထပ္မယ့္ သူတစ္ေယာက္ကိုလိုတယ္။

ဒါေၾကာင့္မို႔ ကုေဝက betaေတြကို ေ႐ြးတာက ေနာက္ပိုင္းမွာ heatျဖစ္လာလို႔ ေပါင္းစည္းဖို႔ တိုက္တြန္းလာမယ့္ omegaေတြကို ေ႐ြးတာထက္ ပိုစိတ္ခ်ရတယ္လို႔ ယံုၾကည္တယ္။ အခုေတာ့ သူ႔ေရွ႕မွာ ထိုင္ေနတဲ့ betaက လံုးဝကို သင့္ေတာ္တယ္။

"ေသခ်ာတာေပါ့"
ကုေဝက မတ္တပ္ထရပ္လိုက္ၿပီး ထိုင္ေနတဲ့ ယြီေဖးကို ငံု႔ၾကည့္လိုက္တယ္။
"ေနာက္ပိုင္းမွာ ကိုယ့္အတြင္းေရးမွဴးက မင္းကိုဆက္သြယ္လာလိမ့္မယ္ ကိုယ္တို႔လက္မထပ္ခင္ မင္းစာခ်ဳပ္မွာ လက္မွတ္အရင္ထိုးဖို႔လိုတယ္ မင္းမွာ ေမးစရာေတြ ရွိလာခဲ့ရင္ ကိုယ္အတြင္းေရးမွဴးနဲ႔ အခ်ိန္မေ႐ြး ေဆြးေႏြးနိုင္တယ္"

ေျပာခ်င္တာ ေျပာၿပီးတဲ့ေနာက္မွာေတာ့ ကုေဝက သတိမဲ့ေနတဲ့ ယြီေဖးကို ထားခဲ့ၿပီး စားေသာက္ဆိုင္ကေန ထြက္လာခဲ့ေတာ့တယ္။

ဒါပဲလား? ဖုန္းနံပါတ္ေလးေတာင္ မေမးသြားေတာ့ဘူးလား?

သိပ္မၾကာခင္မွာပဲ စားပြဲထိုးေလးက စတိတ္ခ္ပြဲေတြနဲ႔ ေရာက္လာေတာ့တယ္။

ယြီေဖးက လက္ေျမႇာက္လိုက္ၿပီး
"ေက်းဇူးျပဳၿပီး ၂ပြဲလံုးကို ကြၽန္ေတာ့္ဘက္မွာပဲ ခ်ေပးပါ"

Note : ဖတ္ေပးၾကတဲ့သူေတြေရာ voteေပးၾကတဲ့သူေတြေရာ အကုန္လံုးကို အမ်ားႀကီး ေက်းဇူးတင္ပါတယ္ရွင္💛
အျပင္ထြက္တဲ့သူေတြေရာ အိမ္မွာပဲေနတဲ့သူေတြေရာ အားလံုးပဲ ေဘးကင္းၾကပါေစ💛💛

Unicode

Blind date

ယွီဖေးရဲ့မိသားစုက မြို့ထဲမှာနေတာကြောင့် ကျောင်းပိတ်ရက်တွေမှာ ယွီဖေးက အိပ်ဆောင်မှာ နေမယ့်အစား အိမ်ပြန်လေ့ရှိတယ်။

Bမြို့မှာဆိုရင် ယွီဖေးတို့မိသားစုက အသင့်အတင့် ချမ်းသာတဲ့ မိသားစုဖြစ်တယ်။ ယွီဖေးက မိသားစုမှာ အကြီးဆုံးသားဖြစ်ပြီး သူ့မှာ Omegaညီမလေးတစ်ယောက်နဲ့ Alphaညီလေးတစ်ယောက်ရှိတယ်။ သူကအကြီးဆုံးသား ဖြစ်ပေမယ့် Betaဖြစ်နေတာကြောင့် မောင်နှမတွေနဲ့ယှဉ်ရင် မိသားစုထဲမှာသူက လျစ်လျူရှုခံရတတ်တယ်။

ဒါပေမယ့်သူက ငယ်ငယ်လေးကတည်းက သူ့ကံကြမ္မာကို လက်မခံနိုင်ခဲ့ဘူး။ သူကပါရမီမပါတဲ့အတွက်ကြောင့် အကောင်းဆုံး ဆိုတာတွေကိုရဖို့ အမြဲယှဉ်ပြိုင်နေခဲ့ရတယ်။ ဒါကြောင့်ပဲသူက alphaတစ်ယောက်ကို ရည်းစားတော်ဖို့ လိုလိုလားလား တမင်ရှာခဲ့တာ။

