[Unicode]
Chapter 67 - If he wants to get rid of Luo Yi, he has to give up all
သူ လော့ရိကို ဖယ်ထုတ်ပစ်ချင်တယ်ဆို အရာအားလုံးကို စွန့်လွှတ်ရမည်
ဝမ်းရှောင်ဟွေး အပေါ်ထပ်တက် ရေချိုးလိုက်သည်။ ရေချိုးပြီးနောက် အိမ်ကယူလာတဲ့ laptopကိုထုတ်ကာ အလုပ်ထွက်စာ စရေးသည်။
ဒီနေရာကနေ ထွက်သွားရတော့မယ်ဆိုတာ သိလိုက်ရတော့ သူ့ခေါင်းထဲ အရေးအကြီးဆုံးအလုပ်အဖြစ်ဝင်လာသည်က သူငယ်ချင်း၊ မိသားစုဆွေမျိုးတွေနှင့် ကိုယ့်မြို့ကိုယ်ရွာမှာ ဘာကိုစွန့်လွှတ်တာ အလွယ်ဆုံး၊ အသက်သာဆုံးဖြစ်မလဲဆိုတဲ့အတွေးဖြစ်၏။
ဒါပေမဲ့လည်း စစရေးတုန်းမှာသာ ထိုသို့တွေးနိုင်သည်၊ နောက်ပိုင်း အလုပ်ထွက်ရသည့် အကြောင်းအရင်းကို ရေးရသည်မှာတော့ သူ ရုတ်ချည်း တွေဝေမိတော့၏။
လွန်ခဲ့တဲ့ ငါးနှစ်က ကိုယ့်အကြောင်းကိုကိုယ် တွေးမိ၏... ကိုယ် ကျွီးရှင်းနှင့်အင်တာဗျူးကို အောင်သွားတာကြောင့် တစ်ညလုံး အိပ်မရခဲ့၊ လခလေး ထောင့်ငါးရာနှင့် အလုပ်သင်လုပ်ရတာကိုလည်း ဂုဏ်ယူလို့မဆုံး။ နေ့တိုင်း ကြိုးကြိုးစားစား သင်ယူပြီး ပိုပိုတော်လာတယ်လို့ ခံစားရသည်။ အဲ့လိုကနေ တဖြည်းဖြည်းချင်း ကြိုးစားရင်း အမြဲတမ်းဝန်ထမ်းဖြစ်လာခဲ့သည်၊ နောက်တော့ ကျွီးရှင်းရဲ့ အကွဲအပြဲဇာတ်လမ်းတွေကျေးဇူးနှင့် နိုင်ငံခြားထွက်၊ ရာထူးတိုးဖို့အခွင့်အရေးရသည်ပေါ့။
အခုဆို သူက ကျွီးရှင်းရဲ့ ကျောရိုးတိုင်တစ်ခုနှယ်ရှိနေရုံသာမက တရုတ်ပြည်တခွင် လူသိများတဲ့ မိတ်ကပ်ပညာရှင်နှင့် stylistတစ်ယောက်လည်းဖြစ်နေခဲ့ပြီ။ သူ့ blogမှာ fan၂သိန်းကျော်ရှိပြီး ကိုယ်ပိုင်website, ကိုယ်တိုင်ထုတ်ဝေထားတဲ့ စာအုပ်တွေလည်းရှိနေပြီ။ အခြေတကျ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့အလုပ်နှင့် ကိုယ့်အနာဂတ်က အမျိုးမျိုးသော အခွင့်အလမ်းသစ်ဖိတ်ကြားမှုတွေဖြင့် ခမ်းနားပြောင်ရောင်လို့...
အခုတော့ လော့ရိကို ဖယ်ထုတ်ပစ်ချင်တယ်ဆို သူ ထိုအရာတွေ အားလုံး,အားလုံးကို စွန့်လွှတ်ရတော့မည်...