Chapter 33

16.9K 2.6K 550
                                    


[Zawgyi]


Chapter 33 - Li Shuo suddenly stretched out his hand and gently touched his cheek with his fingers: "Does it hurt?"

ရုတ်တရက် လီရှော့က လက်ဆန့်လာပြီး သူ့ပါးလေးကို လက်ချောင်းလေးတွေနှင့် ညင်ညင်သာသာထိလို့လာသည်: "နာနေလား?"


ဝမ်းရှောင်ဟွေးလုပ်တာနဲ့ပဲ လော့ယွဲ့ခင်မျာ အထိတ်ထိတ်အလန့်လန့်နှင့် ပြူးပျာလို့သွားရသည်

"မင်း ဘာလုပ်နေတာလဲ?"

"မင်း အဓိပ္ပာယ်မရှိ ပေါက်ပန်းလေးဆယ်တွေလျှောက်မပြောနဲ့"

"ငါ ဘာမှမပြောရသေးဘူးလေဟ!"

"ငါ့ကံတရားရဲ့သက်ရောက်မှုအရ လူကာ ဟိုကိစ္စတွေကြုံလိုက်ရတာယ်ပြောပြီး အဲ့တာတွေက လော့ရိလုပ်တာပါလို့ မင်း သွယ်ဝိုက်ပြီးပြောလိုက်တာမဟုတ်လား။ ပြီးတော့...."

ဝမ်းရှောင်ဟွေး အသံက ဟိုးတစ်ဆုံးထိတိုးညှင်းလို့သွားသည်

"အစ်မရွှယ့်လိရဲ့ ယောင်္ကျား..."

လော့ယွဲ့ သူ့ပါးစပ်ကို ပိတ်ကာလိုက်ပြီး

"မဟုတ်မဟတ်တွေပြောမနေနဲ့၊ အဲ့လူက သေပြီ"

"သေချင်တယ် လော့ယွဲ့ရာ၊ မင်း အဲ့အကြောင်းအစဖော်လာပြီး ဘာဖြစ်ချင်နေတာလဲ!"

"သေပေါ့ ငါ့ကိုအဲ့ကိစ္စအစဖော်ဖြစ်အောင်လုပ်တာ မင်းလေ!"

ဝမ်းရှောင်ဟွေး လက်နှစ်ဖက်ဖြင့် ခေါင်းကိုအုပ်ကိုင်ထားလျက်

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး"

လော့ယွဲ့ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကိုပွတ်တိုက်နေမိသည်

"ငါက ဒီတိုင်းပြောလိုက်တာပါ၊ ဒီတိုင်း ငါ လေ လျှောက်ပန်းနေတယ်လို့ပဲသဘောထားလိုက်"

"သောက်လေပန်းနေတာက ငါ့ကို ညအိပ်မရအောင်လုပ်နိုင်တယ်လို့!"

လော့ယွဲ့ သက်ပြင်းချကာ

"ပေါင်ပေ့၊ အမှန်အတိုင်းပြောရရင် ဒီကိစ္စက ငါထင်ထားတာထက်ကို နည်းနည်းပိုကြောက်ဖို့ကောင်းလာတယ်ရော်"

Additional Heritage [Myanmar Translation]Donde viven las historias. Descúbrelo ahora