[Sweetheart] Extra - 8

7K 1.3K 163
                                    


[Unicode]

[Sweetheart] Extra - 8

Chapter 114.2

လော့ယွဲ့ သူ့ရင်ထဲမှဝမ်းနည်းစိတ်ကို မဖုံးကွယ်နိုင်လောက်အောင်ပင် မျက်နှာပျက်သွားရ၏။ တော်သေးသည်... ချင်ဇီကျောင်းက ပြောပြောဆိုဆိုပဲ တံခါးဖွင့်ပြီး ခြေလှမ်းတို့က အပြင်သို့ လှမ်းနှင့်ခဲ့ပြီ။ သူ ယမ်းပြီးပြန်ပိတ်လာသော တံခါးရွက်ကိုကြည့်ရင်း စိတ်အဟုန်မှာ ဟိုးတစ်ဆုံး နင့်ခနဲ။

အားရန်က စိတ်လှုပ်ရှားတကြီး လော့ယွဲ့ပခုံးကို လှုပ်လာလို့... "ဘော့စ်! အဟမ်း... ကျွန်မတို့ အရိုခန်းလေးကို liveကြည့်လိုက်ရတာပဲ~~"

"ဘာကို အရိုခန်း... အကျိုးနည်း ရိုတဲ့ အရိုခန်းကြီး"

"သူ ဘော့စ်ကို ဂရုတစိုက်လုပ်ပေးသွားတာတွေက ဘာလားယို?! ဘော့စ်လက်လေးကို ကိုင်ပြီး ဆေးထည့်ပေးသွားတယ်လေ!!"

"သူက သူ့ ညီမမွေးနေ့ပွဲ နှောင့်နှေးမှာစိုးနေတာ... နင် မကြားလိုက်ဘူးလား!" လော့ယွဲ့ ဒေါသတကြီး ပြန်အော်၏။ .... "ဒါနဲ့ အားရန်... ငါ မပြောချင်ဘူးနော်။ နင် မိန်းကလေးရော ဟုတ်ရဲ့လား... တစ်နေ့လုံးနော် သူ့ကိုယ်သူ tomကျနေတာလဲ... လာလုပ်နေတာတွေက"

အားရန်က အူလည်လည်နှင့် "ဘော့စ် ရုတ်တရက်ကြီး ဘယ်လိုဖြစ်လို့ ဆုံးမစကားတွေ ဝင်လာတာတုန်း"

လော့ယွဲ့က သူ့ဘဲနှုတ်ခမ်းကြီး စူထော်လို့... "ဂျိုကစ်နေတယ်...ဘာဖြစ်ချင်လဲ"

"အသည်းမာလိုက်တာဗျာ" အားရန်က သူ့ကို မျက်နှာရှုံ့မဲ့ပြ၍... "ဒီလောက် အခြေအနေတိုးတက်သွားတာတောင် သူက လာ ဂျိုကစ်နေတယ်... ဟွန့်... ကိုယ်ဆိုရင်တော့ ကိုယ်သဘောကျနေတဲ့ ကောင်လေးက ကိုယ့်လက်ကို ဆွဲပြီး ကြင်ကြင်နာနာနဲ့ ဆေးလာထည့်ပေးမယ်ဆို တစ်နှစ်လောက် ထမင်းမေ့ဟင်းမေ့ အပျော်လွန်ဖို့ လုံလောက်ပြီ..."

လော့ယွဲ့ သူ့လက်လေးကို ငုံ့ကြည့်ရင်း အသံငယ် တိုးသိမ်သိမ်ဖြင့်... "နင် ထင်သလိုမှ ဟုတ်မနေတာ..."

"ဘာဗျာ့?"

လော့ယွဲ့ သက်ပျင်းချလို့... "အလုပ်လုပ်စို့"

Additional Heritage [Myanmar Translation]Where stories live. Discover now