[Unicode]
Chapter 66 - A person suddenly popped out of his mind-Shao Qun.
လူက ချက်ချင်းပဲ ရှောက်ချွင်အကြောင်း ခေါင်းထဲပေါ်လာသည်
လော့ရိထွက်သွားတော့မှ ဝမ်းရှောင်ဟွေး အသက်ဖြောင့်အောင်ရှူနိုင်သည်၊ တဒုန်းဒုန်း ခုန်လို့နေသည့် သူ၏နှလုံသားအစုံမှာလည်း ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်ခဲ့ပြီ။
အခု ဘာတွေဖြစ်သွားတာလဲဆိုကာ သူ တွေးကြည့်မိ၏။ လီရှော့စာထဲတွင် ရေးထားသည်တို့မှာ အတော်လေး ထူးဆန်းနေသည်... သူ တစ်ခုခုကို သိနေသလိုလို...
သူ ဘာတွေသိထားတာလဲ... ဒါ လော့ယွဲ့သွားပြောထားတာပဲ ဖြစ်ရမယ်...
သူ တွေးကြည့်ရင်း တွေးကြည့်ရင်း ဆက်စပ်လို့ရလာသည်။ လော့ယွဲ့က သူ တစ်ခုခုဖြစ်နေမလား စိတ်ပူတာနှင့်ပဲ သမားတော်ပြေးပင့်လေသလား. . .
သူ့ရင်ထဲ အထိတ်တလန့်ရှိရတော့၏၊ လော့ယွဲ့ကို ဖုန်းဆက်ကြည့်ဖို့ တုံ့ဆိုင်းနေမိ၏။ ဖုန်းထဲမှာပြောထားသလောက်က လီရှော့ကို လော့ယွဲ့ သွားပြောပြထားတယ်ဆိုတာအတွက် လော့ရိ သိနိုင်လောက်စရာမပါ...
ဒါပေမဲ့ ကိုယ်တောင် တွေးမိသေးတာ လော့ရိက မတွေးမိနိုင်ဘဲနေလိမ့်မယ်တဲ့လား?
သူ လော့ယွဲ့ဖုန်းနံပါတ်ကို အမြန်ခေါ်လိုက်သည်။
ဖုန်းကိုင်လာပါတော့ လော့ယွဲ့အသံက အနည်းငယ် ပုံမှန်မဟုတ်နေတာ သိသိသာသာ။
ဝမ်းရှောင်ဟွေး လိုရင်းကိုပဲ တဲ့မေးလိုက်သည် "မင်း လီရှော့ကို တစ်ခုခု ပြောထားသေးလား?"
"အမ်.. ဟင့်အင်း ဟင့်အင်း" ဖြေလာသည်မှာ အသံပင်မထွက်၊ အားကိုမပါ။
ဝမ်းရှောင်ဟွေး လေသံမာမာနှင့် ပြော၏ "မင်း လီရှော့ကို ဘာသွားပြောပြန်တာလဲ! လီရှော့က ငါနဲ့ ဘာဆိုင်နေလို့လဲ!"
လော့ယွဲ့က ရန်တွေ့သံဖြင့် ပြန်ချေပ၏ "ငါ့ဘက်က ဆက်သွယ်တာမဟုတ်ဘူး၊ သူ ငါ့ကို ဖုန်းခေါ်တာ"
ဝမ်းရှောင်ဟွေး အလန့်တကြားနှင့် တုန်လှုပ်ရကာ... "သူ မင်းကို ဘာတွေပြောလဲ?"