ရှောင်ဟွေးလေးရဲ့ မွေးနေ့ကို ဒုတိယအကြိမ် အတူ ဖြတ်သန်းခွင့်ရတဲ့ ဒီနေ့ (6.15)

6.8K 377 48
                                    


[Unicode]

ယိုယို~~ ဒီနေ့... 6လပိုင်း 15 ရက်ဆိုတာက ကိုယ်တို့ အလှလေးရဲ့ မွေးနေ့ပါ။ 

လက်ဆောင်လေးတွေပြင်ဆင်ထားခဲ့ပေမဲ့ အချိန်မှီမပြီးလို့ အားနာစွာနှင့်ပဲ အကြွေးမှတ်ထားဖို့ ပြောပါရစေ >< (မီ 0လိုက်ဖြည့်ရတဲ့ timecodeတွေကြား တိုင်ပတ်နေတယ်)

ဒီနေ့အတွက် ထူးပြီးဘာမှတော့ မရှိဘူး... ကိုယ့်အတွက်မှာပြောပါတယ်၊ ကိုယ် လက်ရှိငှားနေတဲ့ တိုက်မှာ အခြား ငှားနေတဲ့ မြန်မာတွေလည်းရှိတယ်။ အဲ့တာ ဖရဲသီးတစ်လုံးကို ခွဲပြီး တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ပေးဖြစ်တယ်... xD 

ဒီနေ့က နည်းနည်းလေး မအားဖြစ်သွားတာ... အဲ့တာ အချိန်လေး ရအောင်ထုတ်ပြီး ခု ပုံလေး လာတင်ပေးဖြစ်တယ်။ အားနာပေမဲ့ ထူးထူးခြားခြား နေ့တစ်နေ့ဖြစ်တဲ့ ဒီ June 15ရက်နေ့အတွက် ကိုယ်လုပ်ပေးနိုင်တာက ဒီလောက်လေးပဲ...

နောက်နှစ်... နောက်နှစ်တော့ လက်ဆောင်အကြီးကြီးပေးနိုင်အောင် ကြိုးစားကြည့်ပါဦးမယ်။ ဒီကြားထဲ part-time အရင် လုပ်လိုက်ဦးမယ် ^ ^

နောက်ပြီး... ကိုယ်တို့အိမ်မှာ အကျင့်လေး တစ်ခုရှိတယ်၊ မွေးနေ့ဆို ကုသိုလ်ဆက်ရတယ်ဆိုပြီး မွေးနေ့အလှူအနေနဲ့ တစ်ခုခု အမြဲလုပ်တယ်၊ အချိန်အခြေအနေ အဆင်ပြေလည်း အထူးတလည်လေး သေချာပြင်ဆင်လုပ်ဖြစ်ပေါ့။ 

မေနဲ့ဖေက မိဘတွေအနေနဲ့ ကိုယ့်အပေါ် ပေးခဲ့တဲ့ မေတ္တာအတိုင်း၊ လုပ်ဆောင်ပေးခဲ့သလိုတွေအတိုင်း... တနည်းအားဖြင့် သားသမီးအနေနဲ့ ကိုယ် ကိုယ့်မိဘဆီက ရခဲ့တဲ့ နွေးထွေးမှုတွေအတိုင်းကို ကိုယ့်ရင်ကဖြစ်တဲ့ ဒီ ကလေးတွေအပေါ်လည်း စွမ်းနိုင်သလောက် ပေးအပ်ချင်မိပါတယ်။ 

ခုတော့ ဖရဲသီးပဲပေါ့ 🤣။ နောက်တော့ ချဲ့နိုင်သလောက်ချဲ့ပြီး ကုသိုလ်ဆက်ပေးချင်ပါသေးတယ်။

လုပ်ရပ်တိုင်းမှာ တန်ပြန်သက်ရောက်မှုတွေ ရှိတယ် ပြောကြတယ်။ ကိုယ်တို့ ရင်ထဲတော့ တကယ် ရှိနေတယ်ဆိုပေမဲ့ လက်တွေ့မှာတော့ မရှိနေတဲ့ ဖြစ်တည်မှုလေးတွေမို့ ဒါက ရူးလွန်းသလို ဖြစ်နေလောက်တယ် မှန်ပေမဲ့... 

Additional Heritage [Myanmar Translation]Where stories live. Discover now