ယွီဖေး အိမ်ပြန်ရောက်တဲ့အခါ သူ့မိသားစုကို သူနဲ့ကျန့်ရိ ပြတ်သွားပြီ ဆိုတဲ့အကြောင်း ပြောပြလိုက်တယ်။ ယွီဖေးရဲ့ အဖေနဲ့အမေက အခုထိ မယုံနိုင်ကြသေးဘူး။

"အရင်တုန်းက မင်းပဲတစ်ချိန်လုံး သူ့ကိုလိုက်ပိုးပန်းနေခဲ့တာလေ အဖေတို့က ကျောင်းပြီးရင် မင်းတို့နှစ်ယောက် လက်ထပ်ကြတော့မယ်လို့တောင် ထင်ထားကြတာ အခုဘယ်လို ဖြစ်ရတာလဲ?"
ဖေဖေယွီက သူ့ကိုမေးလိုက်တယ်။

ယွီဖေး "သူကOmegaတစ်ယောက်ကို အမှတ်အသားပေးခဲ့တယ်"

ယွီဖေးပြောလိုက်တဲ့ စကားကြောင့် ညစာစားနေကြတဲ့ သူတွေက ရုတ်တရက် ရပ်တန့်သွားကြတော့တယ်။

ယွီဖေးရဲ့ညီ ယွီလော်ကတော့ သူ့ကိုနှစ်သိမ့်ပေးတယ်
"အကိုကြီး မင်းတို့နှစ်ယောက် ပြတ်သွားကြတော့လည်း ကောင်းတာပါပဲ"

ပြတ်စဲပြီးတဲ့နောက် သူ့ပုံစံက အရမ်းသနားစရာကောင်းနေလို့ ထင်ပါရဲ့ သူ့ရဲ့မိသားစုက သူ့ကို ကျောင်းကအကြောင်းတွေ မမေးကြတော့ဘဲ ညစာစားပြီးတာနဲ့ အပေါ်တက်ပြီး အနားယူဖို့ကိုသာ တိုက်တွန်းကြတော့တယ်။

ယွီဖေးက အခုချိန်ကစပြီး ကောင်းကောင်းအနားယူရတော့မယ်လို့ ထင်ခဲ့ပေမယ့် နောက်နေ့ညနေခင်းမှာ ဖေဖေယွီက သတင်းဆိုးတစ်ခုကို ပြောလာလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။

"မင်းတို့ကို လျှို့ဝှက်မထားနိုင်တော့တဲ့ ကိစ္စတစ်ခု အဖေပြောပြစရာရှိတယ်"

မောင်နှမ၃ယောက်လုံးက လုပ်လက်စအလုပ်တွေ ရပ်လိုက်ကြပြီး သူတို့အဖေ ပြောလာမယ့် စကားကို နားစွင့်နေကြတယ်။

"အဖေတို့ကုမ္ပဏီရဲ့ ဘဏ္ဍာငွေတွေ တစ်လကျော်လောက် အဖြတ်ခံလိုက်ရပြီ"

ယွီဖေးရဲ့ ညီမလေးက မျက်လုံးတွေ ပြူးကျယ်သွားပြီး သူမရဲ့ပါးစပ်ကို လက်နဲ့ကာခါ ကြောက်လန့်တကြား ပြောလာတော့တယ်
"သမီးတို့မိသားစုက ဆင်းရဲသွားတော့မှာလား?"

ဖေဖေယွီက သူမကိုကြည့်ပြီး စိတ်မကောင်းကြီးစွာနဲ့ ခေါင်းညိမ့်ပြလိုက်တယ်။

ယွီလင်းရဲ့ မျက်လုံးတွေက ရုတ်တရက်ကြီး နီရဲသွားတော့တယ်။

ယွီဖေးက စိတ်ပျက်အံ့အားသင့်သွားပြီး တစ်ခုခုကို သတိရသွားတော့တယ်။

ယွီလော်က "အဖေ ကျွန်တော့်မှာ စာအိတ်နီတချို့ ရှိသေးတယ်..."

မေမေယွီ "ရှောင်လော် အရူးလေး နှစ်သစ်ကူးတုန်းက ရထားတဲ့ ပိုက်ဆံနည်းနည်းက ဘယ်လိုလုပ် လောက်မှာလဲ?"

