[Sweetheart] Extra - 6

7.5K 1.3K 177
                                    


[Unicode]

[Sweetheart] Extra - 6

Chapter 113

လော့ယွဲ့ သူ့ခေါင်းကြီး ပေါက်ထွက်သွားသလို ခံစားလိုက်ရသည်။ သူ ချင်ဇီကျောင်းကို မော့ကြည့်ရင်း လူက နေရာမှာတင် တကိုယ်လုံး ကြက်သေသေနေတော့၏။ မျက်ဝန်းများထက်ဆီ ပြောမပြတတ်အောင် အံ့သြရခြင်းတို့ သိန်းသောင်းချီ ဝေ့တက်လာတော့သည်။

ချင်ဇီကျောင်း၏မျက်နှာချောချောက သူ့ရှေ့သို့ တိုးကပ်လာပြီး သူ့အား ထေ့တေ့တေ့နှင့် ပြောလာသည်... "ဟင်လို့"

လော့ယွဲ့နားထဲတော့ ချင်ဇီကျောင်းအသံမှာ ကေသရာဇာခြင်္သေ့မင်း ဟိန်းဟောက်လိုက်သလိုနှယ်...

လော့ယွဲ့ ကြောက်အားလန့်အားနှင့် အသည်းအသန် ငြင်းမိပါသည်... "ဟင့်အင်း..မဟုတ်သေးဘူးလေ. . . ငါတို့က တွဲတောင်မတွဲဖြစ်သေးတာ...အဲ့တာအတွက်က အရမ်း စော. .စောမနေဘူးလား..."

ချင်ဇီကျောင်းက ဟက်ခနဲ လှောင်ရယ်လို့... "ခင်ဗျားကို ဘယ်သူက တွဲမယ်ပြောလို့လဲ"

လော့ယွဲ့မှာ သူ့ခေါင်းပေါ် ရေခဲရေပုံးလိုက် လောင်းချခံလိုက်ရသလိုပင်... ရှက်သွေးဖြန်းလို့ ပူကျစ်နေသော ပါးပြင်ငယ်တို့မှာ ရုတ်ချည်း အေးစက်သွားရတော့သည်။ သူ ချင်ဇီကျောင်းကို မယုံနိုင်စွာ ကြောင်အပြီး ကြည့်နေမိသည်...

"ကျွန်တော့်မှာ ခင်ဗျားနဲ့ တွဲနေဖို့ အချိန်ရှိတယ်များထင်နေလား? ဒီမှာ...ကမ္ဘာပေါ်မှာ ဒီလောက် မိန်းမတွေပေါ်တာ ဘာလို့ မိန်းမစစ်စစ်ကို မရှာဘဲ ခင်ဗျားလို မိန်းမလျာတစ်ယောက်နဲ့ တွဲမှာလဲ?"

လော့ယွဲ့ရင်ထဲ ဆစ်ခနဲ... နှုတ်ခမ်းအစုံမှာလည်း သောင်းပြောင်းတင်းကျပ်လာသော ခံစားချက်အဟုန်ဖြင့် တဆတ်ဆတ်တုန်ယီနေတော့သည်။ ချင်ဇီကျောင်း၏ အေးစက်ပြီး အထင်သေးသော အကြည့်တို့အောက် သူ အရှက်ကြီးရှက်မိရသည်။ ရဲရဲနီစွာ လွှမ်းတက်လာလျက် ချင်ဇီကျောင်း၏ မျက်လုံးများကိုတည့်တည့် မော့ကြည့်လာသော သူ့မျက်ဝန်းများမှာ ကြောက်ရွံ့မှုတို့ အထင်းသား။

Additional Heritage [Myanmar Translation]Where stories live. Discover now