Chapter 76

14.3K 2.5K 799
                                    


[Unicode]

Chapter 76


ဝမ်းရှောင်ဟွေး မျက်လုံးထဲတွင်တော့ လီရှော့နှင့် လီချိန်ရှို့တို့ အခြေအနေက ကောင်းကောင်းကြီး တိုးတက်လာသည်...

ဒါပေမဲ့ သူမထင်မထားခဲ့သည် တစ်ခု ဖြစ်ပျက်လာ၏... ရှောက်ချွင်က လီချိန်ရှို့အား အကြိမ်ကြိမ် လိုက်နှောင့်ယှက်နေပြီး သူတို့ ပျက်စဲခဲ့သည်ဆိုတာကို ဝန်မခံ။ နောက်ဆုံးမှာတော့ သူ့ဆီကိုပါ ဖုန်းဆက်လာပြီး လီချိန်ရှို့အကြောင်းနှင့်ပတ်သက်လို့ အတင်းအကျပ် မေးလာသည်။

ဝမ်းရှောင်ဟွေး သူ့ဆီက ဖုန်းကို လက်ခံရချိန်မှာ တကယ်ကိုပဲ မှင်တက်မိနေခဲ့သည်။ ရှောက်ချွင့်ပါးစပ်မှနေ သိသိသာသာကို ဟန်ကို့ထိန်းချုပ်နိုင်ခြင်းမရှိစွာ စိတ်မရှည်နေသောလေသံ ထွက်လာသည်ဆိုသည်က သူ့အတွက် တွေးကြည့်နိုင်ဖို့ပင် ခက်ခဲရသည်။ ရှောက်ချွင်က သူ့ကို အေးအေးဆေးဆေး၊ ဒါမှမဟုတ် ခပ် တင်တင်စီးစီး စတယ်ကြီးဖြင့်သာ ပြောလေ့ရှိသည်၊ ထို့ကြောင့် သူ့အတွက်တော့ ဖုန်းထဲကတင် စကားပြောရသည်ကိုပင်လျှင် ခံစားချက်က ပုံမှန်နှင့် ခြားနားစွာ...

သူ လီချိန်ရှို့ကို လီရှော့နှင့် မိတ်ဆက်ပေးခဲ့တာအတွက် ရှောက်ချွင်က သူ့ကို ပြဿနာအရင်းခံ အတာချချင်နေသည်ဆိုတာ တွေးမိတော့ သူ အထိတ်တလန့် ရှိရတော့သည်။ ဒါပေမဲ့ ရှောက်ချွင်က လီရှော့ရဲ့တည်ရှိမှုကို ဟိုးဟိုးအရင်တည်းက သိနှင့်ပြီးသားပုံ...

ကမ္ဘာကြီး ဘယ်လောက်ကျဥ်းလိုက်လဲဆို သူ မြို့တော်မှာတုန်းက သီးခြားစီ ဆုံခဲ့ရသည့် ဒီလူနှစ်ယောက်က ဖုန်ချန်ကို အတူရောက်လာ၊ ကျင်လည်နေဖြစ်ကြသည်တဲ့။ အဆုံးမှာ နှစ်ယောက်သားက ပတ်သက်လာရပေမဲ့ အချင်းချင်း ပြိုင်ဖက်တွေအနေဖြင့် တစ်ယောက်က တစ်ယောက်ကို အမဲဖျက်ချင်နေလေ၏။

ဝင်ပြီး ဖင်မယားသင့်ဘူးဆိုကာ ရှောက်ချွင့်ထံမှာ ရာဇာသံ ကြိမ်းခံရအပြီးမှာတော့ ဖုန်းတဖက်မှ တတူတူ မြည်သံနှင့်အတူ အချိန် အတော်ကြာထိ ဝမ်းရှောင်ဟွေး ကြက်သေသေ ကျန်နေခဲ့သည်...

Additional Heritage [Myanmar Translation]Where stories live. Discover now