ယွီလော် "ဒါဆို ကျွန်တော်ဘာလုပ်ပေးရမလဲ? အဖေ တစ်ခြားနည်း ရှိသေးလား?"

ဖေဖေယွီ "အဖေ ဘယ်လိုပြောရမလဲတော့ မသိဘူး ဒါပေမယ့် မနေ့က..."

ဖေဖေယွီက ယွီဖေးကို ကြည့်လိုက်ပြီး

"အဖေ မနေ့ကတစ်ညလုံး စဉ်းစားခဲ့တယ် အခုထိလည်း ဒီနည်းလမ်းက အလုပ်ဖြစ်မယ်လို့ ထင်နေတုန်းပဲ"

ယွီလော် "ဘယ်နည်းလမ်းလဲ?"

"မင်းတို့အန်တီကပြောတယ် ကုမိသားစုက သူတို့ရဲ့ဒုတိယသား ကုရှင်းအတွက် သင့်တော်မယ့် ကြင်ယာရှာနေတယ်တဲ့"

လူတိုင်းသိကြတဲ့အတိုင်းပဲ ဒုတိယကုသခင်လေးက betaတစ်ယောက်ဖြစ်တယ်။ ဒါ့ကြောင့်သူက ကုမိသားစုရဲ့အမွေကို ဆက်ခံနိုင်မှာ မဟုတ်ဘူး။

ဖေဖေယွီ ပြောပြီးတာနဲ့ ယွီလင်းက ချက်ချင်းငိုကြွေးတော့တယ်
"အဖေ ကျွန်မလက်မထပ်ချင်ဘူး!"

ဖေဖေယွီက ခဏလောက် စိတ်ပျက်သွားပြီး သူမကို နှစ်သိမ့်လိုက်တယ်
"သူတို့ကလည်း Omegaတစ်ယောက်ကို မလိုချင်ပါဘူး"
(ကောင်မရယ် ညည်းဖယ် ညည်းဖယ်)

ယွီလင်းက ရုတ်တရက် သူမရဲ့လည်ချောင်းထဲကနေ ဆွဲဆွဲငင်ငင် ငိုကြွေးနေတာကို ရပ်တန့်လိုက်တယ်။

"ကုမိသားစု ရှာနေတဲ့ ကြင်ယာက betaပဲဖြစ်ရမယ်တဲ့"

ရုတ်တရက် ညစာစားပွဲမှာ ရှိနေတဲ့ လူတိုင်းရဲ့ မျက်လုံးတွေက အချိန်အကြာကြီး တိတ်ဆိတ်နေတဲ့ ယွီဖေးဆီကို အကြည့်တွေ ကျရောက်လာကြတော့တယ်။

ယွီဖေး "..."

တကယ့်blind dateအစစ်က ဒုတိယသခင်လေး ကုရှင်းအတွက် မဟုတ်ဘဲ ကုမိသားစုရဲ့ တရားဝင် အမွေဆက်ခံသူ alphaဖြစ်တဲ့ ကုမိသားစုရဲ့ တတိယသား ကုဝေအတွက်ဆိုတာကို ယွီဖေးတစ်ယောက်ပဲ သိတယ်။

"ကျွန်တော်သွားပါ့မယ်"
ယွီဖေးက သဘောတူလိုက်တယ်။ သူကတကယ့်ကိုပဲ သူ့မိသားစုကို ဆင်းရဲမွဲတေ မသွားစေချင်ဘူး။ ဒီကိုကူးပြောင်းလာပြီးနောက်မှာ ချမ်းသာနေရာကနေ ရုတ်တရက်ကြီး ဆင်းရဲတွင်းထဲ ရောက်သွားမှာကို သူချက်ချင်းကြီး လက်မခံနိုင်ဘူး။

