[Unicode]
Note - Ch 105ကနေ တမင်ခွဲတင်ဖြစ်တဲ့ Ch 105.2လေးမလို့ အရမ်းတိုပါတယ်နော်။
..
Chapter 105.2
ဝမ်းရှောင်ဟွေး ဟိုတယ်ပြန်ရောက်တော့ လော့ရိက ကြက်သားစွတ်ပြုတ်အိုးနှင့် ထိုင်စောင့်နေသည်။
ဝမ်းရှောင်ဟွေး တံခါးဖွင့် ဝင်ဝင်လိုက်ချင်းပဲ "အွန်း...မွှေးလိုက်တာ.."ဆို အသံက လူထက်အရင် အထဲဝင်လာ၏။
"ဟိုတယ်မီးဖိုဆောင်ထဲလည်း ဝင်လို့ရတယ်ပေါ့လေ... မလုပ်ထားပါနဲ့ ပြောထားရဲ့သားနဲ့ကို.. ပြီးတော့ ငါ အခုပဲ စားလာပြီးတာရယ်"
"စွတ်ပြုတ်လေးပဲဟာ၊ တောင်ပိုင်းဆောင်းက အအေးပိုတယ်... လာ ကိုယ်ထဲနွေးသွားအောင် စွတ်ပြုတ်လေးနည်းနည်း သောက်လိုက်" ဆို လော့ရိက စွတ်ပြုတ်တစ်ပန်းကန် ခပ်ထည့်ပေးသည်။
ဝမ်းရှောင်ဟွေး ဗိုက်ပြည့်နေပေမယ့် ကြက်စွတ်ပြုတ်မွှေးရနံ့ရဲ့ ဆွဲဆောင်မှုမှာ မျောပါသွားလေပြီး အားပါးတရ ထိုင်သောက်သည်။
လော့ရိက သူသောက်တာလေးကိုကြည့်ပြီး ကျေနပ်စွာ ပြုံးလို့။
ဝမ်းရှောင်ဟွေး တစ်ဝက်လောက်သောက်ပြီးမှ ခေါင်းပြန်ဖော်လာသည်... "ဘာလုပ်နေတာလဲ?"
"ရှောက်ချွင်ဆီသွားတယ်ဆိုတာ အဆင်ပြေခဲ့တယ်မလား?"
"ပြေလွန်းလို့မှ... ချိန်ရှို့ချက်ကျွေးတာတွေကလည်း စားလို့ကောင်းမှကောင်း"
"ကျွန်တော့်ထက်?"
"တမျိုးစီပေါ့လို့... နှစ်ယောက်လုံး လက်စွမ်းက ရှယ်ကြည့်...ရှယ်ကြည့်!"
"သူတို့ အငှားကိုယ်ဝန်ဆောင်နဲ့ ကလေးရထားတယ် ကြားတယ်"
"အွန်း... ချိန်ရှို့က အာထရာစောင်းပုံလေး ပြတယ်... ပြပေမယ့် ဒီက အဲ့ပုံလေးပဲကြည့်ပြီး မခံစားတတ်ဘူးလေရော်..."
"ကော ကလေးလိုချင်လား"
ဝမ်းရှောင်ဟွေး သူ့ကို တစ်ချက်မော့ကြည့်လာပြီး... "ဘာလုပ်မလို့လဲ... မလိုချင်ဘူး၊ ရတယ် မယူဘူး"