[Unicode]
[Sweetheart] Extra - 11
Chapter 117
လော့ယွဲ့တစ်ယောက် အိမ်ထဲရောက်တာနှင့် ရေချိုးခန်း တန်းပြေးတော့သည်။ ယောက်ယက်ခတ်နေတဲ့ စိတ်တို့ကို ပြန်တည်ငြိမ်စေဖို့ သူ ရေအေးအေး ချိုးချမှရမည်။ သူ အခု ဦးနှောက်ထဲရော နှလုံးသားလေးရော တကိုယ်လုံး တကိုယ်လုံး အပူချိန် တလှပ်လှပ်ရယ်...
ရေချိုးပြီးထွက်လာတော့ လော့ယွဲ့ စိတ်နည်းနည်းငြိမ်သွားပြီ။ သို့ပေသည့် စောနက အကြင်နာတစ်ပွင့်နှင့် ချင်ဇီကျောင်း သူ့ကို ပြောလာသည့် နှုတ်ထွက်စကားချိုမြမြတို့အား တွေးမိပါတော့ သူ့ပါးစုန့်လေးတွေဟာ ချက်ချင်းကိုပဲ ပူကျစ်လာပြန်ရော့သည်။
ထိုစဥ် ဝမ်းရှောင်ဟွေးက ဖုန်းပြန်ခေါ်လာသည်။ သူပို့ထားသည့်စာကို တွေ့ပြီး ခေါ်လာတာဖြစ်လိမ့်မည်။
လော့ယွဲ့ ဖုန်းကိုင်လိုက်တာနှင့် ဝမ်းရှောင်ဟွေး၏ ပူညံပူညံသံတို့ စီထွက်လာ၏... "အရူးလေးရဲ့... ငါ့မှာတော့ သူ့ ခေါင်းခေါက်ရွေးရအောင် အဆင်စုံ မ,ချလာလိုက်ရတာ၊ အဓိကဇာတ်ဆောင်က ပေါ်မလာဘူး... ယီးလိုပဲ!"
"ပေါင်ပေ့... ငါပြောတာလေး နားထောင်... နားထောင်... နားထောင်!!!" လော့ယွဲ့တစ်ယောက် ဝမ်းသာပီတိ ဖြာဖြာဝေရင်း မွှေ့ရာပေါ် လူးလှိမ့်နေတော့၏... "ချင်ဇီကျောင်းလေ... သူ... ငါ...ငါတို့ နမ်းခဲ့တယ်"
ဖုန်းတစ်ဖက်မှာ နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားတော့၏... ပြီးမှ ဝမ်းရှောင်ဟွေး၏ မယုံကြည်နိုင်သော အာမေဋိတ်သံကြီး ထထွက်လာသည် "ဘာရယ်?!"
"ငါလည်း ဘယ်လိုတွေဖြစ်ကုန်တယ် သိတော့ဘူး၊ ဘာပဲဖြစ်ဖြစ်..." လော့ယွဲ့ ပူတက်လာသည့်မျက်နှာငယ်ကို ရှက်ရှက်နှင့် အုပ်လို့... "ဘာပဲဖြစ်ဖြစ်... သူ ငါနဲ့ တွဲကြည့်ချင်တယ်လို့ ပြောလာတယ်။ ငါ ဘာလုပ်သင့်လဲ ပေါင်ပေ့... ငါ အရမ်း ပျော်တာပဲ။ ဒီညတော့ အိပ်ပျော်မှာမဟုတ်ဘူး၊ သေချာတယ်"
"ဘယ်လိုတောင် အပြောင်းအလဲမြန်တာလားဟေ... သူပဲ အရင်က မတရားတွေ ခါးခါးသီးသီးဖြစ်နေပြီး"