Chapter 106 (Final pt.)

26.1K 2.4K 791
                                    


[Unicode]

Chapter 106

ချိုင်ဟိုင်က စပေါ်ငွေ ယွမ် ၂သိန်းထုတ်ပေးပေးလာချင်းပဲ ဝမ်းရှောင်ဟွေး အရမ်းပျော်သွားပြီး သူနှင့် မြို့တော်မလိုက်ခဲ့တော့ဖို့ ရွေးချယ်ခဲ့သော ဝန်ထမ်းများကို ဖြတ်စာလျော်ကြေးငွေ ပေးခဲ့လိုက်သည်။

နောက်ဆုံးမှာတော့ သူနှင့်အတူ ဝန်ထမ်း ခုနစ်ယောက်သာ လိုက်ခဲ့ဖို့ ရွေးခဲ့သည်။ ဒါပေမယ့် သူ့အတွက် ဒီလောက်လူနှင့် လုံလောက်ပါသည်။ လောင်ကုန်းကျားကျားတစ်ယောက်လုံး ရှိနေတာပဲ.. သူ့အတွက်က စတူဒီယိုဖွင့်တာ ပိုက်ဆံရှာဖို့မှမဟုတ်တာ။

စတူဒီယိုကိစ္စတွေ အဆင့်ဆင့် အားလုံးပြီးစီးသွားတာနှင့် အအေးရှောင်ရင်း လော့ရိခန္ဓာကိုယ်အတွက် လေဓာတ်မြေဓာတ်ရအောင်ဆို သူတို့လင်လင်နှစ်ယောက် ကမ်းခြေresortတစ်ခုစီ ထွက်လာခဲ့ကြသည်။

မြို့တော်ဘက်မှာ ဆီးနှင်းတဖွေးဖွေးဖြစ်နေချိန် ဒီဘက်ပိုင်းမှာတော့ အပူချိန် ၂၀ဒီဂရီဝန်းကျင်နှင့် နေသာလို့ အရမ်းသာယာပြီး နေလို့ကောင်းသည်။

သူတို့ supermarketမှာ လိုတာတွေအများကြီး ဝယ်လာပြီး ကိုယ့်အခန်းထဲမှာပဲကိုယ် ချက်စားလိုက် ဟိုတယ်ကနေ တစ်လှည့်စီ မှာစားလိုက်နှင့် အခန်းထဲပဲ အောင်းဖြစ်ကြသည်။ တိုတိုပြောရရင် သူတို့ ပြီးခဲ့တဲ့နှစ်ပတ်လုံး resortအပြင်ကို ခြေတစ်လှမ်းမချခဲ့။ တစ်နေကုန် အိပ်လိုက်၊ စားလိုက်၊ ဖုန်းပွတ်လိုက်၊ ရုပ်ရှင်ကြည့်လိုက် ဂိမ်းဆော့လိုက်နှင့်ပဲ အေးအေးဆေးဆေး အနားယူဖြစ်ကြသည်။ ညနေစောင်း နေဝင်ချိန်လောက်ကျရင်တော့ ကမ်းခြေကိုလမ်းလျှောက်ထွက်ရင်း လေညှင်းတဖြူးဖြူးမှာ ဆံပင်တို့ကို လွင့်လူးစေသည်။ ခေါင်းထဲ ဘာတွေမှ ထည့်မထားဘဲ စိတ်လွတ်လပ်လွတ်လေး နေဖြစ်ကြသည်။ သူတို့အတွက်ဒီအချိန်မှာ စိတ်ကို အနားပေးဖို့ လိုအပ်နေသည်လေ။ ကုန်လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး သူတို့ ကိစ္စအမျိုးမျိုးနှင့် အရမ်း ပင်ပန်းခဲ့ကြရသည်မဟုတ်လား။

ဒီလိုနေရာလေးမှာ အနားယူဖြစ်တဲ့အကျိုးအဖြစ် လော့ရိခန္ဓာကိုယ်က သိသိသာသာ သက်သာလာခဲ့သည်။ အနာဖေးကွာသွားတဲ့အခါမှာတော့ ပန်းရောင်ရေးရေး အသားနုက ပေါ်လာသည်။ ဝမ်းရှောင်ဟွေး ထိုပေါ် ဖွဖွလေး ထိကိုင်ကြည့်တော့ နည်းနည်းလေးဖိလိုက်တာနှင့် အသားထဲဖောက်သွားတော့မတတ် နူးညံ့မှုကို လက်မှာ ခံစားမိ၏။ ဝမ်းရှောင်ဟွေး အသားနုတက်နေတဲ့နေရာလေးတွေလိုက်ကြည့်ရင်း ရင်မှာ တဆစ်ဆစ် နာကျင်လာရ၏။

Additional Heritage [Myanmar Translation]Where stories live. Discover now