Chapter 99.2

12.6K 2.2K 397
                                    


[Unicode]

Chapter 99.2

ဝမ်းရှောင်ဟွေး ကားကို မြို့ပြင်အထွက်အဝေးပြေးလမ်းပေါ် ထွက်လာခဲ့သည်။ လမ်းပေါ်စတက်တက်ချင်းတော့ မြို့လယ်ခေါင်ပဲရှိသေးတာကြောင့် လမ်းက ချောသည်၊ သွားလာနေကျသော လူတွေကားတွေလည်း အများကြီး။ မောင်းလာရင်း မြို့ထဲကို နည်းနည်းကျော်လာသည်နှင့် ဘေးဘီ လမ်းမီးသာရှိတော့သည့် လမ်းမတစ်လျှောက်မှာ ကားလည်း စောစောကလောက် မရှုပ်တော့။ သူလည်း ကားကို အရှိန်တင်လိုက်တော့သည်။ သွားရင်းသွားရင်း သူ့နောက် ကားတစ်စီးလိုက်လာသလိုရှိတာကို ဘက်မှန်ကနေ သတိထားမိလိုက်သည်။ သူ ချက်ချင်းပဲ မောင်းနေတဲ့ လေးလိုင်းမြောက်ပေါ်ကနေ အတွင်းဘက် ခြောက်လိုင်းမြောက်ထဲ ယာဥ်ကြောပြောင်းမောင်း၊ တစ်ခါထပ်ပြီး ညာဘက်ဆုံးကြောဆီ တမင် ပြောင်းဝင်ကြည့်တော့ ထိုကားက သူဝင်တဲ့လိုင်းအတိုင်း နောက်က တောက်လျှောက် ပါလာသည်။

လမ်းပြင်နေတဲ့နေရာရောက်တော့ လမ်းက ချိုင့်တွေ စတွေ့လာရသည်၊ ဝမ်းရှောင်ဟွေး ဘေးခုံမှာအဆင်သင့်တင်ထားသည့် helmetကို လှည့်ယူပြီး အသေအချာ ဆောင်းလိုက်သည်။ သွားနေရင်း ရှေ့မှာ မြေကျွံနေသည့်ချိုင့်ခွက်တစ်ခုကို တွေ့လိုက်ရသည်... ချိုင့်က နှစ်ဆယ်စင်တီလောက်ကို နက်၏။သူ ချက်ချင်းပဲ အရှိန်ကိုလျှော့၍ ဘီးကို ထိုပေါ်သို့တည့်တည့်ကျအောင် တမင် မောင်းချလိုက်သည်... ဘယ်ဘက်အရှေ့ဘီးက ချိုင့်ထဲကွက်တိကျပြီး ကားက ဘေးကိုစောင်းသွားသည်။ သူ နှုတ်ခမ်းကို တင်းတင်းကိုက်၊ လီဗာကိုတဆုံးနင်းပြီး ဘယ်ဖက်ကို ကွေ့ချလိုက်သည်မှာ ကားက တစ်ပတ်ကျွမ်းလည်ထွက်သွားတော့၏!

အဆုံးမှာ ကားက လမ်းပေါ် ပက်လက်လန်ပြီး ကျသွားသည်။ ဝမ်းရှောင်ဟွေးခေါင်းမှာ တူနှင့်ထုခံလိုက်ရသလိုပင်... helmetခံနေလို့ တော်သေး၏၊ ထူပူသွားတာလောက်ပဲရှိသည်။ အုန်းခနဲပြုတ်ကျသည့်အရှိန်ကြောင့် တစ်ကိုယ်လုံးက ကိုင်ပေါက်ခံလိုက်ရသည်အတိုင်း၊ ဒါပေမဲ့ မှောက်တဲ့အချိန် လေအိတ်ပွင့်လာသည်ကြောင့် သူ ဘာမှမဖြစ်ခဲ့...

သူ helmetကိုချွတ်ပြီး ထိုင်ခုံခါးပတ်ဖြုတ်ဖို့လုပ်ပေမဲ့ လေအိတ်ခံနေသည်ကြောင့် လက်က ခါးပတ်ခေါင်းဆီ လှမ်းမရ။

Additional Heritage [Myanmar Translation]Where stories live. Discover now