[Unicode]
Friendly reminder - ဖြစ်နိုင်ရင် ဖြည်းဖြည်းဆေးဆေးဆေးဆေးလေးဖတ်ပေးပါ။ မျက်လုံးထဲမြင်နိုင်လောက်မဲ့ အနေအထားထိရောက်အောင် အချိန်သေချာပေးပြီး အတတ်နိုင်ဆုံး ရှင်းရှင်းလေးရေးပေးထားပါတယ်။
လီရှော့စကားတွေကို နားမလည်ဘူးဆိုတုန်းက "Financial industry"နဲ့ လုံးဝအစိမ်းသက်သက်၊ ပတ်သက်မှုမရှိလို့ နားမလည်တာလို့ ဖြေသာပေမဲ့ ဒီအပိုင်းကတော့ နားလည်ကျဖို့မျှော်လင့်ပါတယ်။
အမှန်ဆို Ch 55အကျော်နှစ်ပိုင်းလောက်မှာ လီရှော့ပြောပြတဲ့ ရှယ်ယာကစားပုံတွေက ပြောရရင်အရေးကြီးတယ်ရော်... နားလည်သွားတော့ လော့ရိ ချန်းဟောင်နဲ့ပတ်သက်ပြီး ဘယ်အကွက်ရွေ့တယ်ဆိုတာ ခန့်မှန်းလို့ရတာပေါ့။ ထားပါ။
........
Chapter 62
ဝမ်းရှောင်ဟွေး နာကျင်မှုတို့ကြောင့် နိုးလာခဲ့သည်။ သူ့မျက်နှာတစ်ခုလုံးသည် မီးမြှိုက်ခံထားရသလို တဆစ်ဆစ် တဖျင်းဖျင်း နာကျင်နေ၏။ သူ မျက်လုံးကို မနည်းဖွင့်ရသည်၊ မျက်လုံးများမှာ ဖူးယောင်နေတာကြောင့် ပွင့်တယ်ဆိုရုံသာ ဖွင့်လို့ရတာကို သိလိုက်ရသည်။ သူ ပထမဆုံး တုံ့ပြန်အတွေးဝင်လာသည်ကတော့ အလှပျက်ရပြီဆိုတာပင်။ "မျက်နှာအလှပျက်ရပြီ"ဆိုသည့်စကားလုံးက သူ့မျက်စိရှေ့မှာ လွင့်မျောပေါ်နေပြီး ကမ္ဘာကြီးပျက်စီးသွားရသလို ကြောက်ရွံ့မှု ခံစားချက်က သူ့အား လွှမ်းခြုံလာလေကာ မျက်ရည်တို့သည် ထိန်းချုပ်လို့မရနိုင်တော့ပါပဲ ဖြိုင်ဖြိုင်ပြိုကျလာလေတော့သည်။
မျှော်လင့်မထားစွာဘဲ သူငိုလိုက်တဲ့အချိန် သူ့နှာခေါင်းမှာ ကျိန်းစပ်လာသလိုရှိလာတာကို ခံစားလိုက်ရ၏၊ ခံစားရသည့်နာကျင်မှုဝေဒနာမှာ ပြင်းထန်လွန်းစွာ... သူ အထိတ်တလန့် အော်ဟစ်အားယူပြီး ကုန်းထသည်။ ဒါပေမဲ့ သူ ဘယ်လိုမှ အော်လို့မရ အသံကထွက်မလာ။ သူ ရူးတော့မည်...
"အော်ဟစ်မနေတာ ပိုကောင်းမယ်" မိန်းကလေးတစ်ယောက်အသံ ခပ်တိုးတိုးက အခန်းထဲမှ ထွက်လာသည်။