တကယ်တော့ ဖေဖေယွီရဲ့ စကားတွေက တဝက်ပဲမှန်တယ်။ သူတို့ကုမ္ပဏီက အခက်အခဲတွေ ကြုံနေရတယ်ဆိုတာ မှန်တယ်။ သူတို့သာ ကုမိသားစုရဲ့ အကူအညီ ရခဲ့ရင် လက်ရှိအခက်အခဲတွေကို ကျော်လွှားနိုင်ရုံသာမက အနာဂတ်မှာလည်း ပိုကြီးမားတဲ့ အခွင့်အလမ်းကောင်းတွေ ရလာနိုင်တယ်။ ကုမိသားစုရဲ့ အကူအညီကို မရခဲ့ရင်လည်း သူတို့ချက်ချင်းကြီး ဆင်းရဲမသွားနိုင်ဘူး။ တကယ်လို့ ဖေဖေယွီကသာ အမှန်တိုင်းပြောလိုက်ရင် ယွီဖေးက သဘောမတူတော့မှာကို ကြောက်တာကြောင့် သူ့ကိုချော့မော့ပြီးတော့သာ blind dateကို သွားခိုင်းခဲ့တယ်။

ဒုတိယကုသခင်လေးက တရားဝင် အမွေဆက်ခံသူ မဟုတ်ပေမယ့် သူကကုမိသားစုရဲ့ သားပဲလေ။ သူ့သားက အနာဂတ်မှာ ကောင်းကောင်းအဆက်ဆံ မခံရမှာကို စိုးရိမ်စရာ မလိုပါဘူး။ ပြီးတော့ သခင်လေးကုရှင်းက betaပဲ ယွီဖေးအတွက် သူအကောင်းဆုံး စဉ်းစားပေးထားတာ။

အခု ယွီဖေးနဲ့ကျန့်ရိက ပြတ်သွားကြပြီ။ ဒါတကယ့်ကို ပြီးပြည့်စုံတဲ့ အချိန်ကိုက်ပဲ။

alphaနဲ့beta အတူတူနေလို့ ရလဒ်ကောင်းတွေ မဖြစ်လာနိုင်ဘူး။ ယွီဖေးက အဆင်ပြေပါတယ်လို့ ကိုယ့်ကိုကိုယ် လိမ်နေတာကို သူမကြည့်ရက်ဘူး။

"ရှောင်ဖေး ဒုတိယကုသခင်လေးက တကယ်ကောင်းတဲ့လူပါ blind dateက မနက်ဖြန်ည ဖုယွီဟိုတယ်မှာ မင်းအတွက် ခမ်းခမ်းနားနား အဝတ်အစားတွေ ပြင်ထားပေးဖို့ အဖေမင်းအမေကို ပြောလိုက်မယ် ကြိုးစားကြည့်လိုက်ပါ"
ဖေဖေယွီက စိတ်သက်သာရာရနေပုံပေါ်တယ်။

ယွီဖေး "နားလည်ပါပြီ ဒါပေမယ့် သူကကျွန်တော့်ကို သဘောမကျရင် ဘယ်လိုလုပ်မလဲ?"

အတိတ်တုန်းကသာဆို ယွီဖေးက ဒီလိုမေးခွန်းမျိုးကို မေးမှာမဟုတ်ဘူး။ အရင်ယွီဖေးက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အကောင်းဆုံးလူလို့ သတ်မှတ်ထားပြီး သူ့ကိုအထင်သေးတဲ့လူတွေက မျက်စိကန်းနေလို့ လို့ခံယူထားခဲ့တာ။

ဖေဖေယွီက "အဆင်ပြေပါတယ် အကောင်းဆုံးကိုသာ လုပ်ပါ စိတ်အေးအေးထားပါ သူကမင်းနဲ့ မသင့်တော်ဘူး ဆိုရင်လည်း သူငယ်ချင်းတွေ ဖြစ်သွားကြလည်း မကောင်းတာတော့ မဟုတ်ပါဘူး"

ယွီဖေးက ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ်။ သူဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲ? သူတို့မိသားစုက ဆင်းရဲသွားတော့မှာလို့ အဖေပဲပြောခဲ့တာ မဟုတ်ဘူးလား?

မူလဇာတ်ကြောင်းက ဒီအချိန်ကို သူမမှတ်မိတော့ဘူး။ ယွီမိသားစုက ယွီဖေးကို ချမ်းသာတဲ့သခင်လေးနဲ့ လက်ထပ်ဖို့ blind dateကို အတင်းအကြပ် သွားခိုင်းခဲ့တာကိုပဲ မှတ်မိတယ်။

ယွီမိသားစုက ယွီဖေးကို လက်ထပ်ဖို့ တွန်းအားပေးခဲ့ရတဲ့ တကယ့်အကြောင်းအရင်းကို သူအခုမှပဲ နားလည်တော့တယ်။

