Chapter 12.2

17.6K 3.2K 393
                                    


[ Unicode ]


ကောလိပ်ဝင်ခွင့်စာမေးပွဲနီးကပ်လာတော့ လော့ရိကျောင်းက ပိတ်လိုက်ပြီ။ သူစာမေးပွဲဝင်မဖြေဘဲ XXတက္ကသိုလ်ကို ဝင်ခွင့်ရသည်။ ကျောင်းသားတွေအားလုံးအတွက် အသည်းအသန်ဖြစ်နေရတဲ့ အရေးအကြီးဆုံးအချိန်မျိုးမှာ သူကတော့ နွေရာသီပိတ်ရက်အတွက် အစီအစဥ◌်စဆွဲနေသည်။ သူတို့နှစ်ယောက်လုံး ခရီးထွက်ဖို့ စီစဥ◌်နေကြသည်။ ဒါပေမယ့် ဝမ်းရှောင်ဟွေးတစ်ယောက်ကတော့ ခရီးသွားဖို့ရာ ခွင့်ရက်ယူဖို့ တော်တော်လေး စိတ်ညစ်နေရသည်။

ဝမ်းရှောင်ဟွေး ပြက္ခဒိန်လှန်ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ရှောင်အိုက်က သူ့နားလာပြီး

"ဘာလုပ်နေတာလဲ?"

"ရှောင်အိုက်၊ နင်ပြောကြည့်၊ ငါ့ခွင့်ယူလို့ရနိုင်လောက်မလား"

ရှောင်အိုက်က ခေါင်းငြိမ့်ကာ

"အင်း"

"တကယ်?"

" လက်ထပ်ဖို့ခွင့်ယူတာရယ်၊ နာရေးအတွက်ခွင့်ရှိမယ်၊ ဆေးခွင့်၊ မီးဖွားခွင့်၊ ကြိုက်တာတစ်ခုရွေး။"

ဝမ်းရှောင်ဟွေး သူ့ကို သဘောရိုးနှင့်ကြည့်ကာ

"ဝေးဝေးသွား၊ မုန်းတယ်။"

ရှောင်အိုက်က တခစ်ခစ်ရယ်ကာ

"နင် ကျွီးရှင်းမှာ အလုပ်သင်လုပ်နေတုန်းကို ခွင့်ရက်ရှည်ယူဖို့တွေးနေတယ်။ နင်အိမ်မက်မက်နေတာလား?" ဘာတွေစိတ်ကူးနေတာလဲ?"

"ခရီးသွားချင်လို့။"

ရှောင်အိုက်က သူ့ပခုံးကို ပုတ်ကာ

"ကစ်ဆင်ဆွဲဖို့ပဲတွေးမနေနဲ့၊ အလုပ်ပဲကြိုးစားစမ်းပါ။"

စတူဒီယိုတံခါးပွင့်လာတော့ ရှောင်အိုက် ခေါင်းလှည့်ကြည့်လိုက်ပြီး အသံနှိမ့်ကာပြောသည်

"အိုး၊ ချောရက်လိုက်တာ ဘယ်သူများပါလိမ့်။ Adi၊ ကြည့်ပါဦး၊ လုံးဝကို နင့်typeကြီး။"

ဝမ်းရှောင်ဟွေး လှည့်ကြည့်လိုက်တော့၊ သူ ဟိုနေ့ကပွဲမှာတွေ့ခဲ့ရတဲ့လူ.....ရှောက်ချွင်

Additional Heritage [Myanmar Translation]Where stories live. Discover now