[Unicode]
[Sweetheart] Extra - 23
Chapter 128
ကားထဲဝင်လိုက်ပြီးနောက် လော့ယွဲ့၏ စိတ်အစဥ်တို့မှာ မတည်ငြိမ်နိုင်သေး။ သူ ခေါင်းငုံ့သွားပြီး လက်ချောင်းလေးတို့ကို ပွတ်လိုက်ဆိတ်လိုက်နှင့် တော်တော်ကြာထိ ငြိမ်ကျသွားသည်။
ချန်ရှိန့်က လော့ယွဲ့ကို လှည့်ကြည့်လာပြီး စူးစမ်းရင်း မေးလာသည်
"အဲ့တာ မင်းကောင်လေးလား"
"ရည်းစား...ဟောင်း" လီရှော့က ပြုံးစစနှင့် ပြော၏။
"အခုခေတ်ကလေးတွေ တကယ် အရွယ်ရောက်မြန်ကြတယ် (ဒီအရွယ်လေးနဲ့ ရည်စားထားတာကိုပဲ ပြောတာများလား???/ထွားတာကိုပြောချင်တယ်ထင်)" ချန်ရှိန့်က သက်ပြင်းချ၏။
"ဟုတ်ပါ့ ခန္ဓာကိုယ်ကြီးတွေကလည်း ထွားလိုက်ကြတာမှ"
လော့ယွဲ့ အနည်းငယ် အနည်းငယ် မျက်နှာပူလာရ၏။
လီရှော့က နောက်ကြည့်မှန်ကနေ သူ့ကို ကြည့်ပြီး နှုတ်ခမ်းတို့က တစ်ချက် ပြုံးသွား၏။
လီရှော့က အစက သားသတ်လွတ်စားသောက်ဆိုင်မှာ ဘိုကင်တင်ထားပေမဲ့ ကိုရီးယား အသားကင်ဆိုင်ကို နေရာပြောင်းလိုက်သည်။ ချန်ရှိန့်က စနောက်၏။
"မင်း dietလုပ်နေတာ မဟုတ်ဘူးလား။ ဘာလို့ အသားကင်စားချင်သွားရပြန်တာတုန်း"
လီရှော့က အပြုံးလေးဖြင့် ပြောသည်။
"မင်းတို့ကို ကိုယ်စားသလို သားသတ်လွတ်ကြီး လိုက်စားခိုင်းရမှာလေ။ ကိုယ်မစားခိုင်းရက်လို့"
အဲ့ဒီ ဆိုင်က အသားကင်က တော်တော်လေး အရသာကောင်းသည်။ ဒါပေမဲ့ အရသာတော့ လေးလေးရှိလှ၏။ သုံးယောက်သား ဆိုင်ထဲတင်လိုက်တာနှင့် အသားကင်နံ့ သင်းသင်း၏ ပြန်ပေးဆွဲ ခံလိုက်ရသလို ခံစားလိုက်ရ၏။
စားကြတော့ လော့ယွဲ့ သူ့အပြုအမှု ရိုင်းပြသွားတာရှိမှာ စိုးနေ၏။ သူ့စိတ်တွေ ရှုပ်ထွေးနေပေမဲ့လို့ သူ သူတို့အတွက် အသား ထကင်ပေးရင်း အလုပ်များနေသည်။