Birthday event for the precious one [အလှူစာရင်း]

3.7K 189 26
                                    


[Unicode]

ဟိုင်း... Happy Luo Yi Day ပါ ~~

Riley ဒီနှစ် သူ့မွေးနေ့အတွက် ပြင်ဆင်ထားဖြစ်တာလေးတွေက နည်းနည်း များတယ်ရယ်။ လှူဒါန်းထားဖြစ်တာလေးတွေကို အများနဲ့အတူမျှဝေရင်း သဒ္ဒါပွားရစေချင်လို့ တဆိတ်လောက် မျှဝေပါရစေ

Riley ဒီနှစ် သူ့မွေးနေ့အတွက် ပြင်ဆင်ထားဖြစ်တာလေးတွေက နည်းနည်း များတယ်ရယ်။ လှူဒါန်းထားဖြစ်တာလေးတွေကို အများနဲ့အတူမျှဝေရင်း သဒ္ဒါပွားရစေချင်လို့ တဆိတ်လောက် မျှဝေပါရစေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

1) Riley တို့ မိသားစုက နှစ်တိုင်း ဘုံကထိန် ခင်းဖြစ်လေ့ရှိတယ်... များသောအားဖြင့်ပေါ့နော်

အဲ့တာ... ဒီနှစ်တော့ ကထိန်ကို ဘုန်းကြီးကျောင်းမှာ မယူထားဖြစ်ဘဲ ပုဂံမှာ ကျောင်းရေစက်ချသွားရင်းနဲ့မှ အနီးနားက ကျန်ကျောင်းရှာပြီး ကထိန်လုပ်ဖြစ်မယ်ဆို အကြောင်းကြားတာနဲ့

Riley ရဲ့ ဘွားဘွားအတွက်ရယ် လော့ရိ့ မွေးနေ့အတွက်ရယ် ရည်ရွယ်ပြီး 'ထီး၊ ဖိနပ်၊ ယပ်၊ သင်္ကန်း၊ သပိတ်' ငါးမျိုး လှူဖြစ်ခဲ့ပါတယ်။

2) ဒုတိယတစ်ခုကတော့ ဟိုနေ့က ပြောထားသလိုပဲ မျက်မမြင်ကျောင်းမှာ လူတစ်ရာစာ နေ့လယ်စာတစ်နပ်အတွက် တာဝန်ယူဖြစ်ပါတယ်

"Luo Yi + Wen XiaoHui

မွေးနေ့အလှူ"

ဆိုပြီး... အဲ့အလယ်က အပေါင်းလေးရယ် မြန်မာအလှူတွေရဲ့ အလှူရှင်နာမည် ရေးထိုးဟန် ဒီလိုလေးကို ကြည့်ပြီး တစိမ့်စိမ့်နဲ့ ကြည်နူးရတယ်... တကယ် တကယ်၊ ဒီခံစားချက်လေးကို သိပ် သဘောကျမိပဲဗျာ

3) မျက်မမြင်ကျောင်းမှာ မျက်စဥ်းခပ်နေရတဲ့ ကလေးလေးတစ်ယောက်ရှိတာ၊ သူ့အတွက် အလှူငွေလိုတယ်ဆိုလို့ သက်သက် ငွေသား 20000 (နှစ်သောင်းကျပ်) လှူဒါန်းဖြစ်ပါတယ်

4) နောက်တစ်ခုကတော့ နေ့လယ်စာ ထမင်းအပြင်မှာ ဝေဖို့ မုန့်တချို့ အိမ်ကနေ သက်သက် ပြင်ဆင်သွားဖြစ်ပါတယ်။ မုန့်ငါးခုကို တစ်အိတ်ဆို အိတ်လေးတွေနဲ့ ထုပ်ပြီး ဝေခဲ့ပါတယ်။

Additional Heritage [Myanmar Translation]Where stories live. Discover now