Chapter 34

16.7K 2.5K 670
                                    


[Zawgyi]


Chapter 34 - Luo Yi added: "In another year and a half, I will be 18 years old."

လော့ရိက ထပ်ပေါင်းပြောသည် : "နောက်တစ်နှစ်ခွဲဆို ကျွန်တော် ဆယ့်ရှစ်နှစ်ပြည့်တော့မယ်"


လော့ယွဲ့ သူတို့အတွက် ကိတ်မုန့်ထုတ်လာပေးပြီး သုံးယောက်သား ဟော့ပေါ့အတူစားဖို့သွားကြသည်။

စားနေရင်းနှင့် ဝမ်းရှောင်ဟွေးရဲ့ပါးက ဆိုးဆိုးရွားရွားကိုနာလာသည်။ နာနေပေမဲ့လည်း သူကျိတ်မှိတ်သည်းခံပြီးစားနေလိုက်သည်။ အိမ်ရှင်မကောင်းလေးလော့ယွဲ့က မနေသာတော့ဘဲ သူ့နားတိုးလာပြီး မိခင်တစ်ယောက်တာဝန်ကို ကျေပွန်စွာထမ်းဆောင်လေသည်။ အသားတွေ၊အသီးအရွက်တွေအကုန်ကို သေးသေးလေးတွေဖြစ်အောင်ဖြတ်ပေးညှပ်ပေးပြီး ဝမ်းရှောင်ဟွေးကို သူကိုယ်တိုင်ခွံ့ကျွေးသည်။

တစ်ဝက်ကျော်လောက်စားပြီးနောက် ဝမ်းရှောင်ဟွေး စားနေတာကိုနှေးလိုက်ပြီး စကားစပြောလာသည်

"မား၊ အစ်ကိုလျိုက မင်းကို နောက်ပိုင်းထပ်တွေ့ဖို့ပြောသေးလား?"

"ချိန်းထားတယ်" ငရုတ်ကောင်းပူကြောင့်နီရဲလို့နေသည့်လော့ယွဲ့၏နှုတ်ခမ်းဖူးဖူးအိအိလေးတွေက စူပုတ်လာသည်

"အခြားတော့အကုန်အဆင်ပြေပါတယ်"

"ဒါပေမဲ့........?"

လော့ယွဲ့ သူ့တူကိုချလိုက်ပြီး အသံနှိမ့်ကာပြောသည်

"သူ့ကိုကြည့်လိုက်တာ သေခါနီးလက္ခဏာတွေတွေ့ရတယ်"

ဝမ်းရှောင်ဟွေး ပါးစပ်ကနေ'ဖွီး'ဆို သီးတော့မတတ်

"တကယ်ကြီး?"

"တကယ်ပါဆို၊ ငါမြင်ခဲ့တယ်"

လော့ယွဲ့ သုန်သုန်မှုန်မှုန်နှင့်ပြောလာသည်

"သည်းမခံနိုင်သောဘဲ"

ဝမ်းရှောင်ဟွေး လှောင်ပြုံးပြုံးသည်။

"မရယ်နဲ့"

လော့ရိလည်းရယ်လာပြီးပြောသည်

"အစ်ကို သူ့ကိုအဆင်ပြေတယ်လို့ထင်ရင် အဲ့တာက ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး"

Additional Heritage [Myanmar Translation]Where stories live. Discover now