နောက်နေ့မှာ တခြားတစ်ဖက်ရဲ့ အမြင်ကောင်းကို ရဖို့အတွက် မေမေယွီက ယွီဖေးကို စောစောသွားဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် ယွီဖေးကတော့ အလျင်မလိုပါဘူး။ သူကအနီးအနားက ရှော့ပင်းမောလ် တစ်ခုထဲမှာ နာရီဝက်လောက် အချိန်ဖြုန်းပြီးမှ ဖုယွီဟိုတယ်ထဲကို ဝင်ခဲ့တယ်။

Blind dateမှာ သူ့စိတ်ကို စမ်းသပ်ဖို့အတွက် ကုဝေက တမင်တကာ နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာမယ်ဆိုတာကို သူသိပြီးသား။ ဒါကြောင့်မို့ ယွီဖေးက အလျင်မလိုခဲ့ဘူး။

အတိအကျပဲ ချိန်းထားတဲ့အချိန်ထက် မိနစ်နှစ်ဆယ် နောက်ကျပြီးမှ ယွီဖေးက အထဲကို ဝင်လာခဲ့တယ်။ စားပွဲထိုးကသူ့ကို မှာထားတဲ့ စားပွဲဆီ လိုက်ပြပေးတယ်။ သူရောက်တော့ စားပွဲပေါ်မှာ ဘာမှမရှိသေးဘူး။

ယွီဖေးက တွေ့ရာနေရာမှာ ခုံဆွဲပြီး ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ပြတင်းပေါက်ကနေ မြင်နေရတဲ့ ညမြင်ကွင်းကို တွေဝေမိန်းမောစွာ ထိုင်ကြည့်နေမိတယ်။

သူအရင်တုန်းကလည်း အဆင့်မြင့် စားသောက်ဆိုင်တွေစီ မကြာခဏ လာလေ့ရှိတယ်။ ဒါပေမယ့် ဒါကစားပွဲထိုး အဖြစ်နဲ့ပဲ။ သူတစ်ခါက သူ့မိတ်ဆွေတွေကို စနောက်ခဲ့ဖူးတယ် တစ်နေ့နေ့ကျရင် သူဒီလိုမျိုး အဆင့်မြင့် စားသောက်ဆိုင်တွေမှာလာပြီး ဝန်ဆောင်မှုပေးခံရတဲ့ အရသာကို ခံစားကြည့်ဦးမယ် ဆိုပြီးတော့လေ။

အတိတ်တုန်းက သူ့ရဲ့စနောက်မှုက အခုချိန်မှာ တကယ်ဖြစ်လာခဲ့မယ်လို့ ဘယ်သူကမှ ထင်ထားခဲ့မှာ မဟုတ်ဘူး။

သူ့ရဲ့အတွေးတွေက အတွေးကမ္ဘာထဲကို တဖြည်းဖြည်း ရောက်ရှိသွားတဲ့ အချိန်မှာ သူ့ရှေ့က နေရာလွတ်မှာ တစ်စုံတစ်ယောက်က ခုံဆွဲပြီး ဝင်ထိုင်လာတယ်။ ယွီဖေးက မိန်းမောနေတာကို ပြန်သတိကပ်လိုက်ပြီး အရှေ့ကလူကိုကြည့်ရန် လှည့်လိုက်ချိန်မှာတော့ သူဟာစက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားရတော့တယ်။

အရမ်းခန့်ညားတာပဲ.....

ဒါပေမယ့် ငေးမောနေမိတာက အချိန်ခဏသာဖြစ်ပြီး ယွီဖေးက မျက်လွှာချလိုက်ကာ သူ့စိတ်ကိုတည်ငြိမ်စေလိုက်ရင်း ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်တယ်။
"ကုသခင်လေး"

သူ့ရှေ့က အမျိုးသားဟာ အနောက်တိုင်းဝတ်စုံနဲ့ လယ်သာရှူးတွေကို ဝတ်ဆင်ထားပြီး ချွန်မြနေတဲ့ မျက်ခုံးအောက်က အေးစက်စက် မျက်ဝန်းတွေနဲ့ ယွီဖေးကို စိုက်ကြည့်နေတယ်။ ပြီးတော့ ယွီဖေးက သူ့ကိုခေါ်လိုက်တာကို ကြားတော့ ပေါ့ပေါ့ပါးပါးပဲ ခေါင်းညိမ့်ပြလာတယ်။

