Chapter 85

14K 2.1K 179
                                    


[Unicode]

Chapter 85

ဝမ်းရှောင်ဟွေးတစ်ယောက် တွေးထားသည်အတိုင်းပဲ သူ ကြီးပြင်းခဲ့သော နေအိမ်ဆီတွင် သူ့အမေနှင့်အတူ နေပေးပြီး စိတ်အေးချမ်းသာဖွယ် နေ့ရက်တို့ကို ကုန်ဆုံးဖြစ်သည်။ ဤသည်က သူ့အား ငယ်ဘဝဆီသို့ ပြန်ပြောင်းသတိရမိစေပါ၏။ ထိုစဥ်ခါကတော့ သူ အောင်မြင်ကျော်ကြားလိုသည့်အပြင်မှာ အိမ်ထောင်၏ ယောက်ျားသားတစ်ယောက် တာဝန်ကိုလည်း ပခုံးထမ်းချင်စိတ်က ပြင်းပြလျက် သူ အလှအပရေးရာနှင့် ပတ်သက်လို့ နေ့စဥ်ညဆက် ကြိုးစားလေ့လာခဲ့သည်။ အစမှာတော့ ယောက်ျားလေးဆိုတဲ့အတိုင်း ဘဝဖြတ်သန်းပုံက ရေပေါ်ဆီပဲ ပေါ့ပေါ့တန်တန်ပေါ့၊ သို့ပေမဲ့ အဲ့ဒီ့အချိန်တွေတုန်းက သူ ပျော်ရွှင်ခြင်းဟူသည်ကို အသေအချာခံစားခဲ့ရပါသည်။ သို့ပါသော်လည်း အခုတွင်တော့ ၄င်းအား ထပ်လို့ ရှာဖွေမတွေ့နိုင်တော့...

ပုံမှန်ဖြစ်မနေသော အခြေအနေတစ်ခုအား သူ့အမေ မမြင်သွားစေရန် အလို့ငှာ သူ့မှာ တစ်နေ့တစ်နေ့ စားတန်သည်စားပြ သောက်ပြ၊ ပြုံးပျော်ရွှင်ပြနေရသည်။ သူ့ကားလေး ဖုန်ချန်ကနေ ရောက်လာတော့ သူ သူ့အမေကို ခေါ်ပြီး ဟိုဟိုဒီဒီ မောင်းပို့ပေးမယ် လုပ်သည်။ ကံဆိုးချင်တော့ တစ်မြို့လုံး လေထုညစ်ညမ်းနေသည်က အတော်လေး ဆိုးဆိုးရွားရွား။ သို့ပေမဲ့လည်း မားကို မောင်းပို့ပေးချင်သည့်စိတ်က တမူးပိုနေတော့ လေထုညစ်ညမ်းတာလည်း မှုမနေမိတော့။ သူ သူ့အမေကို မိတ်ကပ်, ဆံပင် သေချာပြင်ဆင်ပေး၊ အင်္ကျီကို ဆင်တူလေးဖြစ်အောင် ဝတ်ကြပြီး ဝယ်ချင်တာတွေ ဝယ်ပေးဖို့ mallတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။

ဖန်းယွီ့ဟွားမှာ သူ့ဘေးကနေ အိတ်ကြီးအိတ်ငယ် အသွယ်သွယ်ကိုင်ကာ ယှဥ်လိုက်လာသော သားချောလေးကို ကြည့်ပြီး ဝမ်းသာပီတီ ဂွမ်းဆီထိလို့... "ဟေ့၊ မင်း ငါ့ဘေးကနေ အခုလို လျှောက်လိုက်နေတော့ ငါ့အနေအထားက မျက်နှာဖြူ သူဌေးမကြီးပုံ ပေါက်နေတယ်ဟုတ်"

ဝမ်းရှောင်ဟွေး မျက်လုံး တစ်ဖက် မှိတ်ပြကာ "Mrs.ဖန်း ခင်ဗျာ့၊ ဒါတွေကို ဟိုအမျိုးကောင်း အချို့အချို့တွေကတော့ နားမလည်ကြဘူးဗျာ"

Additional Heritage [Myanmar Translation]On viuen les histories. Descobreix ara