Chapter 37

16K 2.4K 598
                                    


Scroll down for Unicode.



[Zawgyi]


Chapter 37 - "I like you very much, but you are free."

"ကိုယ် မင်းကို အရမ်းသဘောကျတယ်။ ဒါပေမဲ့ မင်းကိုချုပ်ချယ်မထားဘူး"

ဝမ်းရှောင်ဟွေး တခဏလောက်တွေးဆကြည့်မိသည်။ လော့ရိပြောတာလည်း အကျိုးအကြောင်းသင့်သည်။ လော့ယွဲ့က ကြည့်လို့လည်းကောင်း သိမ်သိမ်မွေ့မွေ့နှင့်ချစ်စရာလေး၊ လီရှော့သဘောကြတဲ့ "အိမ်ရှင်မကောင်း"ဆိုသည့်ပုံစံမျိုးအတိုင်းပင်။ အကယ်၍ လီရှော့က လော့ယွဲ့ကိုကြိုက်တယ်ဆိုလည်း အံ့ဩစရာမရှိပါဘူး။ အခုလီရှော့က သူ့ဟာသူကို မပြတ်မသားတွေဖြစ်နေတာများလား...

အမှန်အတိုင်းပြောရရင် သူ့အတွက်တော့ လော့ယွဲ့က ဘယ်ရည်းစားမဆိုထက်ပိုအရေးပါသည်။ အကယ်၍များ လီရှော့က လော့ယွဲ့ကြောင့်နှင့် သူ့ဆီချည်းကပ်လာခဲ့တာဆို သူ စိတ်ပျက်ကောင်းစိတ်ပျက်မိနိုင်ပေမဲ့ လော့ယွဲ့ကို အဆင်ပြေပါစေရယ်လို့ သူ သေချာပေါက် စိတ်ရင်းနှင့်ကိုဆုတောင်းပေးမှာပါ။ ဒါပေမဲ့ လီရှော့အနေနှင့် လော့ယွဲ့ကိုတွဲခွင့်ရနိုင်မှာမဟုတ်။

လော့ယွဲ့နားချည်းကပ်နိုင်ဖို့အခွင့်အရေးအတွက်နှင့် သူ့အပေါ် လီရှော့အခုလိုလုပ်ဝံ့တယ်ဆိုလည်း သူနှင့်ဘာမှမသက်ဆိုင်ဘူးလေ။ သူ လော့ရိကို ပြန်ပြောလိုက်သည်

"မဟုတ်ကောင်းလောက်ပါဘူး။ လီရှော့က အဲ့လိုစိတ်ထားမပြည့်ဝတဲ့လူမဟုတ်ဘူးလို့ ငါထင်တယ်။ သူ ဒီနားကြုံနေလို့ ကိတ်မုန့်လာမြည်းချင်တာမျိုးပါပဲ။ ငွေစာရင်းစစ်ပေးတာကလည်း ညစာအတွက် ပြန်ပေးတဲ့အနေနဲ့လုပ်ပေးတာလို့ပြောတယ်လေ။ သူ့အတွက် ဒီလောက်က ထွေထွေထူးထူးမှမဟုတ်တာ။ မျက်စိရှေ့ကြုံနေရပြီဆိုတော့ ဝင်ကူပေးတာပေါ့"

လော့ရိက ပြုံးကာပြောသည်

"ဟုတ်ပါတယ် ကျွန်တော်က ဒီလိုပဲပြောလိုက်တာပါ။ ကျွန်တော့်ခေါင်းထဲမှာက အတွေးတွေအများကြီးလျှောက်တွေးမိနေတာဆိုတော့ အတွေးလွန်သွားတယ်။ ကော အရမ်းလည်းခေါင်းထဲထည့်နေစရာမလိုပါဘူး"

Additional Heritage [Myanmar Translation]Where stories live. Discover now