ယွီဖေးရဲ့ရုပ်ရည်က ကျောင်းမှာဆိုရင် ချောမောတဲ့ စာရင်းထဲမှာပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြုအမူတွေကတော့ Omegaတွေလို မယဉ်ကျေးမသိမ်မွေ့ဘူး ပြီးတော့သူ့ရဲ့ အရှိန်အဝါကလည်း Alphaတွေလောက် မကြီးမားလေဘူး။ ဒါကြောင့်မို့ တခြားသူတွေရဲ့ မျက်လုံးထဲမှာ သူကချောမောတယ်လို့ပဲ အလွယ်တကူ သတ်မှတ်နိုင်တယ်။

ဒီအချိန်မှာတော့ သူကကုဝေကို ကြောက်ရွံ့မနေတော့ဘူး။ မီနူးကို အေးအေးသာသာ လှန်လိုက်ပြီး
"ဘာစားချင်လဲ? စားရင်းနဲ့ စကားပြောရအောင်လေ"

ကုဝေက လက်၂ဖက်လုံးကို စားပွဲပေါ်မှာ တင်ထားပြီး ပြောလိုက်တယ်
"မင်းမှာလိုက်ပါ"

ယွီဖေးက လုံးဝမအံ့သြသွားဘူး။ စတိတ်ခ်၂ပွဲနဲ့ ဝိုင်နီကို မှာလိုက်ပြီး စားပွဲထိုးဆီကို မီနူးပြန်ပေးလိုက်တယ်။

"ကျွန်တော့်နာမည်က ယွီဖေးပါ ကျွန်တော့်အဖေပြောတော့ blind dateက ဒုတိယကုသခင်လေးနဲ့ဆိုပြီး ဘယ်လိုလုပ် တတိယကုသခင်လေး ဖြစ်နေရတာလဲ?"
ယွီဖေးက သူ့ရှေ့ကအမျိုးသားကို အပြုံးလေးနဲ့ မေးလိုက်တယ်။

ကုဝေက သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး
"မင်းကကိုယ့်ကို သိနေတာလား?"

ယွီဖေးက ခေါင်းညိမ့်လိုက်ပြီး
"ကျွန်တော် ခင်ဗျားကို စီးပွားရေးသတင်းတွေမှာ မကြာမကြာမြင်ဖူးပါတယ်"

ကုဝေ "မင်းမြင်တဲ့အတိုင်းပဲ တကယ်လက်ထပ်ချင်နေတဲ့သူက ကိုယ်ပဲ ကိုယ့်အကိုနာမည်ကို သက်သက်ယူသုံးထားတာ"

ယွီဖေး "လက်တွဲဖော်အနေနဲ့ betaတွေကိုပဲ ဘာကြောင့်ရှာနေရလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား?"

ကုဝေ "Betaတွေက လွယ်တယ်လေ"

ယွီဖေးခမျာ နင်သွားရတော့တယ်။ ခင်ဗျားက တကယ့်ကို ဗြောင်သမားပဲ။

"တကယ်တော့ ကျွန်တော် ခင်ဗျားနဲ့ သဘောတူညီချက်တခု လုပ်ချင်တယ်"
ယွီဖေးက အဓိက အကြောင်းအရာကိုပဲ တန်းပြောလိုက်တယ်။ သူ့ရှေ့က အမျိုးသားက သိသိသာသာကိုပဲ ကွေ့ဝိုက်ပြောရတာကို သဘောကျပုံမပေါ်ဘူး။

ကုဝေက မေးဆတ်ပြလိုက်ပြီး ယွီဖေးကို ဆက်ပြောစေတယ်။

ယွီဖေး "ခင်ဗျားက အမြန်လက်ထပ်ချင်နေတယ် ဒါပေမယ့် ဝန်လေးရမယ့် လက်ထပ်ပွဲမျိုးကို မလိုချင်ဘူး ဒါ့ကြောင့်မို့ ခင်ဗျားက omegaထက် betaတွေကို လိုလိုလားလား ရွေးချယ်ခဲ့တာ Betaတစ်ယောက်အနေနဲ့ ကျွန်တော် ခင်ဗျားကို လိုလိုလားလား ကတိပေးပါတယ် သဘောတူညီချက် အချို့ကလွဲပြီး ကျွန်တော်ဘာမှ မမျှော်လင့်ပါဘူး"

