Chapter 69

15K 2.4K 1.6K
                                    


[Unicode]

Chapter 69


အောက်ကို အပြေးထွက်သွားလိုက်တော့ လမ်းဘေးချရပ်ထားသည့် အမည်းရောင် GMCတစ်စီးက စုံမီးဖွင့်အချက်ပြလာသည်။ ဝမ်းရှောင်ဟွေး တုံ့ဆိုင်းခြင်းမရှိ ပြေးသွားလိုက်ပြီး ဘာမှတွေးမနေဘဲ နောက်ခန်းထဲဝင်ထိုင်လိုက်တော့သည်။

သူ အသက်ဝဝပင် မရှူနိုင်သေး၊ ဘေးမှာထိုင်နေတဲ့လူကြောင့် လန့်ဖျပ်သွားရပြီး နှလုံးသားအစုံမှာ ချက်ချင်းပဲ လှုပ်ရှားမှု တန့်သွားရတော့၏။

လော့ရိ!

ကားတံခါးကိုမှီပြီး တည်တည်ကြီးထိုင်လျက် သုန်မှုန်နေသည့်မျက်နှာဖြင့် သူ့အားကြည့်နေသူသည် လော့ရိ... မျက်လုံးတွေမှာ ဆာလောင်နေသော ဝံပုလွေတစ်ကောင် ဉာဥ့်နက်အမဲလိုက်ပွဲ သွေးမုန်တိုင်းတစ်သွယ် ဆင်တော့လေမည့်ဟန် အေးစက်ခြင်းရက်စက်မှုအပေါင်း ခညောင်းလေစွ...

ဝမ်းရှောင်ဟွေးဦးနှောက်က ဘာမှတောင်မတွေးမိခင် ခန္ဓာကိုယ်က ထွက်ပြေးဖို့ အလိုအလျှောက် လှုပ်ရှားနေနှင့်ပြီ။ သူ တံခါးဆွဲဖွင့်မယ်အလုပ်မှာ လော့ရိက နောက်ကနေ ခုန်အုပ်သိုင်းဖက်ကာ သူ့လက်ကောက်ဝတ်ကို အားဖြင့် ညှစ်ကိုင်လာ၏။ အားစိုက်ဖမ်းဆုပ်ထားသည်မှာ သူ့လက်ကိုကျိုးစေမတတ်!

ဝမ်းရှောင်ဟွေး နာကျင်မှုကြောင့် အော်လိုက်မိသည်၊ နဖူးထက်တွင် ချွေးစေးတို့ စို့လာ၏။ ဒီအချိန်မှာ သူ ဘာစကားတွေမှ ပြောမနေချင်၊ ထွက်သာထွက်ပြေးချင်သည်.... သူ့အား ကြောက်ရွံ့စိတ်တွေ နှလုံးသား၏အနက်ရှိုင်းဆုံးနေရာအထိစွဲနေစေခဲ့သူ ဒီလူ့ထံပါးမှ သူ လွတ်မြောက်ချင်သည်!

ဒရိုင်ဘာက စကားတစ်လုံးမပြောဘဲ ကားတံခါးဖွင့်ကာ ကားထဲကထွက်သွားသည်။

ဝမ်းရှောင်ဟွေး နဖူးကျောတွေထောင်လာ၏၊ မျက်နှာမှာလည်း ချွေးတပြိုင်ပြိုက်ကျနေတော့သည်။ သူ နာကျင်မှုကို ကြိုးစားတောင့်ခံပေမဲ့ မျက်နှာက သွေးဆုတ်ဖြူရော်လာမှုကိုတော့ မဖုံးကွယ်နိုင်လိုက်၊ ဖုံးလည်းမဖုံးကွယ်နိုင်။ နောက်ဆုံး သူ ထအော်တော့သည် "ငလူး လွတ်စမ်း!"

Additional Heritage [Myanmar Translation]Where stories live. Discover now