ကုဝေက ယွီဖေးကို သေချာကြည့်နေတယ် သူ့စိတ်ထဲမှာ အနည်းငယ် အံ့အားသင့်နေပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဘာအမူအရာမှ မပေါ်စေရဘူး။ အခုချိန်မှာ တခြားတစ်ဖက်က သူ့လက်ထပ်ပွဲရဲ့ ရည်ရွယ်ချက်ကို သေချာအရှင်းကြီး သိနေပြီ။ ကုမိသားစုရဲ့ တရားဝင်အမွေဆက်ခံသူ တစ်ယောက်အနေနဲ့ သူလက်ထပ်မှကိုရမယ်။ ဒါပေမယ့်သူ လက်ထပ်ခြင်းကနေ မပေါင်းစည်းချင်ဘူး ဒါ့ကြောင့်သူ လက်ထပ်ပြီးတဲ့နောက် သူ့ဘဝကို ဝင်မနှောင့်ယှက်မယ့် စာချုပ်နဲ့လက်ထပ်မယ့် သူတစ်ယောက်ကိုလိုတယ်။

ဒါကြောင့်မို့ ကုဝေက betaတွေကို ရွေးတာက နောက်ပိုင်းမှာ heatဖြစ်လာလို့ ပေါင်းစည်းဖို့ တိုက်တွန်းလာမယ့် omegaတွေကို ရွေးတာထက် ပိုစိတ်ချရတယ်လို့ ယုံကြည်တယ်။ အခုတော့ သူ့ရှေ့မှာ ထိုင်နေတဲ့ betaက လုံးဝကို သင့်တော်တယ်။

"သေချာတာပေါ့"
ကုဝေက မတ်တပ်ထရပ်လိုက်ပြီး ထိုင်နေတဲ့ ယွီဖေးကို ငုံ့ကြည့်လိုက်တယ်။
"နောက်ပိုင်းမှာ ကိုယ့်အတွင်းရေးမှူးက မင်းကိုဆက်သွယ်လာလိမ့်မယ် ကိုယ်တို့လက်မထပ်ခင် မင်းစာချုပ်မှာ လက်မှတ်အရင်ထိုးဖို့လိုတယ် မင်းမှာ မေးစရာတွေ ရှိလာခဲ့ရင် ကိုယ်အတွင်းရေးမှူးနဲ့ အချိန်မရွေး ဆွေးနွေးနိုင်တယ်"

ပြောချင်တာ ပြောပြီးတဲ့နောက်မှာတော့ ကုဝေက သတိမဲ့နေတဲ့ ယွီဖေးကို ထားခဲ့ပြီး စားသောက်ဆိုင်ကနေ ထွက်လာခဲ့တော့တယ်။

ဒါပဲလား? ဖုန်းနံပါတ်လေးတောင် မမေးသွားတော့ဘူးလား?

သိပ်မကြာခင်မှာပဲ စားပွဲထိုးလေးက စတိတ်ခ်ပွဲတွေနဲ့ ရောက်လာတော့တယ်။

ယွီဖေးက လက်မြှောက်လိုက်ပြီး
"ကျေးဇူးပြုပြီး ၂ပွဲလုံးကို ကျွန်တော့်ဘက်မှာပဲ ချပေးပါ"

Note : ဖတ်ပေးကြတဲ့သူတွေရော voteပေးကြတဲ့သူတွေရော အကုန်လုံးကို အများကြီး ကျေးဇူးတင်ပါတယ်ရှင်💛
အပြင်ထွက်တဲ့သူတွေရော အိမ်မှာပဲနေတဲ့သူတွေရော အားလုံးပဲ ဘေးကင်းကြပါစေ💛💛

Continue Reading

You'll Also Like

71.7K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...
4.2K 238 5
ပိုင်ကျို့၏ခန့်မှန်းရခက်သည့်စိတ်ထားကို လူတိုင်းကကြောက်ကြသည်။ ရှင်းယီတစ်ဦးတည်းကသာ သူ့ကိုထိန်းချုပ်နိုင်သူဖြစ်၏။ ရက်စက်ကြမ်းကြုတ်တဲ့ဝန်မင်းတစ်ပါးနဲ့ က...
168K 18.6K 74
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
11.7K 769 8
天宝伏妖录" နတ်ဆိုးခြွေဒဏ္ဍာရီ "ဆိုတာ Author Fei Tian Ye Xiang(非天夜翔)ရဲ့ Volume (5)ခု Chapter (221)ခုပါဝင်တဲ့ Xuan Huan , BL , Ancient Romance အမျိုးအစာ...